Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းခရိုင် အမှတ်(၄)တပ်ရင်းမှ ရဲ​ဘော်ရဲလင်း​အောင်ရဲ့ စျာပန ​ဒေသခံအများအပြားလိုက်လံပို့​ဆောင်

ကျဆုံးသွားတဲ့ ရဲဘော်ရဲလင်းအောင်ကို အလေးနီပြုရင်း ၎င်းဆောင်ရွက်လက်စဖြစ်တဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖျတ်ချေမှုန်းရေး​ တာဝန်ကို ကျန်ရစ်သူ ရဲဘော်များကဆက်လက်ဆောင်ရွက်သွားမယ်လို့ ကတိသစ္စာပြုခဲ့ကြပါတယ်။

ရဲ​ဘော်ရဲလင်း​အောင် စျာပန
ရဲ​ဘော်ရဲလင်း​အောင် စျာပန

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ ရဲဘော်တစ်ဦးရဲ့နာရေးကို မနေ့က ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ရဲဘော်ရဲလင်းအောင်ရဲ့ စျာပနအခမ်းအနားကိုမေလ၃၀ရက်နေ့မှာ အခမ်းအနားနဲ့ ကောင်းမွန်စွာပြုလုပ်ခဲ့ပါတယ်။

၎င်းဟာ မေလ ၂၉ ရက်နေ့က မြောင်မြို့နယ်၊ တမဆေးကန် အရှေ့ရွာနဲ့ အနောက်ရွာကြားမှာ ဖြစ်ပွားခဲ့တဲ့ မီးတောက်တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရခြင်းဖြစ်ပါတယ်။

စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း – MSPDFမှကိုယ်ပိုင်အမှတ် – P12504 201 အာဇာနည်သူရဲကောင်း ရဲဘော်ရဲလင်းအောင်ဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူကာ မြင့်မြတ်စွာကျဆုံးခဲ့ရပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့ အကျိုးစီးပွားအတွက်တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ရတာကြောင့် မိသားစုနှင့်ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရကြောင်း စစ်ကိုင်းခရိုင်အမှတ်(၄) တပ်ရင်း- MSPDF က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျဆုံးသွားတဲ့ ရဲဘော်ရဲလင်းအောင်ကို အလေးနီပြုရင်း ၎င်းဆောင်ရွက်လက်စဖြစ်တဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖျတ်ချေမှုန်းရေး​ တာဝန်ကို ကျန်ရစ်သူ ရဲဘော်များကဆက်လက်ဆောင်ရွက်သွားမယ်လို့ ကတိသစ္စာပြုခဲ့ကြပါတယ်။

မြောင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ​ကျေးရွာအမြောက်အများကို မီးရှို့ဖျက်ဆီးနေပြီး လေကြောင်းပစ်ခတ်မှုတွေပါ လုပ်ဆောင်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။