Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီယာဉ်တန်းကို KIA/PDF ပူးပေါင်းတပ်က မိုင်းဖြင့်တိုက်ခိုက်

ယနေ့ ဇွန်လ နံနက် ၁၂နာရီခွဲခန့်တွင် ထွက်လာသည့် ယာဉ် ၃၃စီးပါး ယာဉ်တန်းအား KIAနှင့် ကသာခရိုင် တပ်ရင်း(၂) အင်းတော် ဒေသကာကွယ်ရေးပူးပေါင်းတပ်များက အင်းတော်မြို့နယ် မော်လူး – နဘားကြား တစ်နေရာနှင့် အင်းတော် – ကျောင်းကုန်းရွာကြား တစ်နေရာတို့တွင် မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီယာဉ်တန်းကို KIA/PDF ပူးပေါင်းတပ်က မိုင်းဖြင့်တိုက်ခိုက်
စစ်ကောင်စီယာဉ်တန်းကို KIA/PDF ပူးပေါင်းတပ်က မိုင်းဖြင့်တိုက်ခိုက်

နေရာ ၂ခု၌ မိုင်းဖြင့်တိုက်ခိုက်ခံရ၍ စစ်ကား ၃စီးထိခိုက်ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများ

ကချင်ပြည်နယ် မိုးညှင်းမြို့ အမြှောက်စစ်ဆင်ရေးကွပ်ကဲရေးမှူးဌာနချုပ်မှ မန္တလေးမြို့ဘက်သို့ ထွက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က နေရာ ၂ခု၌ ယနေ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့ကြောင်း Indaw Revolution က ဖော်ပြသည်။

ယနေ့ ဇွန်လ နံနက် ၁၂နာရီခွဲခန့်တွင် ထွက်လာသည့် ယာဉ် ၃၃စီးပါး ယာဉ်တန်းအား KIAနှင့် ကသာခရိုင် တပ်ရင်း(၂) အင်းတော် ဒေသကာကွယ်ရေးပူးပေါင်းတပ်များက အင်းတော်မြို့နယ် မော်လူး – နဘားကြား တစ်နေရာနှင့် အင်းတော် – ကျောင်းကုန်းရွာကြား တစ်နေရာတို့တွင် မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

မော်လူးနှင့်နဘားကြား တိုက်ခိုက်မှုတွင် ယာဉ်တန်းကို မိုင်း ၅လုံးဖြင့် တိုက်ခိုက်ရာ စစ်ကား တစ်စီး လမ်းဘေးထိုးကျခဲ့ပြီး စစ်ကောင်စီတပ်မှ အသေအပျောက်ကို မသိရကြောင်း၊ အင်းတော်နှင့် ကျောင်းကုန်းရွာကြား တိုက်ခိုက်မှုတွင် မိုင်း ၁၀လုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ အင်အား ၃၀ကျော်ပါ ယာဉ် ၂စီး ပက်လက်လန်သွား၍ စစ်ကောင်စီတပ်မှ သေဆုံးမှုများနိုင်သည်ဟု ဖော်ပြသည်။

မျက်မြင်ပြည်သူများ၏ ပြောကြားချက်အရ အလောင်းများနှင့် ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ကားပေါ် တင်သွားကြောင်း၊ စစ်ကောင်စီတပ်မှ အချိန် အတော်ကြာ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားပြီး ပူးပေါင်းတပ်မှ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်