Connect with us

Hi, what are you looking for?

သတင်း

မုံရွာခရိုင်စကစအဖွဲ့ဝင်တစ်ဦးကိုအမည်မသိ​သေနတ်သမားက ပစ်ခတ်ရှင်းလင်း

မုံရွာခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးသန်းဇော်ထွန်းသေဆုံးမှုတွင် မည်သည့်အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်ကို မသိရသေးပေ။

မုံရွာခရိုင်စကစအဖွဲ့ဝင်တစ်ဦးကိုအမည်မသိ​သေနတ်သမားက ပစ်ခတ်ရှင်းလင်း
မုံရွာခရိုင်စကစအဖွဲ့ဝင်တစ်ဦးကိုအမည်မသိ​သေနတ်သမားက ပစ်ခတ်ရှင်းလင်း

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းဒေသခံများက ပြောသည်။

ယနေ့ နံနက် ၈နာရီခန့်က မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် နှင်းဆီလမ်းတွင် ၎င်း၏ ကိုယ်ပိုင်ယာဥ်ပေါ်၌ ပစ်သတ်ခံရခြင်းဟု ဆိုသည်။

“မနက်တစ်ကြောလုံး မုံရွာမြို့ထဲ အစစ်ဆေးကြမ်းနေလို့ စုံစမ်းကြည့်တော့ သန်းဇော်ထွန်း သေတာဖြစ်နေတာ။သူက စစ်တပ်နဲ့ ပေါင်းစားပြီးဆောက်လုပ်ရေး ကုမ္ပဏီဖွင့် ကြီးပွားနေတာ”ဟု မုံရွာမြို့နေပြည်သူတစ်ဦးက People’s Springသို့ ပြောသည်။

မုံရွာခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးသန်းဇော်ထွန်းသေဆုံးမှုတွင် မည်သည့်အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်ကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

မုံရွာမြို့ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ အပါအဝင် စစ်ကောင်စီနှင့်ဆက်စပ်နေသူများအနေဖြင့် နှုတ်ထွက်ကြရန် တော်လှန်ရေးအင်အားဟုများ​က မကြာသေးမီလပိုင်းကပင် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။