Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကယားပြည်နယ်တွင် ကြားကာလပညာရေးကျောင်း ၃၀၀ နီးပါးဖွင့်လှစ်ထားနိုင်ပြီဖြစ်ပြီး ရာထားချက်ပြည့်တော့မည်

စစ်အုပ်စုမှ စတင်အာဏာသိမ်းယူခဲ့သည့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ကယားပြည်နယ်တွင် ကြားကာလပညာသင်ကြားရေးအတွက် ကျောင်းသား၊ ကျောင်းသူ ၂၀,၀၀၀ ကျော်ပညာသင်ကြားခွင့်ရခဲ့ကြောင်း ဆရာမများသမဂ္ဂ၏ စာရင်းများအရ သိရသည်။

(ဓါတ်ပုံ-ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂ၏ ကွင်းဆင်းမှတ်တမ်းအချို့)
(ဓါတ်ပုံ-ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂ၏ ကွင်းဆင်းမှတ်တမ်းအချို့)

ကယားပြည်နယ်အတွင်း ကြားကာလပညာရေးသင်ကြားရေးကျောင်းများ ဖွင့်လှစ်လျှက်ရှိရာ ကျောင်းပေါင်း ၃၀၀ နီးပါးဖွင့်လှစ်ထားနိုင်ပြီဖြစ်ကာ ရာထားချက်ပြည့်မီတော့မည်ဖြစ်ကြောင်း ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂက ပြောသည်။

ကျောင်းများဖွင့်လှစ်နိုင်ရေးကို သမဂ္ဂအဖွဲ့ဝင် ဆရာ၊ ဆ ရာမများက မြေပြင်ကွင်းဆင်း၍ လိုအပ်သည်များ ကူ ညီဖြည့်ဆည်းပေးခြင်းနှင့် ဆွေးနွေးညှိနှိုင်းခြင်းများကို ဆက်တိုက်ပြုလုပ်နေပြီး သင်ကြားရေးပိုင်းကိုမူ CDM ဆရာ၊ ဆရာမများက တာဝန်ယူပေးနေကြောင်း သိရသည်။

“စစ်ရှောင် CDM ဆရာ/မ တွေက ကိုယ်ထူကိုယ်ထ ဆောင်ရွက်ကြတာများပါတယ်။ ဆရာ/မ မလုံလောက်ရင်တော့ ချိတ်ဆက်ပေးပါတယ်ရှင့်”ဟု ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂမှ ဆရာမတစ်ဦးက ပြောသည်။

ကျောင်းများအနေဖြင့် မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် ညှိနှိုင်းရန်လိုအပ်ပြီး ကိုယ်ပိုင်ကျောင်း တည်ထောင်ခြင်းကို အားမပေးသလို လက်မခံကြောင်း ဆရာများသမဂ္ဂက ယနေ့(ဇူလိုင် ၂၂)တွင် အသိပေး ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

သမဂ္ဂသည် ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်မဆုံးရှူံးရေးနှင့် အသက်အရွယ်နှင့်ကိုက်ညီသော အတန်းကူးပြောင်းခွင့် အာမခံချက်များရရှိရေးတို့အတွက် တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ မြို့နယ်ပညာရေးဘုတ်အဖွဲ့၊ နယ်မြေခံ EROS ပညာရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအဖွဲ့များ၊ Non Formal Education ဆောင်ရွက်နေသော ပညာရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ပညာရေးလုပ် ငန်းများကို ကြိုးစားဖော်ဆောင်ပေးလျက်ရှိသည်ဟု ဆိုသည်။

