Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လက်​အောက်ခံ ZRAရဲ့ ကင်းစခန်းကို CDF တွန်းဇံသိမ်းပိုက်

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

(ချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံ က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − CJ)

ဩဂုတ်-၂၈၊၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

ဩဂုတ်၂၈ရက်မှာ ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲမှာ ZRA-ECတပ်ဖွဲ့ဘက်ကဒဏ်ရာရသူအများအပြားရှိခဲ့ပြီးထွက်ပြေးတိမ်းရှောင်သွားကြောင်းအသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“အဖြစ်အပျက်အလုံးစုံကို စစ်ကြောင်းမှူးမှ သတင်းအစုံအလင်မပေးပို့သေးသောကြောင်းသိမ်းပိုက်ရရှိသော ပစ္စည်းများအား မသိရှိသေးပါ” လို့ ထုတ်ပြန်ချက်မှာ​ဖော်ပြထားပါတယ်။

ZRA-EC ဟာအာဏာသိမ်းစစ်တပ်နဲ့ ပူး​ပေါင်းတွန်းဇံမြို့ကိုသိမ်းပိုက်ခဲ့တဲ့ အပြင်အပြစ်မရှိတဲ့ စစ်ဘေးရှောင် ရွာသားတဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့လို့ အခုလို တိုက်ခိုက်ခဲ့တာလို့လည်း CDF တွန်းဇံကအသိပေးထားပါတယ်။

CDFတွန်းဇံဟာ ချင်းပြည်ကောင်စီ အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီးမဟာမိတ်တွေနဲ့ ပူးပေါင်းကာ ၂၀၂၄ မေလမှာ တွန်းဇံမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၆ခုနှစ်မေလမှာစစ်တပ်က ZRAနဲ့ အတူ ပြန်လည်ထိုးစစ်ဆင်လာလို့ ချင်းတော်လှန်ရေးတပ်တွေက မြို့ကို ပြန်လက်လွှတ်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည် (Chinland) ကောင်စီအစုအဖွဲ့ဝင် မြို့နယ်နဲ့ ဒေသအဖွဲ့အစည်းများ ပထမအကြိမ် တွေ့ဆုံပွဲ ပြုလုပ်ပြီး စစ်ရေးနိုင်ငံရေးမှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)များရဲ့ အခန်းကဏ္ဍ မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံပွဲ သတင်းထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွားလမ်း လီဒိုလမ်းမတလျှောက်ရှိ ကျေးရွာအချို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာတွေမလုပ်ဖို့ စစ်တပ်လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ခြိမ်းခြောက်တားမြစ်ထားတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် တိုက်ပွဲမှာ စစ်တပ်နဲ့ လက်အောက်ခံ ဇိုမီးတပ်ဖွဲ့ ZRA တပ်ဖွဲ့ဝင် ၆ဦးသေဆုံးခဲ့ကြောင်း PDF ဇိုလဲန်း က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

စီးပွါးရေးသမားချင်း လူမှုရေးပြသနာဖြစ်ရာကနေ TikTok ဆယ်လီ ဇော်ဝင်းမောင်က ​မေလလယ်ပိုင်းမှာ မန္တလေးမြို့ခံ ပျူစောထီးတွေကိုခေါ်ပြီး မိုက်ကြေးခွဲ စိန်ခေါ်ပြခဲ့တဲ့ ရုပ်သံဖိုင်​​ကြောင့် မန္တ​လေးမြို့မှာ စစ်တပ်လက်​အောက်ခံပျူ​စောထီး​တွေ ဘယ်​​​လောက်​သောင်းကျန်း​နေတယ်ဆိုတာ လူအများအာရုံစိုက်စရာဖြစ်လာပါတယ်။

Trending

Facebook