Connect with us

Hi, what are you looking for?

သတင်း

သက်သေအဖြစ်ထွက်ဆိုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို မောင်ဝိတ်ထိုင်ကန်တော့

ဒီနေ့တရားခွင်မှာတော့ အဲဒီအမေရိကန်ဒေါ်လာ ငါးသိန်းခွဲဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်အတွက်အလှူငွေသာဖြစ်ပြီး မိမိဆန္ဒအရ လှူဒါန်းတာလို့ မောင်ဝိတ်က ထွက်ဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

အဂတိအမှုနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို စစ်ကောင်စီက တရားစွဲထားတဲ့အမှုမှာ တရားလိုပြသက်သေအဖြစ် စီးပွားရေးလုပ်ငန်းရှင်မောင်ဝိတ်ဟာ ဒီနေ့တရားခွင်မှာ လာရောက်ထွက်ဆိုသွားပါတယ်။

သက်သေထွက်ဆိုအပြီးမှာ မောင်ဝိတ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်ကန်တော့သွားတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေသိရပါတယ်။

ထွက်ဆိုချက်တွေဟာစစ်ကောင်စီက ထုတ်လွှင့်ဖူးတဲ့ ရုပ်သံဖိုင်ထဲက အတိုင်းဖြစ်တယ်လို့ သိရပါတယ်။

စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်မောင်ဝိတ် ဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်တွေအတွင်းဒေါ်အောင်ဆန်းစုကြည် ကို လေးကြိမ်တိုင် တွေ့ဆုံရာမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အလှူငွေ ကို စက္ကူအိတ်အတွင်း ဒေါ်လာတွေထည့်ပြီး စုစုပေါင်းဒေါ်လာငါးသိန်းခွဲလှူဒါန်းဖူးတယ်လို့ထွက်ဆိုထားတာပါ။

Public Service Announcement

Public Service Announcement

ဒီထွက်ဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည် ကို လာဘ်စားတယ်ဆိုကာ အဂတိပုဒ်မနဲ့ တရားစွဲခဲ့တာပါ။

ဒီနေ့တရားခွင်မှာတော့ အဲဒီအမေရိကန်ဒေါ်လာ ငါးသိန်းခွဲဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်အတွက်အလှူငွေသာဖြစ်ပြီး မိမိဆန္ဒအရ လှူဒါန်းတာလို့ မောင်ဝိတ်က ထွက်ဆိုခဲ့ပါတယ်။

မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကိုလည်း ဘန်ကောက်မှာ ဆေးကုသစဉ် ဆေးကုသဖို့အလှူငွေ လှူဒါန်းဖူးတယ်ဆိုတဲ့ မောင်ဝိတ်ရဲ့ထွက်ဆိုချက်အရ စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်ကိုအဂတိမှုနဲ့တရားစွဲထားတာရှိပါတယ်။

အဲဒီအမှုအတွက် တရားခွင်မှာသက်သေသွားရောက်ထွက်ဆိုချိန် မောင်ဝိတ်ဟာ ဒေါက်တာဇော်မြင့်မောင်ကို ထိုင်ကန်တော့ခဲ့ပါသေးတယ်။​​

စစ်​ကောင်စီရဲ့တရာလိုပြသက်​သေအဖြစ်ထွက်ချက်​ပေးတဲ့ ​မောင်ဝိတ်ကို ​ဒေါက်တာ​ဇော်မြင့်​မောင်က “ကျမ်းဆိုတာ စူးတတ်တယ်။ သံသရာအထိခံရမှာ ကိုယ့်လူ” လို့​ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။