Connect with us

Hi, what are you looking for?

သတင်း

ကယားပြည်နယ်တွင် ကြားကာလပညာရေးကျောင်း ၃၀၀ နီးပါးဖွင့်လှစ်ထားနိုင်ပြီဖြစ်ပြီး ရာထားချက်ပြည့်တော့မည်

စစ်အုပ်စုမှ စတင်အာဏာသိမ်းယူခဲ့သည့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ကယားပြည်နယ်တွင် ကြားကာလပညာသင်ကြားရေးအတွက် ကျောင်းသား၊ ကျောင်းသူ ၂၀,၀၀၀ ကျော်ပညာသင်ကြားခွင့်ရခဲ့ကြောင်း ဆရာမများသမဂ္ဂ၏ စာရင်းများအရ သိရသည်။

(ဓါတ်ပုံ-ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂ၏ ကွင်းဆင်းမှတ်တမ်းအချို့)
(ဓါတ်ပုံ-ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂ၏ ကွင်းဆင်းမှတ်တမ်းအချို့)

ကယားပြည်နယ်အတွင်း ကြားကာလပညာရေးသင်ကြားရေးကျောင်းများ ဖွင့်လှစ်လျှက်ရှိရာ ကျောင်းပေါင်း ၃၀၀ နီးပါးဖွင့်လှစ်ထားနိုင်ပြီဖြစ်ကာ ရာထားချက်ပြည့်မီတော့မည်ဖြစ်ကြောင်း ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂက ပြောသည်။

ကျောင်းများဖွင့်လှစ်နိုင်ရေးကို သမဂ္ဂအဖွဲ့ဝင် ဆရာ၊ ဆ ရာမများက မြေပြင်ကွင်းဆင်း၍ လိုအပ်သည်များ ကူ ညီဖြည့်ဆည်းပေးခြင်းနှင့် ဆွေးနွေးညှိနှိုင်းခြင်းများကို ဆက်တိုက်ပြုလုပ်နေပြီး သင်ကြားရေးပိုင်းကိုမူ CDM ဆရာ၊ ဆရာမများက တာဝန်ယူပေးနေကြောင်း သိရသည်။

“စစ်ရှောင် CDM ဆရာ/မ တွေက ကိုယ်ထူကိုယ်ထ ဆောင်ရွက်ကြတာများပါတယ်။ ဆရာ/မ မလုံလောက်ရင်တော့ ချိတ်ဆက်ပေးပါတယ်ရှင့်”ဟု ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂမှ ဆရာမတစ်ဦးက ပြောသည်။

ကျောင်းများအနေဖြင့် မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် ညှိနှိုင်းရန်လိုအပ်ပြီး ကိုယ်ပိုင်ကျောင်း တည်ထောင်ခြင်းကို အားမပေးသလို လက်မခံကြောင်း ဆရာများသမဂ္ဂက ယနေ့(ဇူလိုင် ၂၂)တွင် အသိပေး ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

သမဂ္ဂသည် ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်မဆုံးရှူံးရေးနှင့် အသက်အရွယ်နှင့်ကိုက်ညီသော အတန်းကူးပြောင်းခွင့် အာမခံချက်များရရှိရေးတို့အတွက် တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ မြို့နယ်ပညာရေးဘုတ်အဖွဲ့၊ နယ်မြေခံ EROS ပညာရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအဖွဲ့များ၊ Non Formal Education ဆောင်ရွက်နေသော ပညာရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ပညာရေးလုပ် ငန်းများကို ကြိုးစားဖော်ဆောင်ပေးလျက်ရှိသည်ဟု ဆိုသည်။

ပညာရေးသည် လူသားတိုင်း၏ အခွင့်အရေးတစ်ရပ်ဖြစ်ပြီး ငြိမ်းချမ်းရေးကို ရှေးရှူသောပညာသင်ကြားရေးဖြစ်ရန်လိုအပ်ပြီး ကလေးသူငယ်များ၏ လွတ်လပ်ခွင့်ကို ဦးတည်ပြီး ဖက်ဒရယ် ဒီမိုကရေစီပညာရေးကို ဖော်ဆောင်ရမည်ဟု သမဂ္ဂထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုများပိုမိုထွန်းကားရေး လုပ်ဆောင်ရမည်ကာ မိမိတို့ကျောင်း၏ဖွံဖြိုးတိုးတက်ရေးကို မိမိတို့ဆုံးဖြတ်ပိုင်ခွင့်ရှိရမည်ဖြစ်ပြီးပြည်သူများ၏ အကူအညီကို ရယူသွားမည်ဟု အသိပေးသည်။

