Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိနဲ့ တရားစွဲတဲ့ရဟတ်ယာဉ်အမှု သက်သေစာချုပ်ကို တရားလို မတင်ပြနိုင်သေး

သက်သေစာချုပ်ကိုပြီးခဲ့တဲ့မေလ ၃၀ ရက် ရုံးချိန်းမှာ တင်ပြဖို့သတ်မှတ်ခဲ့ပေမယ့် မတင်ပြနိုင်တာကြောင့် ဒီနေ့ ဇွန်လ ၆ ရက် ရုံးချိန်းကို ချိန်းဆိုခဲ့တာပါ။ ဒါပေမယ့် ဒီနေ့ ရုံးချိန်းမှာလည်း တရားလိုဘက်က မြန်မာပြန် စာချုပ်ကိုမတင်ပြနိုင်ခဲ့ဘူးလို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ရဟတ်ယာဉ်ကိစ္စနဲ့ပတ်သက်ပြီး အဂတိနဲ့ စစ်ကောင်စီက စွပ်စွဲထားတဲ့အမှုမှာ သက်သေဖြစ်တဲ့ စာချုပ် ကို ရုံးချိန်း ၂ ချိန်း ရှိလာသည့်တိုင် တရားလိုဘက်ကမတင်ပြနိုင်သေးဘူးလို့သိရပါတယ်။

မြန်မာလိုဘာသာပြန်ထားတဲ့စာချုပ်ကို တရားလို ဖြစ်တဲ့စစ်ကောင်စီ အဂတိကော်မရှင်က အရာရှိဟာ မတင်ပြနိုင်သေးတာလို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေသိရပါတယ်။

သက်သေစာချုပ်ကိုပြီးခဲ့တဲ့မေလ ၃၀ ရက် ရုံးချိန်းမှာ တင်ပြဖို့သတ်မှတ်ခဲ့ပေမယ့် မတင်ပြနိုင်တာကြောင့် ဒီနေ့ ဇွန်လ ၆ ရက် ရုံးချိန်းကို ချိန်းဆိုခဲ့တာပါ။ ဒါပေမယ့် ဒီနေ့ ရုံးချိန်းမှာလည်း တရားလိုဘက်က မြန်မာပြန် စာချုပ်ကိုမတင်ပြနိုင်ခဲ့ဘူးလို့သိရပါတယ်။

NLD အစိုးရလက်ထက်မှာ သဘာဝဘေးအန္တရာယ်အရေးအတွက် အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီးကို ဌားရမ်းတာနဲ့ အီတလီထုတ် ရဟတ်ယာဉ်တစ်စီးကို ဝယ်ယူခဲ့တာရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ရဟတ်ယာဉ်ဌားရမ်းရာမှာ စာချုပ်ပါ ဌားရမ်းနာရီမပြည့်ဘဲ ငွေအပြည့်ပေးချေတာ ၊ ရဟတ်ယာဉ်ဝယ်ယူရာမှာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနဲ့မကိုက်ညီတာတွေကြောင့် နိုင်ငံဘဏ္ဍာထိခိုက်တယ်ဆိုကာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် ၊သမ္မတ ဦးဝင်းမြင့် ၊လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို တရားစွဲတာဖြစ်ပါတယ်။

စွဲဆိုထားတဲ့ပုဒ်မဟာ ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ အဂတိပုဒ်မလည်းဖြစ်ပါတယ်။

ဓာတ်ပုံ − AFP

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။