Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်တိုက်ပွဲဖမ်းမိသူတွေအပါအဝင် အောက်တိုဘာ ပထမပတ်မှာ အလင်းဝင်နဲ့ သုံ့ပန်း တပ်သား ၂၂ဦးရှိ

ပြည်သူ့ပန်းတိုင်က အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ စစ်ကောင်စီရဲ့ “ပြေးဟပရောဂျက် ယခုတစ်ပတ်” အစီအစဉ်ကို ဒီကနေ့ အောက်တိုဘာ ၁၂ရက်မှာ ထုတ်ပြန်ခဲ့ရာ အောက်တိုဘာ ပထမပတ်အတွင်း အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၂ဦး ရှိတယ်လို့ အသိပေးပါတယ်။

(ဓာတ်ပုံ - ကျင်ဒွေးမြို့ မဆာတွီတိုက်ပွဲအတွင်း ချင်းတော်လှန်ရေးတပ်တွေ သိမ်းဆည်းရတဲ့ လက်နက်တွေ)

အောက်တိုဘာ ၁၂၊ ၂၀၂၆။ထားမြတ်/People’s Spring

ပြည်သူ့ပန်းတိုင်က အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ စစ်ကောင်စီရဲ့ “ပြေးဟပရောဂျက် ယခုတစ်ပတ်” အစီအစဉ်ကို ဒီကနေ့ အောက်တိုဘာ ၁၂ရက်မှာ ထုတ်ပြန်ခဲ့ရာ အောက်တိုဘာ ပထမပတ်အတွင်း အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၂ဦး ရှိတယ်လို့ အသိပေးပါတယ်။

အောက်တိုဘာပထမပတ်အတွင်းမှာ အလင်းဝင်လာသူ စစ်သား ၅ဦးရှိပြီး စစ်သုံ့ပန်းအဖြစ်ဖမ်းမိခဲ့တဲ့ စစ်ကောင်စီ တပ်သား ၁၇ဦးရှိတယ်လို့ ဆိုပါတယ်။

ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်သား ၁၇ဦးဟာ ချင်းပြည်နယ် တိုက်ပွဲမှာ ဖမ်းမိခဲ့တာဖြစ်ပြီး အဲဒီ ထဲက ၁၆ဦးဟာ စစ်မှုထမ်း တပ်သားသစ်တွေလို့ ဖော်ပြထားပါတယ်။တိုက်ပွဲဖြစ်ပွားရာ ဖြစ်စဉ်အခြေအနေ အသေးစိတ်တွေ ဖော်ပြထားတာတော့ မရှိပါဘူး။

Public Service Announcement

Public Service Announcement

လတ်တလော ချင်းပြည်နယ်မှာ ချင်းတောင်ပိုင်း ဒေသတွေမှာ စစ်ကောင်စီနဲ့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပါတယ်။ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထိန်းချုပ်ထားတဲ့ မင်းတပ်၊ ကန်ပက်လက်ဒေသတွေပြန်ရဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလဆန်းမှာ ကန်ပက်လက်မြို့နယ် ကျင်ဒွေးဒေသကို စစ်မျက်နှာသစ်ထပ်တိုး ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်တွေရှိခဲ့ပါတယ်။ ကျင်ဒွေးမြို့နယ် မဆွာတွီရွာ အောက်တိုဘာပထမပတ် တိုက်ပွဲမှာ စစ်ကောင်စီတပ်က ၃၀ကျော်သေဆုံးကာ သုံ့ပန်းတွေ ဖမ်းမိတာရှိတယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က အသိပေးထားပါတယ်။ ချင်းတပ် CPU/CPA ကတော့ တရားဝင်သတင်းထုတ်ပြန်တာမရှိသေးပေမဲ့ ကျင်ဒွေး မဆွာတွီရွာတိုက်ပွဲမှာ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေ ထွက်ပေါ်နေပါတယ်။

ပြည်သူ့ပန်းတိုင်ဟာ အခုလို အလင်းဝင်၊ သုံ့ပန်း တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို တော်လှန်ရေးအဖွဲ့အစည်းများ နဲ့ မီဒီယာများရဲ့ သတင်းဖော်ပြချက်တွေကနေ စုစည်းပြီး ပုံမှန် အသိပေးထုတ်ပြန်နေတာဖြစ်ပါတယ်။ ကောက်ယူထားတဲ့ စာရင်းတွေအရ ၂၀၂၅ ဇန်နဝါရီကနေ ၂၀၂၆ အောက်တိုဘာလ ပထမပတ် အထိ စစ်တပ်က အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၄၀၅၉ ဦးထိရှိခဲ့ကြောင်းလည်း ပြည်သူ့ပန်းတိုင်က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယနဲ့နယ်စပ်လမ်းကို ထိုးစစ်ဆင်ဖို့ဆိုပြီး ဝင်လာတဲ့ စစ်ကြောင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး လက်နက်ခဲယမ်းတွေ ယူဆောင် ထွက်ပြေးလာပြီး တမူးခရိုင် အမှတ်(၆)တပ်ရင်းထံ အလင်းဝင်လာပါတယ်။

သတင်း

စစ်တပ် ရုပ်အလောင်းတွေနဲ့ လက်နက်တွေ သိမ်းရ

သတင်း

မကွေးတိုင်း ၊ဂန့်ဂေါမြို့နယ်အခြေစိုက် အမှတ်(၅၀)ခြေလျင်တပ်ရင်း(ခလရ-၅၀ )က စစ်သား ၂ဦး လက်နက်တွေယူလာပြီး အလင်း၀င်လာတယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

Facebook