Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝေါ်လေရဲစခန်း၌ ချုပ်နှောင်ခံထားရသည့် BYN ရဲဘော်များနှင့် CDM ရဲတို့ကို ကယ်ထုတ်ပေးသည့် KNDOနှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်

အသက်သခင် ကျေးဇူးရှင်များ အနေဖြင့် လိုအပ်သော စစ်ရေး၊ လူမှုရေးဆိုင်ရာ အကူအညီ၊ အထောက်အပံ့များကို ဗမာ့လူငယ်ကွန်ရက်ထံ အချိန်အခါမရွေးဆက်သွယ်တောင်းခံ နိုင်ကြောင်းအိတ်ဖွင့်ပေးစာ၌ ရေးသားထားသည်။

ဝေါ်လေရဲစခန်း၌ ချုပ်နှောင်ခံထားရသည့် BYN ရဲဘော်များနှင့် CDM ရဲတို့ကို ကယ်ထုတ်
ဝေါ်လေရဲစခန်း၌ ချုပ်နှောင်ခံထားရသည့် BYN ရဲဘော်များနှင့် CDM ရဲတို့ကို ကယ်ထုတ်

ဗိုလ်စလုံးဦးဆောင်သည့် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နှင့် ပူးပေါင်းတပ်ဖွဲ့များက မြ၀တီမြို့နယ် ဝေါ်လေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဗမာ့လူငယ်ကွန်ရက်တပ်တော်(BYN)မှ ရဲဘော်၊ ရဲမေများနှင့် CDM ရဲတစ်ဦးအား ကယ်ထုတ်ပေးခဲ့ခြင်းအပေါ် အထူးကျေးဇူးတင်ကြောင်း BYNက သတင်းထုတ်ပြန်သည်။

KNDOနှင့် ပူးပေါင်းတပ်ဖွဲ့တို့သည် ဇွန်လ ၁၃ရက်က ဝေါ်လေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ရဲ ၂ဦးသေဆုံးပြီး စခန်းမှူးအပါအဝင် ၆ ဦးကို ဖမ်းဆီးရမိခဲ့ကာ၊ ရဲစခန်း အချုပ်ခန်း၌ ချုပ်နှောင်ထားရ​သော PDF ၉ ဦးကို ကယ်ထုတ်နိုင်ခဲ့သည်။

အဆိုပါ ရဲစခန်း၌ အကျဉ်းကျနေသူများအနက် ဗမာ့လူငယ်ကွန်ရက်(BYN) တပ်တော်မှ ရဲဘော်၊ ရဲမေများ အပါအဝင် CDM ရဲတစ်ဦးကိုပါ ကယ်ထုတ်နိုင်ခဲ့ကြောင်း BYNက ထုတ်ပြန်သည်။

ရဲဘော်၊ ရဲမေများကို စွန့်စွန့်စားစား ကယ်ထုတ်ပေးခဲ့သည့် ဗိုလ်စလုံး၊ စစ်ကြောင်းမှူး စောဝင်းမြင့်နှင့် KNDO အထူးကွန်မန်ဒိုတပ်ရင်း(တပ်မဟာ-၆) ဦးဆောင်သည့် ညီနောင်ရဲဘော် တစ်ဦး တစ်ယောက်ချင်းစီတိုင်းကို ဗမာ့လူငယ်ကွန်ရက်မှ အသက်သခင် ကျေးဇူးရှင်များ အဖြစ် လေးလေးနက်နက် မှတ်တမ်းတင်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အသက်သခင် ကျေးဇူးရှင်များ အနေဖြင့် လိုအပ်သော စစ်ရေး၊ လူမှုရေးဆိုင်ရာ အကူအညီ၊ အထောက်အပံ့များကို ဗမာ့လူငယ်ကွန်ရက်ထံ အချိန်အခါမရွေးဆက်သွယ်တောင်းခံ နိုင်ကြောင်းအိတ်ဖွင့်ပေးစာ၌ ရေးသားထားသည်။

ဝေါ်လေရဲစခန်း၌ ချုပ်နှောင်ခံထားရသည့် BYN ရဲဘော်များနှင့် CDM ရဲတို့ကို ကယ်ထုတ်
ဝေါ်လေရဲစခန်း၌ ချုပ်နှောင်ခံထားရသည့် BYN ရဲဘော်များနှင့် CDM ရဲတို့ကို ကယ်ထုတ်

