Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် PDFတိုက်ပွဲဖြစ်ပွားနေ၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ကူများကြောင့် နေအိမ်အချို့မီးလောင်

ထို့ကြောင့် မြို့အတွင်းရှိသော ပြည်သူလူထုများအနေဖြင့် အတတ်နိုင်ဆုံး ရှောင်နေပေးရန်နှင့် မြို့တွင်းသွားလာခြင်းများမပြုလုပ်ကြရန်လည်း သတိပေးသည်။

(မိုးဗြဲမြို့ရှိ ပြည်သူနေအိမ်အချို့ ယနေ့ နံနက်ပိုင်းက မီးလောင်နေသည်ကို တွေ့ရစဥ်၊ဓာတ်ပုံ - KGY)
(မိုးဗြဲမြို့ရှိ ပြည်သူနေအိမ်အချို့ ယနေ့ နံနက်ပိုင်းက မီးလောင်နေသည်ကို တွေ့ရစဥ်၊ဓာတ်ပုံ - KGY)

မိုးဗြဲမြို့တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင် စီတပ်၏ လက်နက်ကြီးပစ်ကူများကြောင့် ​​ဒေသခံပြည်သူများ၏ နေအိမ်အချို့မီးလောင်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက People’s Springသို့ ပြောသည်။

ယနေ့(ဇူလိုင် ၁၈ ရက်)နံနက် ၂နာရီကတည်းက မိုးဗြဲမြို့၊ မားသားဝေါလ်အနီး၊ ကားရေဆေးစင်နှင့် ဘုရားကျောင်းတစ်နေရာတွင် အကြမ်းဖက်စစ်ကောင်စီ တပ်က လှုပ်ရှားမှုရှိနေသည်ဟု မိုးဗြဲ PDF က ဆိုသည်။

(မိုးဗြဲမြို့ရှိ ပြည်သူနေအိမ်အချို့ ယနေ့ နံနက်ပိုင်းက မီးလောင်နေသည်ကို တွေ့ရစဥ်၊ဓာတ်ပုံ - KGY)
(မိုးဗြဲမြို့ရှိ ပြည်သူနေအိမ်အချို့ ယနေ့ နံနက်ပိုင်းက မီးလောင်နေသည်ကို တွေ့ရစဥ်၊ဓာတ်ပုံ – KGY)

“မနက် ၅ နာရီလောက်ကတည်းက နှစ်ဖက်ထိတွေ့မှုက ဖြစ်နေတာ။ကျန်တဲ့ တိကျတဲ့သတင်း အချက်အလက်ကိုတော့ လက်ရှိ အခြေအနေအရ ပြောဖို့ခက်တယ်”ဟု Mobye Rescue Team တာဝန်ရှိသူက People’s Springသို့ ရှင်းပြသည်။

နံနက် ၇နာရီခွဲအထိ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ကူများ ကြောင့် နေအိမ်တချို့လက်နက်ကြီး ထိမှန်မီးလောင်ပျက်စီးနေသည်ဟု ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

(မိုးဗြဲမြို့ရှိ ပြည်သူနေအိမ်အချို့ ယနေ့ နံနက်ပိုင်းက မီးလောင်နေသည်ကို တွေ့ရစဥ်၊ဓာတ်ပုံ - KGY)
(မိုးဗြဲမြို့ရှိ ပြည်သူနေအိမ်အချို့ ယနေ့ နံနက်ပိုင်းက မီးလောင်နေသည်ကို တွေ့ရစဥ်၊ဓာတ်ပုံ – KGY)

ထို့ကြောင့် မြို့အတွင်းရှိသော ပြည်သူလူထုများအနေဖြင့် အတတ်နိုင်ဆုံး ရှောင်နေပေးရန်နှင့် မြို့တွင်းသွားလာခြင်းများမပြုလုပ်ကြရန်လည်း သတိပေးသည်။

ထို့အပြင် ယနေ့(ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းတွင် မိုးဗြဲ မြို့နှင့်ကပ်လျက် ရှိနေသည့် ဖယ်ခုံမြို့တွင်ပါ တိုက်ပွဲ ပြင်းထန်သည်ကို ကြားသိရကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။