Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွာမီးရှို့၍ပြန်လာ​သောစစ်​ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက် စစ်သား၇ ဦးထက်မနည်း​သေဟု MRDA ​ပြော

အထူးကွန်မန်ဒို တပ်သား ၁၀၀ အတွက် လိုအပ်သည့်ပစ္စည်းများတပ်ဆင်ရန် ခန့်မှန်းကုန်ကျငွေ မှာဒေါ်လာလေးသိန်းရှိမည်ဖြစ်သောကြောင့် ဇွန်လကစ၍ ပြည်တွင်း၊ပြည်ပမှပြည်သူများ၏ ထောက်ပံ့မှုကို MRDA ကမေတ္တာရပ်ခံသည်။

(မြန်မာ့​တော်ဝင်နဂါးတပ်​တော်မှ တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-MRDA)
(မြန်မာ့​တော်ဝင်နဂါးတပ်​တော်မှ တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-MRDA)

မြိုင်မြို့နယ်၊ ဌေးအောင်ကျေးရွာကို မီးရှို့ပြီးထွက်လာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခုနှစ်ဦးထက်မနည်းသေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) က ယနေ့ (ဇူလိုင် ၁၄ ရက်)တွင် ထုတ်ပြန်သည်။

ဇူလိုင် ၁၃ ရက်ညနေ၄နာရီ၁၀မိနစ်ခန့်က မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) အထူးကွန်မန်ဒိုအဖွဲ့မှ ​ဒေသတွင်းဖြန့်ကျက်ထားသော အင်အားစုများကို စုစည်း၍ စစ်ကောင်စီစစ်ကြောင်းကို ဌေးအောင်ကျေးရွာအနောက်ဘက်အနီးတွင်ပျောက်ကြားထိုးစစ်ပုံစံဖြင့်သတ်ကွင်းထဲ အရောက်စောင့်၍ တိုက်ခိုက်ခဲ့ခြင်းဟု ထုန်ပြန်သည်။

Public Service Announcement

Public Service Announcement

“အခုပုလဲနဲ့မြိုင်ဘက်မှာရန်သူ့ဘက်ကစစ်အင်အားအလုံးအရင်းနဲ့ထိုးနေတာ။ ဒါကိုရရင်ရသလို ကြားဖြတ်တိုက်နေတဲ့အထဲကတစ်ခုပါပဲ”ဟု MRDA မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲ ထိတွေ့ချိန်မှာ မိနစ် ၄၀ ကျော်ကြာမြင့်ခဲ့ပြီး မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A) အထူးကွန်မန်ဒိုအဖွဲ့မှ တပ်ဖွဲ့ဝင်များအားလုံး အထိခိုက်မရှိဘဲဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

ဗိုလ်နဂါးဦးဆောင်သည့် MRDA မှာ အထူးကွန်မန်ဒိုတပ်ဖွဲ့ ဖွဲ့စည်းနေပြီဖြစ်ပြီး ထိုတပ်ဖွဲ့ အ တွက် ပြည်တွင်း၊ပြည်ပ မှထောက် ပံ့မှု ဒေါ်လာ သုံးသိန်းရောက်ရှိပြီးဖြစ်ကြောင်း မြန်မာ့တော် ဝင်နဂါးတပ်တော် -MRDA က ယနေ့ (ဇူလိုင် ၁၀ ရက်)တွင် ထုတ်ပြန်ထားသည်။

အထူးကွန်မန်ဒို တပ်သား ၁၀၀ အတွက် လိုအပ်သည့်ပစ္စည်းများတပ်ဆင်ရန် ခန့်မှန်းကုန်ကျငွေ မှာဒေါ်လာလေးသိန်းရှိမည်ဖြစ်သောကြောင့် ဇွန်လကစ၍ ပြည်တွင်း၊ပြည်ပမှပြည်သူများ၏ ထောက်ပံ့မှုကို MRDA ကမေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

MRDA က ဖွဲ့စည်းနေသည့်အထူးတပ်ဖွဲ့သည်စစ်ကိုင်းတိုင်း အတွင်းရွာစဥ်ပတ်မီးရှို့နေသော စစ်ကောင်စီတပ်ကို တားဆီးနိုင်ရန် ကြိုးပမ်းမည်ဟု ဆိုသည်။

MRDA အနေဖြင့် ပုလဲ မြို့နယ်တွင်သာမက ယင်းမာပင်၊ဆားလင်းကြီး၊ကနီ၊ မြိုင် နှင့် ယောဒေသအရှေ့ဖက်ခြမ်းအထိ စစ်ရေးလှုပ်ရှားမှုများရှိနေသည်။