ဗမာ့လူငယ်ကွန်ရက်မှ ရဲဘော်များ ပြန်လွတ်လာခြင်းနှင့်ပတ်သက်ပြီး PDF ရဲဘော်တစ်ဦးက “မနေ့က ဟိုကောင်တွေ ရဲစခန်းသိမ်းတော့ ရဲစခန်း အချုပ်ထဲမှာ ရက် ၁၀၀ ကျော် အချုပ်ခံထားရတာ။ အခု ပြန်လည်လွတ်မြောက်လာတယ်။ ကျွန်တော်တို့ ပထမတော့ ညီလေးကို အထင်တွေလွဲခဲ့တယ်။ ညီလေးနဲ့အတူပါသွားတဲ့ ၈ယောက်ရော၊ ဒီညီလေးအပါအဝင် ၉ယောက် အားလုံးအန္တရာယ်ကင်းပါပြီ” ဟုပြောကြားသည်။

ဝေါ်လေအချုပ်မှ ပြန်လွတ်လာ​သောPDFတစ်ဦးကလည်း “ကျွန်တော်က ၃လပိုင်း ၁၆ရက်မှာ ဒလန်လို့ သတ်မှတ်ခံရတယ်။ ဒါပေမဲ့ တကယ်တော့ ဒလန်အစစ်မဟုတ်ပါဘူး။ ဒလန်အစစ်ဆိုတာကတော့ တကယ့် ABIA စစ်ဦးစီးချုပ်ဆိုတဲ့ အောင်အောင်ကျော်ဆိုတဲ့ ကောင်က ဒလန်အစစ်ပါ။ ကားပေါ်မှာ သူ့ဆီက ခေါ်သွားတဲ့ ကလေးတွေ ဘယ်သူက ဘာပုံစံ၊ ဆံပင်က ဘာအရောင်၊ အသက် ဘယ်လောက် ဘယ်လိုပုံစံ ဘယ်နှစ်ယောက်ပါတယ်က အစ ကားနံပါတ်ကအစ သူပေးပြီးတော့ ဖမ်းခိုင်းတာ။ ၂လပို်ငး ၂၈ရက်မှာ အဖမ်းခံရတယ်။ ၂လပိုင်း ၂၆ရက်နေ့ကတည်းက ကျွန်တော်တို့ကို ဖမ်းမယ့်သတင်းက ရောက်နေပြီဖြစ်ပါတယ်။ ၃လပိုင်း ၃ရက်နေ့မှာ စစ်တပ်က ဗျူဟာမှူးကိုယ်တိုင် ပြောပြတာ ဖြစ်ပါတယ်။ အောင်အောင်ကျော် သတင်းပေးလို့ဆိုတာ”ဟု သူအ​တွေ့အကြုံကိုပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

တစ်ဖက်တွင်လည်း နမ့်ဖက်ကာတွင် စစ်ရေးအခြေအနေ ရှုပ်ထွေးနေ၍ စစ်ရှောင်နေသည့် ပြည်သူများ နေအိမ်များသို့ ပြန်လည်နေထိုင်ခြင်းမပြုသေးရန် KIAက အသိပေးတိုက်တွန်းထားသည်။

သတင်း

ဇန်နဝါရီ ၂၀ ရက် ညနေ ၃နာရီခန့်က အင်အား ၃၀ ခန့်ဖြင့် ဂိတ်စခန်းချထားသော စစ်ကောင်စီတပ်၏ နန်တောင်စစ်ဆေးရေးဂိတ်ကို KNDO၊ PRDF၊ PPDF၊ ပုလောစစ်ကြောင်း (၁) ဗိုလ် မိုးကြိုးအဖွဲ့တို့ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

မိုးဗြဲမြို့၌ စစ်ကောင်စီတပ်စွဲထားသည့် ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း၃၊ ပွဲကုန်း၁၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား၂ ကျေးရွာဒေသများရှိ စခန်း (၈)ခုကို ကရင်နီပူးပေါင်းတပ်များက '၁၁၁၁ စစ်ဆင်ရေး'အတွင်း ကနဦး သိမ်းပိုက်ထားနိုင်သည်။