Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ့အရေးဆွေးနွေးဖို့ ထိုင်းအပါအဝင် အာဆီယံနိုင်ငံအချို့ထံ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဒီနေ့စတင်သွားရောက်မယ်

ဒဲရစ်ချောလက်ရဲ့ခရီးစဉ်ဟာ ဇွန်လ ၇ ရက်ကနေ ဇွန်လ ၁၄ ရက်အထိကြာမြင့်မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့အိမ်နီးချင်း ထိုင်းနိုင်ငံ ၊ စင်ကာပူနဲ့ဘရူးနိုင်းနိုင်ငံတွေကိုသွားရောက်မှာပါ။

ဒဲရစ်ချောလက်
ဒဲရစ်ချောလက်

မြန်မာနိုင်ငံဒီမိုကရေစီပြန်လည်ရရှိဖို့နဲ့ အာဏာသိမ်းစစ်ကောင်စီ ကျုးလွန်တဲ့လုပ်ရပ်တွေကို တာဝန်ခံမှုရှိစေဖို့ မဟာမိတ် နိုင်ငံတွေနဲ့ ဆွေးနွေးဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်ဟာ ဒီနေ့ ကစတင်ပြီး အရှေ့တောင်အာရှခရီးစဉ်စတင်လိုက်ပါတယ်။

ဒဲရစ်ချောလက်ရဲ့ခရီးစဉ်ဟာ ဇွန်လ ၇ ရက်ကနေ ဇွန်လ ၁၄ ရက်အထိကြာမြင့်မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့အိမ်နီးချင်း ထိုင်းနိုင်ငံ ၊ စင်ကာပူနဲ့ဘရူးနိုင်းနိုင်ငံတွေကိုသွားရောက်မှာပါ။

ထိုင်းနိုင်ငံကိုတော့ ဒီနေ့မှာ ရောက်ရှိမှာဖြစ်တယ်လို့အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ခရီးစဉ်အတွင်းမှာ ပြီးခဲ့တဲ့ မေလအတွင်းက ဝါရှင်တန်ဒီစီမှာပြုလုပ်ခဲ့တဲ့ အမေရိကန် − အာဆီယံ ထိပ်သီးအစည်းအဝေး သဘောတူညီချက်တွေကိုအကောင်အထည်ဆက်လက်ဖော်ဆောင်နိုင်ဖို့ ဆွေးနွေးမှာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့နုတ်ထွက်မှုဟာ ဒုတိယ ဝန်ကြီးချုပ် ရာထူးအတွက် တခြားတစ်ဦးကို ခန့်အပ်နိုင်ဖို့ လမ်းဖွင့်ပေးတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

နိုင်ငံတကာ

မနှစ်တုန်းက ကမ္ဘာတလွှားမှာ အပူဒဏ်ပိမှုဟာ စံချိန်တင် အဆင့်ထိ မြင့်တက်လာပြီး ကုလသမဂ္ဂက အာရှရဲ့ အပူချိန်ဟာ ကြောက်ခမန်းလိလိ မြန်နှုန်းမျိုးနဲ့ မြင့်တက်လာနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...