Connect with us

Hi, what are you looking for?

သတင်း

မဲဆောက်ရောက် မြန်မာများက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ စုပေါင်းကျင်းပ

မွေးနေ့ပွဲ၌ တက်ရောက်လာသူများက လက်ရှိအချိန်တွင် စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင် ခြင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် အသက်ရှည်ကျန်းမာစေရေး ဆုတောင်းခဲ့ကြသည်ဟု မွေးနေ့ပွဲ ရောက်ရှိခဲ့သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ
ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ

▪️ဘုန်းကြီးဆွမ်းကပ်ပြီး ဒေါ်အောင်ဆန်းစုကြည် အသက်ရှည်ကျန်းမာစေရန် ဆုတောင်းပေးကြ

ထိုင်းနိုင်ငံ မဲဆောက်မြို့၌ ရောက်ရှိနေသည့် မြန်မာပြည်သူများက နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇)နှစ်ပြည့်မွေးနေ့ကို ယနေ့ စုပေါင်းကျင်းပခဲ့ကြသည်။

အဆိုပါ မွေးနေ့ပွဲအခမ်းအနားသို့ ထိုင်းရောက်မြန်မာပြည်သူ ရာနှင့်ချီတက်ရောက်ခဲ့ကြောင်း မဲဆောက် အခြေစိုက်ကရင်အမျိုးသားမီဒီယာက ဖော်ပြသည့် ဓာတ်ပုံနှင့် ဗွီဒီယိုမှတ်တမ်းများ၌ တွေ့ရသည်။

မွေးနေ့ပွဲ၌ တက်ရောက်လာသူများက လက်ရှိအချိန်တွင် စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင် ခြင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် အသက်ရှည်ကျန်းမာစေရေး ဆုတောင်းခဲ့ကြသည်ဟု မွေးနေ့ပွဲ ရောက်ရှိခဲ့သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ
ဓာတ်ပုံ – ကရင်အမျိုးသားမီဒီယာ

“မဲဆောက်မှာရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေကနေ လုပ်ပေးတဲ့ပွဲပေါ့။ ဒေါ်အောင်ဆန်းစုကြည် (၇၇) နှစ် မြောက် မွေးနေ့သူတို့ စုပေါင်းပြီးတော့ ကျင်းပပေးတာ။ သူတို့က ဘုန်းကြီး ဆွမ်းကပ်တယ်။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ သက်တော်ရာကျော်ရှည်ပါစေ ဆုတောင်းတယ်”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ကရင်အမျိုးသားမီဒီယာက ဖော်ပြသည့် ရုပ်သံတွင်လည်း အခမ်းအနားတက်ရောက်သူ တစ်ဦးက “ကျွန်တော်တို့ မျှော်လင့်တာက အမေစုအသက်ရှည်ပြီး အမြဲကျန်းကျန်းမာမာ နေနိုင်ဖို့ဆုမွန်ကောင်းတောင်းပေးပါတယ်”ဟု ပြောကြားခဲ့သည်ကို တွေ့ရသည်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ရောက်တိုင်း မြန်မာပြည်သူများစွာက ၎င်းမွေးနေ့ပွဲကို ကျင်းပခဲ့ရာ ယခုနှစ်တွင်လည်း ပြည်သူများစွာက ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီးခံထားရသည့် ပြည်သူများအချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ရန် ဆုတောင်းကာ ဒေါ်အောင်ဆန်းစုကြည်၏ မှတ်တမ်းဓာတ်ပုံများ၊ ရုပ်သံမှတ်တမ်းများကို လူမှုကွန်ရက်၌ ဖော်ပြခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။