Connect with us

Hi, what are you looking for?

သတင်း

ကျက်ထိုးနယ်မြေ ရဲကင်းစခန်းမှ ရဲတပ်သား ကိုဖြိုးမင်း​အောင် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDM ပြုလုပ်

ပြည်သူ့ရင်ခွင်သို့ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ခိုလှုံလာသော ပြည်သူ့ ရဲတပ်သားကိုဖြိုးမင်းအောင်ကို MVRFက ကျပ် သိန်းတစ်ရာတိတိ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ပြည်သူ့ရင်ခွင်အဖွဲ့
ပြည်သူ့ရင်ခွင်အဖွဲ့

▪️ကျပ်သိန်း ၁၀၀ ဂုဏ်ပြုချီးမြှင့်

မကွေးတိုင်း၊ ကမ္မမြို့နယ် ကျက်ထိုးနယ်မြေ ရဲကင်း စခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDM ပြုလုပ်လာကြောင်း မြိုင်မြို့နယ် ကျေးရွာများတော်လှန်ရေးတပ်ဦး – MVRFက ယနေ့(ဇွန် ၄ ရက်) ထုတ်ပြန်သည်။

ပြည်သူ့ရင်ခွင်အဖွဲ့
ပြည်သူ့ရင်ခွင်အဖွဲ့

ကျက်ထိုး ရဲကင်းစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သားကိုဖြိုးမင်းအောင် ကိုယ်ပိုင်အမှတ် လ -၂၇၇၃၁၇သည် ပြည်သူ့ဘက်သို့ ယူဆောင်လာသော ပစ္စည်းများမှာ G3 အမျိုးအစားသေနတ် ၁ လက်၊ကျည်ဘောက် ၂ ခု၊ ကျည် ၁၀၉တောင့် တိတိပါရှိသည်ဟု ဆိုသည်။

ပြည်သူ့ရင်ခွင်သို့ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ခိုလှုံလာသော ပြည်သူ့ ရဲတပ်သားကိုဖြိုးမင်းအောင်ကို MVRFက ကျပ် သိန်းတစ်ရာတိတိ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ရင်ခွင်အဖွဲ့
ပြည်သူ့ရင်ခွင်အဖွဲ့

အကြမ်းဖက်စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆက်လက်တာဝန် မထမ်းဆောင်လိုသည့်အတွက် CDM ပြုလုပ်လာသည့် ရဲ နှင့်စစ်သား တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော်ရှိကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

ဆောင်းပါး

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"