Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီဝါဒဖြန့် MRTV အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှုကိုအမေရိကန်နှင့် ကနေဒါကုမ္ပဏီများ ဆက်တိုက်ပိတ်ပင်

မြန်မာစစ်တပ်သည် ၎င်းတို့​၏ စိတ်ဓါတ်စစ်ဆင်ရေးအစိတ်အပိုင်းတစ်ရပ်အဖြစ် အမုန်းစကားများနှင့် သတင်းမှားများကို ဖြန့်ဝေရန် MRTV ကို အသုံးချနေခြင်းဖြစ်သည်။

Vimeo ၏ အမှတ်တံဆပ်
Vimeo ၏ အမှတ်တံဆပ်

မြန်မာစစ်ကောင်စီ​ဝါဒဖြန့် MRTV ​၏ အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှုကို ကနေဒါကုမ္ပဏီ Castr က တားမြစ်ပိတ်ပင်လိုက်ကြောင်း Justice For Myanmar က သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီ​အတွက် ဝါဒဖြန့်ပေးနေသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) ​၏ အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မှုများကို အမေရိကန်ကုမ္ပဏီများဖြစ်သော Dacast နှင့် Vimeo တို့ ပိတ်ပင်ပြီးနောက်ပိုင်း Castr ကပါ ထပ်မံပိတ်ပင်လိုက်ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သူတို့ကို ကျွန်ုပ်တို့ အသိပေးအကြောင်းကြားပြီးနောက် MRTV ကို Castr က ခုလို လျှင်လျှင်မြန်မြန် အရေးယူဆောင်ရွက်လိုက်တာကို ကျွန်ုပ်တို့က ကြိုဆိုပါတယ်” ဟု JFM က ထုတ်ပြန်သည်။

Castr ၏ အမှတ်တံဆိပ်
Castr ၏ အမှတ်တံဆိပ်

မြန်မာစစ်တပ်သည် ၎င်းတို့​၏ စိတ်ဓါတ်စစ်ဆင်ရေးအစိတ်အပိုင်းတစ်ရပ်အဖြစ် အမုန်းစကားများနှင့် သတင်းမှားများကို ဖြန့်ဝေရန် MRTV ကို အသုံးချနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

သို့သော် အမေရိကန်ထိပ်တန်းကုမ္ပဏီများဖြစ်သည့် Google နှင့် Apple ကုမ္ပဏီများသည် ၎င်းတို့​၏ အပ်ပလီကေးရှင်းစတိုးများတွင် စစ်ကောင်စီအားအသုံးပြုခွင့် ဆက်လက်ပေးအပ်နေသည်။

ထို့အတွက် အဆိုပါထိပ်တန်းကုမ္ပဏီးများအနေဖြင့် MRTV နှင့် မိုင်တဲလ်အပ်ပလီကေးရှင်းများအပါအဝင် စစ်ကောင်စီနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများကို ချက်ချင်းလက်ငင်းအရေးယူရန် JFM က တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။