Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာခရိုင်စကစအဖွဲ့ဝင်တစ်ဦးကိုအမည်မသိ​သေနတ်သမားက ပစ်ခတ်ရှင်းလင်း

မုံရွာခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးသန်းဇော်ထွန်းသေဆုံးမှုတွင် မည်သည့်အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်ကို မသိရသေးပေ။

မုံရွာခရိုင်စကစအဖွဲ့ဝင်တစ်ဦးကိုအမည်မသိ​သေနတ်သမားက ပစ်ခတ်ရှင်းလင်း
မုံရွာခရိုင်စကစအဖွဲ့ဝင်တစ်ဦးကိုအမည်မသိ​သေနတ်သမားက ပစ်ခတ်ရှင်းလင်း

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းဒေသခံများက ပြောသည်။

ယနေ့ နံနက် ၈နာရီခန့်က မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် နှင်းဆီလမ်းတွင် ၎င်း၏ ကိုယ်ပိုင်ယာဥ်ပေါ်၌ ပစ်သတ်ခံရခြင်းဟု ဆိုသည်။

“မနက်တစ်ကြောလုံး မုံရွာမြို့ထဲ အစစ်ဆေးကြမ်းနေလို့ စုံစမ်းကြည့်တော့ သန်းဇော်ထွန်း သေတာဖြစ်နေတာ။သူက စစ်တပ်နဲ့ ပေါင်းစားပြီးဆောက်လုပ်ရေး ကုမ္ပဏီဖွင့် ကြီးပွားနေတာ”ဟု မုံရွာမြို့နေပြည်သူတစ်ဦးက People’s Springသို့ ပြောသည်။

မုံရွာခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးသန်းဇော်ထွန်းသေဆုံးမှုတွင် မည်သည့်အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်ကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

မုံရွာမြို့ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ အပါအဝင် စစ်ကောင်စီနှင့်ဆက်စပ်နေသူများအနေဖြင့် နှုတ်ထွက်ကြရန် တော်လှန်ရေးအင်အားဟုများ​က မကြာသေးမီလပိုင်းကပင် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။