Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီဝါဒဖြန့် MRTV အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှုကိုအမေရိကန်နှင့် ကနေဒါကုမ္ပဏီများ ဆက်တိုက်ပိတ်ပင်

မြန်မာစစ်တပ်သည် ၎င်းတို့​၏ စိတ်ဓါတ်စစ်ဆင်ရေးအစိတ်အပိုင်းတစ်ရပ်အဖြစ် အမုန်းစကားများနှင့် သတင်းမှားများကို ဖြန့်ဝေရန် MRTV ကို အသုံးချနေခြင်းဖြစ်သည်။

Vimeo ၏ အမှတ်တံဆပ်
Vimeo ၏ အမှတ်တံဆပ်

မြန်မာစစ်ကောင်စီ​ဝါဒဖြန့် MRTV ​၏ အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှုကို ကနေဒါကုမ္ပဏီ Castr က တားမြစ်ပိတ်ပင်လိုက်ကြောင်း Justice For Myanmar က သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီ​အတွက် ဝါဒဖြန့်ပေးနေသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) ​၏ အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မှုများကို အမေရိကန်ကုမ္ပဏီများဖြစ်သော Dacast နှင့် Vimeo တို့ ပိတ်ပင်ပြီးနောက်ပိုင်း Castr ကပါ ထပ်မံပိတ်ပင်လိုက်ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သူတို့ကို ကျွန်ုပ်တို့ အသိပေးအကြောင်းကြားပြီးနောက် MRTV ကို Castr က ခုလို လျှင်လျှင်မြန်မြန် အရေးယူဆောင်ရွက်လိုက်တာကို ကျွန်ုပ်တို့က ကြိုဆိုပါတယ်” ဟု JFM က ထုတ်ပြန်သည်။

Castr ၏ အမှတ်တံဆိပ်
Castr ၏ အမှတ်တံဆိပ်

မြန်မာစစ်တပ်သည် ၎င်းတို့​၏ စိတ်ဓါတ်စစ်ဆင်ရေးအစိတ်အပိုင်းတစ်ရပ်အဖြစ် အမုန်းစကားများနှင့် သတင်းမှားများကို ဖြန့်ဝေရန် MRTV ကို အသုံးချနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

သို့သော် အမေရိကန်ထိပ်တန်းကုမ္ပဏီများဖြစ်သည့် Google နှင့် Apple ကုမ္ပဏီများသည် ၎င်းတို့​၏ အပ်ပလီကေးရှင်းစတိုးများတွင် စစ်ကောင်စီအားအသုံးပြုခွင့် ဆက်လက်ပေးအပ်နေသည်။

ထို့အတွက် အဆိုပါထိပ်တန်းကုမ္ပဏီးများအနေဖြင့် MRTV နှင့် မိုင်တဲလ်အပ်ပလီကေးရှင်းများအပါအဝင် စစ်ကောင်စီနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများကို ချက်ချင်းလက်ငင်းအရေးယူရန် JFM က တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။