Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်ကမြိုင်မြို့နယ်​မြောက်ပိုင်းရှိ​ကျေးရွာများကိုမီးလိုက်ရှို့ပြီးပြည်သူ​လေးဦးကိုအ​ကြောင်းမဲ့သတ်ဖြတ်ခဲ့

ဇွန်လ ၁၅ ရက်နေ့ ညနေ ၄နာရီခန့်တွင် အကြမ်းဖက်စစ်တပ်နှင့် ကန်နီရွာပျူများပေါင်းကာ ကန်နက်ရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ တစ်ရွာလုံး အိမ်ပေါင်း ၁၂၀ ကျော်ပြာကျခဲ့ကြောင်းဒေသခံများကပြောသည်။

(မီးရှို့ဖျက်ဆီးခံရသည့် မန်ကျည်းလေးပင်ရွာအား တွေ့ရစဥ်။ ဓါတ်ပုံ-MVRF)
(မီးရှို့ဖျက်ဆီးခံရသည့် မန်ကျည်းလေးပင်ရွာအား တွေ့ရစဥ်။ ဓါတ်ပုံ-MVRF)

မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းတွင်စစ်​ကောင်စီတပ်က ပြည်သူလေးဦးကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ပြီး ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ပြည်သူများ၏ပစ္စည်းများအား အတင်းအဓမ္မလုယက်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

အကြမ်းဖက်စစ်တပ်နှင့်ပျူများသည် ဇွန်လ ၁၃ ရက်နေ့က မကျည်းလေးပင်ရွာမှ အိမ်၁၁လုံးနှင့်ကန်နက်ရွာနေအိမ်၁လုံးကို မီးရှို့ကာ ရွာရှိပစ္စည်းများလုယူသွားခဲ့ကြသည်။

ဇွန်လ ၁၅ ရက်နေ့ ညနေ ၄နာရီခန့်တွင် အကြမ်းဖက်စစ်တပ်နှင့် ကန်နီရွာပျူများပေါင်းကာ ကန်နက်ရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ တစ်ရွာလုံး အိမ်ပေါင်း ၁၂၀ ကျော်ပြာကျခဲ့ကြောင်းဒေသခံများကပြောသည်။

ဇွန်လ ၁၆ရက်နေ့တွင် ကျောက်တောရွာသားတစ်ဦးနှင့် အလုံကြီးရွာသားတစ်ဦးကိုလည်းစစ်​ကောင်စီတပ်ကသတ်ဖြတ်သွားကြောင်း၊ ထို့အပြင် ကုန်းဗလူရွာက ပြည်သူနှစ်ဦးလည်း အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခံရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်နှင့် ပျူများသည် ဇွန်လ ၁၆ ရက်နေ့တွင် စစ်ကြောင်း၂ကြောင်း ထိုးကာ ရွာရှည်၊ပြင်သာ၊ကျောက်တော၊လက်ယက်မ၊တောင်ဘို့၊ကန်နက်၊ကုန်းဗလူ၊ထနောင်းဝင်း၊အလုံကြီး၊ကုန်းစင်၊ ကြည့်ကန်ရွာများရှိ ကျေးရွာပြည်သူတို့၏ ပစ္စည်းများကို မြိုင်မြို့သို့ နှစ်ရက်တိုင် ကားများဖြင့်လုယူသယ်ယူသွားကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင်ဇွန်လ ၁၇ ရက်နေ့တွင် မန်ကျည်းလေးပင်ရွာ၌ စစ်တပ်က အထိုင်ချနေပြီး ထနောင်းဝင်းရွာ၊တောင်ပို့ရွာ၊အိုးဘိုရွာ၊ကြည့်ကန်ကျေးရွာသို့ဝင်ရောက်မွှေနှောက်ခဲ့ကြောင်း၊ တောရွာကျေးရွာမှ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျကာ ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

“မြိုင်နယ်မြောက်ပိုင်းမှာ စစ်ကြောင်းအများအပြားနဲ့ကို ထိုးနေတယ်။ ပျူတွေလည်းပါတယ်။ ပြည်သူတွေကိုလည်း ဖမ်းဆီးပြီး လူသားဒိုင်းအနေနဲ့ အသုံးပြုနေတာတွေ ရှိတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။ထို​ကြောင့် မြိုင်နယ်မြောက်ပိုင်းရွာများက ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေ​ရပြီး ဖမ်းဆီးခံရသူများလည်းရှိနေကြောင်း ဒေသခံတို့က ပြောသည်။

(မီးရှို့ဖျက်ဆီးခံရသည့် မန်ကျည်းလေးပင်ရွာအား တွေ့ရစဥ်။ ဓါတ်ပုံ-MVRF)
(မီးရှို့ဖျက်ဆီးခံရသည့် မန်ကျည်းလေးပင်ရွာအား တွေ့ရစဥ်။ ဓါတ်ပုံ-MVRF)

မြိုင်မြို့နယ်တွင်စစ်​ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များတိုက်ပွဲများဖြစ်ပွားနေသည်။

ဇွန်လ ၁၅ ရက်နေ့က အကြမ်းဖက်စစ်တပ် တပ်စွဲထားသည့် ကန်နီ​ကျေးရွာအားကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့အပါအဝင်ညီနောင်မဟာမိတ်များစုစည်း၍ လက်နက်ကြိးအချက် ၃၀ ကျော်ဖြင့် အဝေးပစ်အမြှောက်ကျည်ဆန် ၅၀၀ ကျော်ပစ်ချ၍ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။