Connect with us

Hi, what are you looking for?

သတင်း

သံတောင်မြောက်ပိုင်း(အထူးဒေသ) Non CDM တွေကို သတိပေးစာထုတ်

သံတောင်မြောက်ပိုင်း(အထူးဒေသ)နယ်မြေအတွင်းမှာ ဘယ် Non CDM ဝန်ထမ်းတွေမဆို ရပ်တည်နေထိုင်ခွင့်ပြုမှာမဟုတ်ပဲ ဒီကြေငြာချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ Non CDM ဝန်ထမ်းတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး သက်ဆိုင်သူရဲ့တာဝန်သာဖြစ်တယ်လို့ သံတောင်မြောက်ပိုင်း(အထူးဒေသ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားပါတယ်။

သံတောင်မြောက်ပိုင်း(အထူးဒေသ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
သံတောင်မြောက်ပိုင်း(အထူးဒေသ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

သံတောင်မြောက်ပိုင်း(အထူးဒေသ) နယ်မြေအတွင်းမှာရှိတဲ့ Non CDM ဝန်ထမ်းတွေအနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်းဖက်သတ်ဖြတ် လုယက်မီးရှို့နေတဲ့ စစ်ကောင်စီယန္တရားပြန်လည်လည်ပတ်ရေးမှာ ပါဝင်ပတ်သက်လုပ်ဆောင်ခြင်းမပြုကြဖို့ သံတောင်မြောက်ပိုင်း(အထူးဒေသ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့မေလ ၃၁ ရက်ရက်စွဲနဲ့ ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။

သံတောင်မြောက်ပိုင်း(အထူးဒေသ)နယ်မြေအတွင်းမှာ ဘယ် Non CDM ဝန်ထမ်းတွေမဆို ရပ်တည်နေထိုင်ခွင့်ပြုမှာမဟုတ်ပဲ ဒီကြေငြာချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ Non CDM ဝန်ထမ်းတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး သက်ဆိုင်သူရဲ့တာဝန်သာဖြစ်တယ်လို့ သံတောင်မြောက်ပိုင်း(အထူးဒေသ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားပါတယ်။

Non CDM သတိပေးစာ
Non CDM သတိပေးစာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သံတောင်မြောက်ပိုင်း(အထူးဒေသ)အပါအဝင် မြန်မာနိုင်ငံအဝှမ်းမှာ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ CDM ပြုလုပ်မှုကြောင့် စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရား အင်အားချိနဲ့စေဖို့ အဟန့်အတား ပြုလုပ်တားနိုင်ဆဲကာလဖြစ်တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

အခုအခါ အင်အားချိနဲ့လာတဲ့ စစ်ကောင်စီဟာ သူ့ရဲ့ထောက်တိုင်တွေဖြစ်တဲ့ Non CDM လခစား ဌာနဆိုင်ရာဝန်ထမ်းအချို့ကို အသုံးပြုပြီး စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ရေးအတွက် စာသင်ကျောင်းတွေဖွင့်လှစ်စေတာ၊ ကျောင်းသားကျောင်းသူတွေ ပြန်လည်ကျောင်းအပ်နှံစေတာတွေကို အဓမ္မဖိအားပေး ဆောင်ရွက်လျက်ရှိကြောင်း ကြားသိရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

အဲ့ဒီအတွက် သံတောင်မြောက်ပိုင်း(အထူးဒေသ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားပါတယ် အခုလို အသိပေးကြေငြာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတဲ့ ပဲခူးတိုင်းအနောက်ပိုင်း ကြို့ပင်ကောက်မြို့နယ်မှာ ရွေးကောက်ပွဲ ကို ဝန်ထမ်းတွေအနေနဲ့ ကြိုတင်မဲပေးဖို့ စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ဒေသခံဝန်ထမ်းတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းက Non-CDM ဝန်ထမ်းတွေကို ရွေးကောက်ပွဲသင်တန်း တက်ခိုင်းနေပြီး သင်တန်းမတက်ချင်လို့ ဝန်ထမ်းတွေကြား သဘောထားကွဲလွဲတာတွေ ဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်းက မြို့နယ်တွေမှာ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲအတွက်ဆိုပြီး Non CDM ဝန်ထမ်းတွေမဲနှိုက်ပြီးသင်တန်းတက်ခိုင်း​နေကြောင်းသတင်းရရှိပါတယ်။