Connect with us

Hi, what are you looking for?

သတင်း

စစ်ကျွန်ပညာရေးနှင့် စစ်အုပ်ချုပ်ရေးယန္တရားအား အသက်သွင်းရန်ကြိုးပမ်းမှုတွင် ပါဝင်သူများကို ပြင်းထန်စွာအရေးယူတော့မည်ဟု မတူပီCDF ကြေညာ

ချင်းပြည်နယ် မတူပီ မြို့ပေါ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီမှ ဖွင့်လှစ်သင်ကြားမည့် ပညာရေးတွင် ပူးပေါင်း ပါဝင်ပတ်သက်မှုမရှိစေရန် မတူပီမြို့နယ်ရှိ ပညာရေးဝန်ထမ်းများနှင့် မိဘပြည်သူများကို မတူပီ CDFက အသိပေးခဲ့ပြီးဖြစ်သည်ဟုဆိုသည်။

စစ်ကျွန်ပညာရေး
စစ်ကျွန်ပညာရေး

အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးနှင့် စစ်အုပ်ချုပ်ရေး ယန္တရားအား အသက်သွင်းရန် ကြိုးပမ်းမှုတွင် ပါဝင်ပတ်သက်ဆောင်ရွက်နေသော ဌာနဆိုင်ရာ Non-CDMers များနှင့် အားပေးအားမြောက်ပြုနေသူများကို ပြင်းထန်စွာ အရေးယူတော့မည်ဖြစ်ကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ထုတ်ပြန်သည်။

နိုင်ငံတော် အာဏာမတရား သိမ်းယူထားသည့် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက် စစ်ကောင်စီသည် ဇွန်လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းများဖွင့်လှစ်ပြီး စစ်ကောင်စီ အစိုးရ ယန္တရား လည်ပတ်နိုင်ရေး ဆောင်ရွက်နေသည့် အခြေအနေတွင် မတူပီ CDFက ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်။

စစ်ကျွန်ပညာရေး
စစ်ကျွန်ပညာရေး

ထိုသို့ အကြမ်းဖက်စစ်ကောင်စီမှ ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက်ဆောင်ရွက်မှုသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်သည်ဟု နိုင်ငံတကာအား ပြသရန်နှင့် တရားဝင်မှုရရှိနိုင်ရန် ကြိုးပမ်းမှုသာ ဖြစ်ကြောင်း ဖော်ပြထားသည်။

ချင်းပြည်နယ် မတူပီ မြို့ပေါ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီမှ ဖွင့်လှစ်သင်ကြားမည့် ပညာရေးတွင် ပူးပေါင်း ပါဝင်ပတ်သက်မှုမရှိစေရန် မတူပီမြို့နယ်ရှိ ပညာရေးဝန်ထမ်းများနှင့် မိဘပြည်သူများကို မတူပီ CDFက အသိပေးခဲ့ပြီးဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

သို့ရာတွင် တချို့သော ပညာရေးဝန်ထမ်းများသည် ကိုယ်ကျိုးတစ်ခုတည်းကိုသာ ကြည့်ပြီး အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းကာ စစ်ကောင်စီ ၏ ယန္တရား လည်ပတ်နိုင်ရေးအတွက် ကျောင်းသားမိဘများအား အမျိုးမျိုးခြိမ်းခြောက်ကာ ဆက်လက်ပညာသင်ကြားနေသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်သည်။

ယခုပညာသင်နှစ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဘုတ်အဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့သည် မိမိသားသမီးများ ပညာရေး နောက်ကျကျန်ခြင်းမရှိစေရန် ကျောင်းများဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေပြီးဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့ သားသမီးများကို အကြမ်းဖက် စစ်ကောင်စီမှ ဖွင့်လှစ်သည့် ကျောင်းများတွင် ကျောင်းအပ်နှံခြင်းမပြုဘဲ မြို့နယ်ပညာရေး ဘုတ်အဖွဲ့မှ ဦးစီးဖွင့်လှစ်သည့် ပြည်သူ့ကျောင်းများတွင်သာ ကျောင်းအပ်နှံကြရန် အသိပေးပန်ကြားလိုကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ဝက်လက်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်ကျွန်ပညာရေးဆန့်ကျင်ဖို့ နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ဖို့ အသိပညာပေးလှုပ်ရှားမှုတွေ ဒီကနေ့ (ဇွန် ၂) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်းကို ၂ပတ်အတွင်း အကြိမ် ၄၀ခန့် ဗုံးကြဲ

သတင်း

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းမြို့တွေ ဖြစ်တဲ့ မင်းတပ်နဲ့ မတူပီမြို့ကို လေကြောင်းက ဗုံးကြဲမှု ထပ်မံပြုလုပ်ခဲ့သလို မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုဒေသကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။