Connect with us

Hi, what are you looking for?

သတင်း

အာဏာရှင်အောက်က တိုင်းပြည်နှင့်ပြည်သူများလွတ်လပ် ခွင့်ရရန် ဒေါ်အောင်ဆန်းစုကြည်ကသူ့အသက်တာကိုပုံအပ် ကြိုးစားခဲ့ဟု ယာယီသမ္မတပြော

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဏာရှင်တွေအောက်တွင် ချုပ်နှောင်ခံထားရသည့် တိုင်းပြည်ကြီး လွတ်လပ်ခွင့်ရရန် နှင့် ပြည်သူတွေ လွတ်လပ်ခွင့်ရရန် အတွက် သူ့အသက်တာကို ပုံအပ်ကြိုးစား ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယာယီသမ္မတ
ယာယီသမ္မတ

ယနေ့ ဇွန်လ ၁၉ရက်တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည် ၏ (၇၇) နှစ်မြောက် မွေးနေ့ အခမ်းအနား၌ ယာယီသမ္မတက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် အစိုးရအဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ ပြည်သူများနှင့်အတူ မွေးနေ့ပွဲကို ဆင်နွှဲရမည့် အစား စစ်အာဏာရှင်များ၏ မဟုတ်မတရား စွပ်စွဲဖမ်းဆီးခံရပြီး အကျဉ်းချခံထားရ၍ လုံးဝစိတ်မကောင်းဟု ယာယီသမ္မတက ပြောကြားပြီးမွေးနေ့နှင့် အတူ အာဏာရှင်များ လက်ထဲမှ လွတ်မြောက်ပြီး အသက်တရာမက အသက်ရှင်နိုင်ပါစေ ဟု ဆုတောင်းပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ၏ (၇၇) နှစ်မြောက် မွေးနေ့ အခမ်းအနား
ဒေါ်အောင်ဆန်းစုကြည် ၏ (၇၇) နှစ်မြောက် မွေးနေ့ အခမ်းအနား

“‌‌ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်မှုရဲ့ စံနမူနာဖြစ်ပါတယ်။ အသက် ၇၇နှစ်ပြည့်ပြီဆိုပေမယ့် သက်တမ်း ၃ပုံရဲ့ ၁ပုံလောက်ကို အာဏာရှင်တွေရဲ့ ချုပ်နှောင်မှုကို ခံခဲ့ရလို့ လွတ်လပ်မှုဆိုတာ ဘယ်‌လောက်မြတ်နိုးဖို့ကောင်းသလဲဆိုတာ သူကပိုနားလည်ပါတယ်။ ဒါကြောင့်လည်း နှစ်ပေါင်း (၆၀)ကျော် အာဏာရှင်တွေအောက်မှာ ချုပ်နှောင်ခံထားရတဲ့ တိုင်းပြည်ကြီး လွတ်လပ်ခွင့်ရဖို့ ပြည်သူတွေ လွတ်လပ်ခွင့်ရဖို့ သူ့အသက်တာကို ပုံအပ်ကြိုးစားခဲ့တာဖြစ်ပါတယ်။ အကြောက်တရားကနေ ကင်းလွတ်ပြီး လွတ်မြောက်ခြင်းတရားရဖို့ ရှေ့ဆောင်လမ်းပြခဲ့သူ ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အခုချိန်တွင် အာဏာရှင်များ၏ ဖမ်းဆီးချုပ်နှောင်မှုကို ခံနေရသည် ဆိုသော်လည်း ၎င်းသည် နွေဦးတော်လှန်ရေးအတွက်လည်း ခေါင်းဆောင်ဖြစ်သ ကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

