စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ ရဲဘော်တစ်ဦးရဲ့နာရေးကို မနေ့က ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
ရဲဘော်ရဲလင်းအောင်ရဲ့ စျာပနအခမ်းအနားကိုမေလ၃၀ရက်နေ့မှာ အခမ်းအနားနဲ့ ကောင်းမွန်စွာပြုလုပ်ခဲ့ပါတယ်။
၎င်းဟာ မေလ ၂၉ ရက်နေ့က မြောင်မြို့နယ်၊ တမဆေးကန် အရှေ့ရွာနဲ့ အနောက်ရွာကြားမှာ ဖြစ်ပွားခဲ့တဲ့ မီးတောက်တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရခြင်းဖြစ်ပါတယ်။





စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း – MSPDFမှကိုယ်ပိုင်အမှတ် – P12504 201 အာဇာနည်သူရဲကောင်း ရဲဘော်ရဲလင်းအောင်ဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူကာ မြင့်မြတ်စွာကျဆုံးခဲ့ရပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့ အကျိုးစီးပွားအတွက်တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ရတာကြောင့် မိသားစုနှင့်ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရကြောင်း စစ်ကိုင်းခရိုင်အမှတ်(၄) တပ်ရင်း- MSPDF က ပြောပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်ရဲလင်းအောင်ကို အလေးနီပြုရင်း ၎င်းဆောင်ရွက်လက်စဖြစ်တဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖျတ်ချေမှုန်းရေး တာဝန်ကို ကျန်ရစ်သူ ရဲဘော်များကဆက်လက်ဆောင်ရွက်သွားမယ်လို့ ကတိသစ္စာပြုခဲ့ကြပါတယ်။
မြောင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ကျေးရွာအမြောက်အများကို မီးရှို့ဖျက်ဆီးနေပြီး လေကြောင်းပစ်ခတ်မှုတွေပါ လုပ်ဆောင်နေပါတယ်။
