Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကိုလွတ်မြောက်နယ်မြေတွင်ဖယောင်းတိုင်မီးများဖြင့် ပုံဖော် ဆုတောင်း

ယ​နေ့နံနက်အစောပိုင်း၌ အဆိုပါ “ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့” စာလုံးအတိုင်း တောပန်းများဖြင့် ထပ်မံ ပုံဖော်ကြမည် ဖြစ်ကြောင်းကိုလည်းသိရသည်။

ဓာတ်ပုံ - EOD
ဓာတ်ပုံ - EOD

လွတ်မြောက်နယ်မြေ တစ်နေရာတွင် ယနေ့ (ဇွန်လ ၁၉) ညပိုင်း၌ နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့လက်ဆောင်အဖြစ် “ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့” ဆိုသည့် စာသားကို ဖယောင်းတိုင်မီးများဖြင့် ပုံဖော်ခဲ့ကြသည်။

ထို့အပြင် ယ​နေ့နံနက်အစောပိုင်း၌ အဆိုပါ “ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့” စာလုံးအတိုင်း တောပန်းများဖြင့် ထပ်မံ ပုံဖော်ကြမည် ဖြစ်ကြောင်းကိုလည်းသိရသည်။

” (ဒေါ်အောင်ဆန်းစုကြည်) သူမကို ဘာမွေးနေ့လက်ဆောင် လိုချင်လဲလို့ ကိုယ်တိုင်မေးခွင့် မရှိ။ ဒါပေမဲ့ အဖြေကိုတော့ အားလုံးက သိပြီးသားပါ။ ပြည်သူအားလုံးလိုပဲ သူမလည်း နိုင်ငံသစ် တခုလိုချင်မှာပါ။ နိုင်ငံသစ်ဟာ ဆုတောင်းရုံနဲ့တော့ မရဘူး။ နွေဦးတော်လှန်ရေး အောင်မြင်မှသာ၊ အောင်မြင်ဖို့ အားလုံးပါဝင် တိုက်ပွဲဆင်မှသာ ရပါမယ်။ အကောင်းဆုံး မွေးနေ့လက်ဆောင်ကတော့ တော်လှန်ရေးအတွက် ကိုယ်တတ်နိုင်ရာ ကဏ္ဍကနေ ပါဝင်ခြင်းပါပဲ ” ဟု The End of Dictatorship (EOD) တော်လှန်ရေး အင်အားစု အဖွဲ့က လူမှုကွန်ယက် စာမျက်နှာ၌ ရေးသားဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။