Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးဆွေးနွေးဖို့ ထိုင်းအပါအဝင် အာဆီယံနိုင်ငံအချို့ထံ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဒီနေ့စတင်သွားရောက်မယ်

ဒဲရစ်ချောလက်ရဲ့ခရီးစဉ်ဟာ ဇွန်လ ၇ ရက်ကနေ ဇွန်လ ၁၄ ရက်အထိကြာမြင့်မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့အိမ်နီးချင်း ထိုင်းနိုင်ငံ ၊ စင်ကာပူနဲ့ဘရူးနိုင်းနိုင်ငံတွေကိုသွားရောက်မှာပါ။

ဒဲရစ်ချောလက်
ဒဲရစ်ချောလက်

မြန်မာနိုင်ငံဒီမိုကရေစီပြန်လည်ရရှိဖို့နဲ့ အာဏာသိမ်းစစ်ကောင်စီ ကျုးလွန်တဲ့လုပ်ရပ်တွေကို တာဝန်ခံမှုရှိစေဖို့ မဟာမိတ် နိုင်ငံတွေနဲ့ ဆွေးနွေးဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်ဟာ ဒီနေ့ ကစတင်ပြီး အရှေ့တောင်အာရှခရီးစဉ်စတင်လိုက်ပါတယ်။

ဒဲရစ်ချောလက်ရဲ့ခရီးစဉ်ဟာ ဇွန်လ ၇ ရက်ကနေ ဇွန်လ ၁၄ ရက်အထိကြာမြင့်မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့အိမ်နီးချင်း ထိုင်းနိုင်ငံ ၊ စင်ကာပူနဲ့ဘရူးနိုင်းနိုင်ငံတွေကိုသွားရောက်မှာပါ။

ထိုင်းနိုင်ငံကိုတော့ ဒီနေ့မှာ ရောက်ရှိမှာဖြစ်တယ်လို့အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ခရီးစဉ်အတွင်းမှာ ပြီးခဲ့တဲ့ မေလအတွင်းက ဝါရှင်တန်ဒီစီမှာပြုလုပ်ခဲ့တဲ့ အမေရိကန် − အာဆီယံ ထိပ်သီးအစည်းအဝေး သဘောတူညီချက်တွေကိုအကောင်အထည်ဆက်လက်ဖော်ဆောင်နိုင်ဖို့ ဆွေးနွေးမှာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။