(ဓါတ်ပုံ-ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂ၏ ကွင်းဆင်းမှတ်တမ်းအချို့)
(ဓါတ်ပုံ-ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂ၏ ကွင်းဆင်းမှတ်တမ်းအချို့)

ထို့အပြင် ကျောင်းသားမိဘများထံမှ ငွေကြေးကောက်ခံခြင်းကို (လုံးဝ)အားမပေးဘဲ သမဂ္ဂအဖွဲ့နှင့် သက်ဆိုင်ရာပညာရေးဘုတ်အဖွဲ့များမှ လိုအပ်သလို ထောက်ပံ့သွားမည်ဖြစ်ပြီး ပညာရေးလိုအပ်ချက်အတွက် ကျောင်းအကျိုးတော်ဆောင် ကော်မတီဖွဲ့၍ ကျောင်းရံပုံငွေ ချိတ် ဆက်ရှာဖွေ ထောက်ပံ့မှုများပြုလုပ်နိုင်သည်ဟု ဆိုသည်။

“ကိုယ်ထူကိုယ်ထ ပညာရေးဟု အကြောင်းပြအလှူခံပြီး ကိုယ်ပိုင်ကျောင်း သဘောမျိုးထူထောင်ခြင်းကို (လုံးဝ)အားမပေး လက်မခံပါ”ဟု အခြေခံပညာဆရာများ သမဂ္ဂက သဘောထားထုတ်ပြန်သည်။

စစ်အုပ်စုမှ စတင်အာဏာသိမ်းယူခဲ့သည့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ကယားပြည်နယ်တွင် ကြားကာလပညာသင်ကြားရေးအတွက် ကျောင်းသား၊ ကျောင်းသူ ၂၀,၀၀၀ ကျော်ပညာသင်ကြားခွင့်ရခဲ့ကြောင်း ဆရာမများသမဂ္ဂ၏ စာရင်းများအရ သိရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လူ့အဖွဲ့စည်းတွင် ယနေ့ခေတ်ကာလမှာ AI (Artificial Intelligence) ဉာဏ်ရည်တုကို နယ်ပယ်အသီးသီးတွင် တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်သည်။ ထို AI ဉာဏ်ရည်တုကို အသုံးပြုသည့်အခါ သိသယောင် အားနည်းချက်(Hallucination)သည် အန္တရာယ်အလွန် ရှိနိုင်သည့် ပြဿနာတခု ဖြစ်နေပါသည်။

သတင်း

ရခိုင်ပြည်နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်အပါအ၀င် စားဝတ်နေရေး ကြပ်တည်းမှုဒဏ်ကြောင့် ကျောင်းမတက်ရတဲ့ ကလေးငယ်တွေ များလာနေတယ်လို့ ဒေသတွင်းလူမှုကူညီရေးအဖွဲ့တွေနဲ့ ကျောင်းသားမိဘတွေက ပြောကြပါတယ်။

သတင်း

၂၀၂၆တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ အနေနဲ့ ဒီနေ့ (မတ်၁၇)မှာ ဇီဝ‌ဗေဒ နဲ့ ဘောဂဗေဒ ဘာသာရပ်တွေ ဖြေဆိုခဲ့ကြပါတယ်။

ဆောင်းပါး

ကျောင်းတွေ နဲ့ စာသင်ခန်းတွေထဲမှာ အသက်သေဆုံးတဲ့အထိဖြစ်လာတဲ့ ကျောင်းသားချင်းအုပ်စုဖွဲ့ရန်ပွဲသတင်းတွေကို ကိုသက်နိုင်တစ်ယောက် နားနဲ့မဆန့်အောင် မကြာခဏကြားနေရပါတယ်။ကျောင်းသားမိဖတစ်ဦးမို့ အလုပ်လုပ်ရတာလည်း မဖြောင့်တော့ပါဘူး။ လူက အလုပ်ထဲမှာပေမယ့် စိတ်က သားဖြစ်သူရှိတဲ့ စာသင်ခန်းကိုပဲ ရောက်နေပါတယ်။