Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက တက်ခိုင်းတဲ့ ရွေးကောက်ပွဲသင်တန်းကို မတက်ချင်လို့ Non-CDM ဝန်ထမ်းတွေကြား ပြဿနာတက်နေ

စစ်ကောင်စီက ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းက Non-CDM ဝန်ထမ်းတွေကို ရွေးကောက်ပွဲသင်တန်း တက်ခိုင်းနေပြီး သင်တန်းမတက်ချင်လို့ ဝန်ထမ်းတွေကြား သဘောထားကွဲလွဲတာတွေ ဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။

စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ဝန်ထမ်းတွေကို အီလက်ထရောနစ်စနစ်နဲ့ မဲပေးပုံ သင်ပြနေစဉ်။ ဓာတ်ပုံ-စကစ

ဇူလိုင်-၁၄၊ ၂၀၂၅။ မေရီ/People’s Spring

စစ်ကောင်စီက ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းက Non-CDM ဝန်ထမ်းတွေကို ရွေးကောက်ပွဲသင်တန်း တက်ခိုင်းနေပြီး သင်တန်းမတက်ချင်လို့ ဝန်ထမ်းတွေကြား သဘောထားကွဲလွဲတာတွေ ဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။

ဇူလိုင်လ ပထမပတ်ကစပြီး စစ်ကောင်စီက ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းက Non-CDM ဝန်ထမ်းတွေကို ရွေးကောက်ပွဲအတွက် သင်တန်းတွေ ပေးနေပါတယ်။

အဲဒီသင်တန်းကို ဝန်ထမ်းတွေထဲ မတက်ချင်သူတွေများနေတာကြောင့် မဲနှိုက်နေရပြီး ရာထူးအဆင့်အလိုက် အောက်က လူကို အစားထိုးတာ၊မနူးမနပ်အသစ်ဝင်လာသူ၊ အသစ်ပြောင်းလာသူကို အစားထိုးထည့်တာတွေပါ ပြုလုပ်နေကြောင်း စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကြည့်မြင်တိုင်မှာဆို ဌာနတခု ၂သီးစား ဦးစီးအရာရှိ ဘောမ ဒေါ်စိန်အေးကျောင်းဆင်း တယောက်ဆို ထွေ/အုပ်ကဖုန်းခေါ်ရင်မကိုင်တာ၊ နံပါတ်တလွဲပေးတာ၊စက်ပိတ်ထားတာ၊သု့ရုံးက တယောက်ယောက်ကခေါ်ပေးရင် ပြဿနာရှာ၊ရန်ရှာတာတွေလုပ်ပါတယ်။ အရာရှိဖြစ်ပြီးကျင့်ဝတ်သိက္ခာ ကင်းမဲ့တာကိုပြပါတယ်။”လို့ ဝန်ထမ်းလောကနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

သင်တန်းတက်နေရတဲ့ ဌာနတွေရဲ့အမည်စာရင်းကိုတော့ လူထုနွေဦးက မသိရသေးပါဘူး။

“ဆမရထားတဲ့( ကျန်းမာရေးဝန်ထမ်း)တွေရောမဲနှိုက်ပြီး တက်ခိုင်းနေတာ”လို့ ဝန်ထမ်းတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဧရာဝတီတိုင်း၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့မှာတော့ ရွေးကောက်ပွဲသင်တန်းအတွက် အခြေခံပညာကျောင်းတွေက ဆရာဆရာမတွေအပါအဝင် Non-CDM ဝန်ထမ်း(၈၀၀)ဦးအထိ တောင်းထားပြီး တစ်နေ့ လူတစ်ရာနှုန်းနဲ့ သင်တန်း ၈ ရက် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အထောက်အကူပေးနေတဲ့ Non-CDM ဝန်ထမ်းတွေကို သတင်းပေးကြဖို့ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ Wundwin Township Revolution Force အဖွဲ့က အသိပေးထားပါတယ်။

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို မပူးပေါင်းကြဖို့ တော်လှန်ရေးအဖွဲ့အစည်းတွေက သတိပေးထားပြီး ဇူလိုင် ၁၁ ရက် ညကလည်း ရွေးကောက်ပွဲအတွက်ပြင်နေတဲ့ မြောက်ဥက္ကာလာပ ပြည်ခိုင်ဖြိုးရုံးကို​တော်လှန်​ရေးနှစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။