Connect with us

Hi, what are you looking for?

သတင်း

KIA နှင့် MNDAA တပ်စွဲရာနေရာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးပေါ်ဒေသ၌ ယမန်နေ့ မေလ ၃၁ရက် မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ ၁နာရီနီးပါးကြာခဲ့သည်ဟုဆိုသည်။

KIAနှင့် MNDAAတပ်စွဲရာနေရာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုရှိ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကိုးကန့်တပ်မတော်(MNDAA)တို့ တပ်စွဲရာနေရာသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိကြောင်း MNDAAတပ်မှ ကိုရန်ရန်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးပေါ်ဒေသ၌ ယမန်နေ့ မေလ ၃၁ရက် မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ ၁နာရီနီးပါးကြာခဲ့သည်ဟုဆိုသည်။

Public Service Announcement

“ မနေ့က ဖြစ်တာက တာမုန်းပေါ်တောင် အနောက်ဘက်ခြမ်းပေါ့။ အဲဒီမှာ စစ်ကောင်စီက ကျွန်တော်တို့နဲ့ မဟာမိတ် အဖွဲ့ KIA တပ်တည်တဲ့နေရာကို သူတို့က ထိုးစစ်ဆင်ဖို့ ချီတက်လာတာ။ သူတို့ ချီတက်လာတာ သတင်းရရှိပြီးတဲ့နောက်မှာ ကျွန်တော်တို့ တပ်ဖွဲ့အနေနဲ့လည်း သွားရောက်ပြီးတော့ ကြားဖြတ်တိုက်ခိုက်တယ်” ဟု ကိုရန်ရန်က ပြောသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိသော်လည်း အရေအတွက်အတိအကျ မသိရသေးဟု ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ရက်ပိုင်းက ရှမ်းမြောက် မူဆယ်ခရိုင်၌ တိုက်ပွဲများ အနည်းငယ်တည်ငြိမ်ခဲ့သော်လည်း ယခု စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဆက်ဖြစ်မည်ဟု မြင်ကြောင်း MNDAA မှ ကိုရန်ရန်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။