“သူ့ကိုချစ်တဲ့ ပြည်သူတွေကြောင့် နွေဦးတော်လှန်ရေးကို အရှိန်အဟုန်ကောင်းကောင်းဖြင့် စတင်နိုင်ခဲ့သလို ပြည်သူတရပ်လုံးကလည်း သူလွတ်မြောက်ဖို့ အတွက် ဒီတော်လှန်ရေးနိုင်မှဖြစ်မယ်လို့စိတ်ပိုင်းဖြတ်ထားကြတယ်ဆိုတာ တွေ့ရပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့ မြန်မာနိုင်ငံတော် ကြီးကို အာဏာရှင်များလက်ထက်မှ လွတ်မြောက်နိုင်ရန်နှင့် တိုင်းရင်းသားများအားလုံး တန်းတူညီမျှ အခွင့်အရေး အပြည့်အဝရရှိဖို့ ကျောသားရင်သားမခွဲခြားဘဲ ဦးဆောင်လမ်းပြနိုင်သည့် လူသား တစ်ဦး ခေါင်းဆောင်တစ်ဦး ဖြစ်ပါစေဟုလည်း ယာယီသမ္မတက ဆုတောင်းပေးသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းနဲ့ပတ်သက်ရင်တော့ ပြည်သူတွေကို အသေးစိတ် ပြောပြ နေစရာမလိုပါဘူး။ သူတို့က ကျွန်တော်တို့ထက်ပိုသိပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ သူ့ရဲ့ပြည်သူတွေအပေါ် ဗဟိုပြုမှု၊ စွန့်လွှတ်အနစ်နာခံမှု၊ တိုင်းပြည်ကို ချစ်တဲ့စိတ်တွေဟာ မြန်မာပြည်သူတွေအားလုံးရဲ့ စံနမူနာထားစရာဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ဟာဒီမိုကရေစီရဲ့ ပြယုဒ်ဖြစ်ကြောင်းလည်း ယာယီသမ္မတက ပြောကြားသည်။

“ဦးနေဝင်း ဦးဆောင်တဲ့ စစ်အာဏာရှင်တွေက အာဏာသိမ်းပြီးနောက် နှစ်ပေါင်း(၂၆)နှစ်တိတိ စစ်အာဏာရှင်စနစ်၊ တစ်ပါတီအာဏာရှင်စနစ်ကျင့်သုံးပြီး ဆိုရှယ်လစ်အမည်ခံ ခေတ်ပျက်နိုင်ငံ‌ ရေးစနစ်နဲ့ အုပ်ချုပ်ပြီး ပြည်သူလူထုရဲ့ အသိညာဏ်ရည်ဖျက်ဆီး(brainwash) လုပ်ခဲ့ကြပေမဲ့ ပြည်သူတွေကို ဒီမိုကရေစီရဲ့ အနှစ်သာရ၊ ဒီမိုကရေစီရဲ့ အကျိုးနဲ့ ဒီမိုကရေစီ လူ့ယဥ်ကျေးမှုရဲ့ အားသာချက်များကို ပြည်သူတွေ ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း သိမြင်နားလည်အောင်လူထုကို ချပြရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အလွန်အခရာကျတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတင်မကပါဘူး ကမ္ဘာမှာပင်လျှင် သူ့ကို Democracy Icon (ဒီမိုက‌ရေစီရဲ့ ပြယုဒ်) လို့ လက်ခံကြပါတယ်” ဟု ယာယီသမ္မတက ပြောပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီစာက မွေးနေ့ရှင်အတွက် ရေးတဲ့စာပါ။ အခြားမွေးနေ့တွေထက် ဒီနှစ်မွေးနေ့က ထူးခြားတဲ့မွေးနေ့အခါမို့ ရေးဖြစ်တာဆိုရင်လည်း မမှားပါဘူး။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို ပြည်လုံးကျွတ်လှုပ်ရှားမှာဖြစ်ပြီး ပြည်သူအားလုံး ​ဘေးကင်းတဲ့နည်းလမ်း​တွေနဲ့ပါဝင်ကြဖို့ သပိတ်​ခေါင်း​ဆောင်​တွေ ၊​သပိတ်အဖွဲ့နဲ့​တော်လှန်​​ရေးအင်အားစု​တွေက နှိုး​ဆော်​ပါတယ်။