Connect with us

Hi, what are you looking for?

သတင်း

လှည်းတန်းလမ်း​ဘေး​စျေးသည်များကို စစ်​ကောင်စီက ​ရောင်းချခွင့်ပိတ်ပင်တားမြစ်

စစ်ကောင်စီအဖွဲ့များပြန်သွားချိန်တွင် ညနေပိုင်း၌ ရောင်းချရန် ပြင်ဆင်ထားသည့် လမ်းဘေးသည်များက ဆိုင်များခင်းခဲ့သော်လည်း ညနေ ၆နာရီအချိန်ခန့်တွင် စစ်ကောင်စီများ ပြန်လည်ရောက်ရှိလာသည်၍ အနီးရှိလမ်းကြားများထဲသို့ ဝင်ပြေးခဲ့ရသည်ဟု ဆိုသည်။

လှည်းတန်းလမ်း​ဘေး​စျေးသည်များကို စစ်​ကောင်စီက ​ရောင်းချခွင့်ပိတ်ပင်တားမြစ်
လှည်းတန်းလမ်း​ဘေး​စျေးသည်များကို စစ်​ကောင်စီက ​ရောင်းချခွင့်ပိတ်ပင်တားမြစ်

အာဏာသိမ်းစစ်‌ကောင်စီက ‌ရန်ကုန်မြို့ လှည်းတန်းဝန်းကျင်ရှိ လမ်းဘေး‌ဈေးသည်များအား ​ရောင်းချခွင့်ပိတ်ပင်တားမြစ်သောကြောင့် ယနေ့ညနေပိုင်းရောင်းချရန် ပြင်ဆင်ထားသူများ အခက်တွေ့ခဲ့သည်။

‌ဇွန်လ၂ ရက် ညနေတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်များကိုင်ဆောင်၍ လမ်းဘေးဈေးဆိုင်များကို မဖွင့်ရန် အင်အားသုံးခြိမ်းခြောက်တားဆီးခဲ့သည်။

“မနက်ဖြန်ကစပြီး လမ်းဘေးဆိုင်တွေမဖွင့်ရတော့ဘူးတဲ့။ အရင်လို လမ်းကြားတွေထဲမှာတောင် မဖွင့်ရဘူးတဲ့” ဟု စည်ပင် နှင့်စစ်ကောင်စီ များလာရောက်ပြောကြားသွားသည့်အကြောင်းကို ဈေးသည် အမျိုးသားတစ်ဦးကပြောသည်။

လှည်းတန်းလမ်း​ဘေး​စျေးသည်များကို စစ်​ကောင်စီက ​ရောင်းချခွင့်ပိတ်ပင်တားမြစ်
လှည်းတန်းလမ်း​ဘေး​စျေးသည်များကို စစ်​ကောင်စီက ​ရောင်းချခွင့်ပိတ်ပင်တားမြစ်

စစ်ကောင်စီအဖွဲ့များပြန်သွားချိန်တွင် ညနေပိုင်း၌ ရောင်းချရန် ပြင်ဆင်ထားသည့် လမ်းဘေးသည်များက ဆိုင်များခင်းခဲ့သော်လည်း ညနေ ၆နာရီအချိန်ခန့်တွင် စစ်ကောင်စီများ ပြန်လည်ရောက်ရှိလာသည်၍ အနီးရှိလမ်းကြားများထဲသို့ ဝင်ပြေးခဲ့ရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ပထမတစ်ခေါက်တုန်းက မနက်ဖြန်ဆိုပြီး နောက်တစ်ခေါက်လာတော့ မမြင်ချင်ဘူးဆိုပြီး အကုန်တန်းသိမ်းခိုင်းတာ”ဟု ဈေးသည်တစ်ဦးက ပြောသည်။

ယခင်က လမ်းဘေးဈေးသည်များကို ပိတ်သိမ်းခိုင်းပါက အင်းစိန်လမ်းမပေါ်မှ ဈေးသည်များကိုသာ ဖိအားပေးလေ့ရှိသော်လည်း ယခုတစ်ကြိမ်၌ လှည်းတန်းလမ်းမအပါအဝင် လှည်းတန်းဈေးအတွင်း၌လည်း ခွင့်မပြုကြောင်း ဈေးသည်များက ပြောသည်။

လှည်းတန်းလမ်း​ဘေး​စျေးသည်များကို စစ်​ကောင်စီက ​ရောင်းချခွင့်ပိတ်ပင်တားမြစ်
လှည်းတန်းလမ်း​ဘေး​စျေးသည်များကို စစ်​ကောင်စီက ​ရောင်းချခွင့်ပိတ်ပင်တားမြစ်

“ပလက်ဖောင်းပေါ်ကိုရောက်တာနဲ့ သိမ်းမယ်လို့ ခြိမ်း ခြောက်သွားတယ်”ဟု လှည်းတန်းဈေးမှ ဈေးရောင်းသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက လှည်းတန်း‌ဈေး‌အတွင်း၌ ကားတစ်စီးက လမ်းဘေးဈေးဆိုင်များကို တိုက်မိခဲ့သော ကြောင့် ပြဿနာဖြစ်ခဲ့ဖူးပြီး ယင်းကားမောင်းလာသူမှာ စစ်​ကောင်စီတပ်မှ အရာရှိဖြစ်ကာ ၎င်းက မကျေနပ်၍ တိုင်းအဆင့်အထိ တိုင်ကြားသောကြောင့် လမ်းဘေးဈေးဆိုင်များကို ပစ်မှတ်ထားခြင်းဖြစ်နိုင်ကြောင်း ဈေးသည်တစ်ဦးက ပြောသည်။

“ကြုံတုန်း အကုန်ရောချတာဖြစ်မှာ”ဟု အထက်ပါဈေးသည်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။