Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်က​မေလတစ်လတည်း​နေအိမ်​ပေါင်း ၇၁၀၀ ​ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့

ခုခံတွန်းလှန်စစ်အား​ကောင်းတဲ့​ဒေသ​တွေကိုအကြမ်းဖက်စစ်တပ်က ရက်ရက်စက်စက်မီးရှို့ဖျက်ဆီး​​​နေတာဖြစ်ပြီး စစ်ကိုင်းတိုင်က​နေအိမ်အ​ဆောက်အအုံး​ပေါင်း ၁၃,၈၄၀ လုံးနဲအများဆုံးပါ။ မ​ကွေးတိုင်းက ၃၁၅၅ လုံးမီးရှို့ဖျက်ဆီးခံရပြီး ဒုတိယအများဆုံးဖြစ်ပါတယ်။

Data For Myanmar
Data For Myanmar

စစ်ကာင်စီတပ်က အာဏာသိမ်းပြီး​နောက်ပိုင်း ပြည်သူ​တွေရဲ့​နေအိမ်​တွေကိုမီးရှို့ဖျက်ဆီးခဲ့တာ ၂၀၂၂ ​မေလ၃၁ ရက်အထိ့ ၁၈,၈၈၆လုံးရှိ​နေပြီလို့ မီးရှို့ခံရတဲ့ ပြည်သူ့​နေအိမ်အချက်အလက်​တွေကို စုစည်း​ဖော်ပြ​ပေး​နေတဲ့ Data For Myanmar ကထုတ်ပြန်ပါတယ်။ နိုင်ငံတစ်ဝန်းရှိ​နေရာ​ပေါင်း ၄၃၅ ​နေရာက ​ဘာသာ​ရေးအ​ဆောက်အအုံ​တွေအပါအတင်နေအိမ်၊အ​ဆောက်အ​အုံ​ပေါင်း ၁၈,၈၈၆ လုံးကိုမီးတိုက်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ဆက်သွယ်​ရေးခက်ခဲတာ၊​မြေပြင်အချက်အလက်​​တွေရဖို့ခက်ခဲတာ​ကြောင့်အမှန်တစ်ကယ် မီးရှို့ခံရတဲ့အ​ခြေအ​နေက အခုထက်ပိုများနိုင်တယ်လို့လည်းသိရပါတယ်။

အထူးသဖြင့်ခုခံတွန်းလှန်စစ်အား​ကောင်းတဲ့​ဒေသ​တွေကိုအကြမ်းဖက်စစ်တပ်ကရက်ရက်စက်စက်မီးရှို့ဖျက်ဆီး​​​နေတာဖြစ်ပြီး စစ်ကိုင်းတိုင်က​နေအိမ်အ​ဆောက်အအုံး​ပေါင်း ၁၃,၈၄၀ လုံးနဲအများဆုံးပါ။ မ​ကွေးတိုင်းက ၃၁၅၅ လုံးမီးရှို့ဖျက်ဆီးခံရပြီး ဒုတိယအများဆုံးဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က ၂၀၂၁​မေလကစပြီးပြည်သူလူထုရဲ့​နေအိမ်​တွေကိုမီးစတင်ရှို့လာပြီး အခုဆိုရင် မီးဆက်တိုက်ရှို့​နေတာ ၁၃လ ရှိပါပြီ။ဒါအပြင်စစ်တပ်က ဧပြီ ၊​မေ လ​တွေမှာ မီးရှို့ဖျက်ဆီးမှုပိုလုပ်လာခဲ့ပြီး​တော့ ဧပြီတစ်လတည်း ၃၈၃၇ လုံးမီးတိုက်ခဲ့ပါတယ်။ ​မေလက​တော့ အဆိုးဝါးဆုံးပါ တစ်လတည်း ​နေအိမ်အ​​ဆောက်အအုံ​ပေါင်း ၇၁၄၆ လုံးကိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး​တော့ စစ်ကိုင်းတိုင်တစ်ခုတည်း ၆၀၁၄ လုံးအထိ့ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။