Connect with us

Hi, what are you looking for?

သတင်း

မြစ်ဆုံအနီး တန်ဖဲရွာအထွက်၌ စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်၊ သေဆုံးထိခိုက်ရှိနိုင်

ယနေ့ (ဇွန်လ ၁၈ရက်)နံနက်ပိုင်းတွင် ပူတာအိုဘက်မှ မြစ်ကြီးနားဘက်သို့ ဦးတည်ပြီး ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တန်ဖဲရွာအနီးတွင် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ (ဇွန်လ ၁၈ရက်)နံနက်ပိုင်းတွင် ပူတာအိုဘက်မှ မြစ်ကြီးနားဘက်သို့ ဦးတည်ပြီး ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မြစ်ဆုံဧရိယာပေါ့။ မြစ်ကြီးနားက တက်လာရင် တန်ဖဲရွာအဝင် ကုန်းဆင်းနားမှာ ။ဒီဘက်မှာ မဖြစ်တာကြာပြီ။ ဒီမနက်မှာ ကြားတော့ အံ့ဩနေတာ။ အတက်တုန်းက ဘာမှ မဖြစ်ဘဲအဆင်းပိုင်းပဲ အဲဒီလိုဖြစ်လာတာ”ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ပူတာအိုမှ ပြန်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်း နှင့် ယာဉ်တန်းလုံခြုံရေး ရှေ့ပြေးစစ်ကြောင်းတို့ကို လမ်းခရီးတွင် KIAက ကြားဖြတ်တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။ ယနေ့ မြစ်ဆုံအနီးတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိသည်ဟု ကြားရကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“နာရေးမော်တော်ယာဉ်တော့ တက်တယ်ပြောတယ်။ အတိအကျတော့ မပြောနိုင်ဘူး။”ဟု ဒေသခံက ပြော သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ရှိ စစ်တပ်ရဲ့ အရေးပါတဲ့ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ သိမ်းပိုက်ရရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်မွန်းကျေးရွာက ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှာ စစ်တပ်လက်အောက်ခံ SNA တပ်က စစ်သင်တန်းဆင်းပွဲ လုပ်တာဟာ လုံး၀ မလုပ်သင့်တဲ့ အရာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က စစ်တပ် နေရာယူနေတဲ့ စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Facebook