Connect with us

Hi, what are you looking for?

သတင်း

လက်နက်ချရန်ပြောနေသူများ ပြည်သူ့ရင်ခွင် အရင်ခိုလှုံကြရန် ပြန်လည်ဖိတ်ခေါ်

ခုခံစစ်အတွင်း စစ်ကောင်စီလက်ဝေခံများကို အရှင်ဖမ်းမိပါက NUG အစိုးရ၊ ကာ ကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အတိုင်း လူကိုလူလိုဆက်ဆံကာ ပြန်လွှပေးခဲ့သော်လည်း PDF များကို စစ်တပ်ကဖမ်းမိပါက ရက်ရက် စက်စက် နှိပ်စက်မေးမြန်းပြီး သတ်ပစ်ခဲ့သော လူ့မိစ္ဆာများလက်အောက်တွင် စစ်ကျွန်ဘဝဖြင့် အရိုးထုတ်စရာဘာအကြောင်းမျှမရှိဟု အသိပေးသည်။

(စစ်​ရေးပြ အခမ်းအနားတစ်ခုမှ စစ်​ကောင်စီတပ်သားများ)
(စစ်​ရေးပြ အခမ်းအနားတစ်ခုမှ စစ်​ကောင်စီတပ်သားများ)

PDF များကိုလက်နက်ချရန်ပြောနေသော အ ကြမ်းဖက်စစ်ကောင်စီတပ်အား ပြည်သူ့ရင်ခွင် အရင်ခိုလှုံကြရန် တောင်ငူခရိုင် ပြည်သူ့ကာ ကွယ်ရေးတပ်မတော်ကယနေ့(ဇွန် ၁၂)တွင်ပြန်လည်ဖိတ်ခေါ်လိုက်သည်။

တောင်ငူခရိုင် PDF အနေဖြင့် ပြည်သူကိုကာကွယ်စောင့်ရှောက်ပါမည်ဟု သစ္စာဆိုထားပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတောင်းဆိုသူများအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့်အချိန်မှစ၍ ခုခံကာကွယ်ရန် တိုင်းရင်းသား‌ တော်လှန်‌ရေး နယ်မြေများတွင် သင်တန်းများတက်ရောက်ကာ စစ်အာဏာရူးများလက်မှ လွတ်မြောက်ရန် ပဲခူးရိုးမအတွင်း စတင်သန္ဓေတည်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ထို့အပြင် ခုခံစစ်အတွင်း စစ်ကောင်စီလက်ဝေခံများကို အရှင်ဖမ်းမိပါက NUG အစိုးရ၊ ကာ ကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အတိုင်း လူကိုလူလိုဆက်ဆံကာ ပြန်လွှပေးခဲ့သော်လည်း PDF များကို စစ်တပ်ကဖမ်းမိပါက ရက်ရက် စက်စက် နှိပ်စက်မေးမြန်းပြီး သတ်ပစ်ခဲ့သော လူ့မိစ္ဆာများလက်အောက်တွင် စစ်ကျွန်ဘဝဖြင့် အရိုးထုတ်စရာဘာအကြောင်းမျှမရှိဟု အသိပေးသည်။

လက်နက်အပ်နှံရန် စစ်ကောင်စီက စာထုတ်သည့်အပေါ် တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ မှ တုန့်ပြန်စာထုတ်ပြန်ရာတွင် စစ်ကောင်စီတပ်မှ ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းအား မေး ခွန်းများပြန်လည်မေးမြန်းထားသည်။

Public Service Announcement

Public Service Announcement

၎င်းတို့မှာ ယခင်က တပ်ရင်းတစ်ရင်းလျှင် ၆၀၀ ခန့်ရှိခဲ့ရာမှ ယခု အင်အား ၁၂၀၊ ၁၄၀ ခန့်သာရှိနေခြင်း၊ တောင်ပိုင်းတိုင်းလက်အောက်ခံ တပ်ရင်း (၈၄)နှင့် တပ်ရင်း (၉)အပါအဝင် အ မြှောက်တပ်ရင်းသုံးခုပေါင်းမှ အင်အား ၁၀၀ ပင်မကျော်သည့်ဖြစ်စဥ်များမှာ အဘယ်ကြောင့်နည်းဟု မေးခွန်းထုတ်ထားသည်။

ထို့ကြောင့် PDF များအား လက်နက်အပ်၍ ပြည်သူဘဝပြန်လည်ရယူကြရန် ပြောဆိုသူများသည် အရင်ဆုံး ပြည်သူ့ရင်ခွင်ခိုလှုံကြရန် ဖိတ်ခေါ်လိုက်ကြောင်းဖော်ပြသည်။

PDF များလက်နက်ချရေးနှင့် ပြည်သူဘဝပြန် လည်ရယူရေးနှင့်စပ်လျဥ်းပြီး တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ မှ ထုတ်ပြန်ရာတွင် ဗိုလ် ချုပ်ဇော်မင်းထွန်းကိုဦးတည်၍ထုတ်ပြန်ထား​ပြီးစစ်ကောင်စီဘက်မှ လက်နက်အပ်နှံရေးကိစ္စအား စာထုတ်ထားသည်မှာ ဇော်မင်းထွန်းဦးဆောင်သော သတင်းထုတ်ပြန်ရေးအဖွဲ့အမည်ကို အသုံးပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင် ၇၀ဦးနီးပါး စက်တင်ဘာအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီတပ်မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၄၀၀ ကျော် ယခုနှစ်အတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ကနေ တော်လှန်ရေးအဖွဲ့တွေဆီ အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်း ဦးရေ၂၄၀ ကျော်ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်တွင်းရှိ တပ်သားများအနေဖြင့် စိတ်ဓာတ်ပိုင်းပျက်နေပြီးတော်လှန်ရေးရဲဘော်များဘက်က စိတ်ဓာတ်ပိုင်းဆိုင်ရာအသာစီးရထားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)ထံ ဘက်ပြောင်းလာသည့် ဗိုလ်ကြီးမျိုးဆွေဦးက ပြောကြားသည်။