Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀နီးပါး စက်တင်ဘာအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံ

စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင် ၇၀ဦးနီးပါး စက်တင်ဘာအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်‌ရေးတပ်မတော် K.N.L.A တပ်မဟာ(၄)၊ တပ်ရင်း(၁၁)ထံ အလင်းဝင်လာတဲ့ တပ်သား ၄ဦး။ဓာတ်ပုံ - KNU - Mergui-Tavoy District

အောက်တိုဘာ-၂၊ ၂၀၂၅။ထားမြတ်/People’s Spring

စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင် ၇၀ဦးနီးပါး စက်တင်ဘာအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်သူ့ရင်ခွင် (People’s Embrace) တို့ကို ချိတ်ဆက်ပြီး ဘက်ပြောင်းခိုလှုံလာတဲ့ အခြေအနေကို အသိပေးရာမှာ စက်တင်ဘာလမှာ ဗိုလ်ကြီး ၁ဦး အပါအဝင် ၆၈ ဦးရှိတယ်လို့ ဖော်ပြပါတယ်။

အဲဒီ သူတွထဲမှာ လက်နက် ယူလာတဲ့သူ ၁၈ဦး ရှိပြီး MA-1 (၁၁)လက်၊ MA-3 (၄) လက်၊ လက်ပစ်ဗုံး (၃) လုံး၊ နင်းမိုင်း (၂) လုံးနဲ့ ကျည်မျိုးစုံ ၆၀၀နီးပါး ပါလာတယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့ရင်ခွင်ခိုလှုံလာသူ အများစုဟာ စစ်ကောင်စီက အဓမ္မလူသစ်စုဆောင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း တပ်သားသစ် ၅၇ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရဲ (၁) ဦး၊ ဗိုလ်ကြီး (၁)ဦး၊ တပ်ကြပ်ကြီး (၁) ဦး၊ တပ်သား (၈) ဦးတို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ စစ်ကောင်စီတပ်ထဲမှာလည်း အခွင့်အရေးရတာနဲ့ ပြည်သူနဲ့အတူ ရပ်တည်ဖို့ ကြိုးပမ်းနေသူတွေရှိတာကို ပြသခြင်းဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

“စစ်ကောင်စီတပ်ထဲမှာ ကျန်ရှိနေတဲ့ တပ်မှူး တပ်သားတွေအနေနဲ့လည်း ပြည်သူကို အကြမ်းဖက်သတ်ဖြတ်တဲ့အထိ လမ်းမှားရောက်စေတဲ့ မိစ္ဆာဒိဌိ စစ်ဝါဒအတွေးအခေါ်ကို အမြန်ဆုံး စွန့်လွှတ်ကြဖို တိုက်တွန်းလိုတယ်။ ဒီလိုသာ စွန့်လွှတ်နိုင်မယ်ဆိုရင် နိုင်ငံနဲ့ ပြည်သူလည်း မြန်မြန် ချမ်းသာရာရမယ်၊ စစ်တပ်ကိုယ်တိုင်လည်း ချမ်းသာရာ ရမယ်လို သတိပေးလိုတယ်” လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မေလ ၅ရက်က ကျရောက်တဲ့ PDF တည်ထောင်တာ (၄)နှစ်ပြည့်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူတွေ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုတဲ့ တပ်သားနဲ့ ရဲတွေအနေနဲ့ ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့မဟုတ်) နီးစပ်ရာ PDF၊ ပကဖတွေနဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို ဆက်သွယ်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၄၀၀ ကျော် ယခုနှစ်အတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

ဇူလိုင်လပထမလဝက်အတွင်း ကာကွယ်ရေးအဖွဲ့တွေဆီ အလင်းဝင်လာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဦးရှိပြီးသုံးပုံတစ်ပုံမှာစစ်မှုထမ်းတပ်သားသစ်များဖြစ်ကြောင်း သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်တွင်းရှိ တပ်သားများအနေဖြင့် စိတ်ဓာတ်ပိုင်းပျက်နေပြီးတော်လှန်ရေးရဲဘော်များဘက်က စိတ်ဓာတ်ပိုင်းဆိုင်ရာအသာစီးရထားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)ထံ ဘက်ပြောင်းလာသည့် ဗိုလ်ကြီးမျိုးဆွေဦးက ပြောကြားသည်။

သတင်း

ဘက်ပြောင်းလာသည့် သုခစခန်းတာဝန်ခံ ဗိုလ်ကြီးမျိုးဆွေဦးနှင့်ချိတ်ဆက်ပြီး ခိုလှုံလာခြင်းဖြစ်