ပညာရေးသည် လူသားတိုင်း၏ အခွင့်အရေးတစ်ရပ်ဖြစ်ပြီး ငြိမ်းချမ်းရေးကို ရှေးရှူသောပညာသင်ကြားရေးဖြစ်ရန်လိုအပ်ပြီး ကလေးသူငယ်များ၏ လွတ်လပ်ခွင့်ကို ဦးတည်ပြီး ဖက်ဒရယ် ဒီမိုကရေစီပညာရေးကို ဖော်ဆောင်ရမည်ဟု သမဂ္ဂထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုများပိုမိုထွန်းကားရေး လုပ်ဆောင်ရမည်ကာ မိမိတို့ကျောင်း၏ဖွံဖြိုးတိုးတက်ရေးကို မိမိတို့ဆုံးဖြတ်ပိုင်ခွင့်ရှိရမည်ဖြစ်ပြီးပြည်သူများ၏ အကူအညီကို ရယူသွားမည်ဟု အသိပေးသည်။

(ဓါတ်ပုံ-ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂ၏ ကွင်းဆင်းမှတ်တမ်းအချို့)
(ဓါတ်ပုံ-ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂ၏ ကွင်းဆင်းမှတ်တမ်းအချို့)

ထို့အပြင် ကျောင်းသားမိဘများထံမှ ငွေကြေးကောက်ခံခြင်းကို (လုံးဝ)အားမပေးဘဲ သမဂ္ဂအဖွဲ့နှင့် သက်ဆိုင်ရာပညာရေးဘုတ်အဖွဲ့များမှ လိုအပ်သလို ထောက်ပံ့သွားမည်ဖြစ်ပြီး ပညာရေးလိုအပ်ချက်အတွက် ကျောင်းအကျိုးတော်ဆောင် ကော်မတီဖွဲ့၍ ကျောင်းရံပုံငွေ ချိတ် ဆက်ရှာဖွေ ထောက်ပံ့မှုများပြုလုပ်နိုင်သည်ဟု ဆိုသည်။

“ကိုယ်ထူကိုယ်ထ ပညာရေးဟု အကြောင်းပြအလှူခံပြီး ကိုယ်ပိုင်ကျောင်း သဘောမျိုးထူထောင်ခြင်းကို (လုံးဝ)အားမပေး လက်မခံပါ”ဟု အခြေခံပညာဆရာများ သမဂ္ဂက သဘောထားထုတ်ပြန်သည်။

စစ်အုပ်စုမှ စတင်အာဏာသိမ်းယူခဲ့သည့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ကယားပြည်နယ်တွင် ကြားကာလပညာသင်ကြားရေးအတွက် ကျောင်းသား၊ ကျောင်းသူ ၂၀,၀၀၀ ကျော်ပညာသင်ကြားခွင့်ရခဲ့ကြောင်း ဆရာမများသမဂ္ဂ၏ စာရင်းများအရ သိရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အထူးသဖြင့် နိုင်ငံရေးအရ စုပေါင်းအင်အားစုများကို တည်ဆောက်ရာတွင် သက်ဆိုင်ရာ နိုင်ငံရေး အင်အားစုများနှင့် အကျယ်ပြန့်ဆုံး ပေါင်းစပ် လုပ်ဆောင်ကြရန် အထူးအရေးကြီးကြောင်း NUG ယာယီသမ္မတက တိုက်တွန်းသည်။

သတင်း

စစ်ကောင်စီ၏ ငွေစက္ကူအသစ်ရိုက်နှိပ်သည့် ဂယက်ကြောင့် ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များအပါအဝင် စက်သုံးဆီဈေး၊ ရွှေဈေးနှင့်ဒေါ်လာဈေးများ တရှိန်ထိုးမြှင့်တက်ခဲ့သည်။

သတင်း

NUG၏ ကြားကာလဗဟိုဘဏ် ဥက္ကဌဖြစ်သူစီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ယနေ့ရက်စွဲဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

သတင်း

နွေဦးဘဏ်ကို တည်ထောင်ရာတွင် မတည်ရင်းနှီးရင်းငွေသည် အနိမ့်ဆုံး ဒေါ်လာ ၅ သိန်းဖြစ်ပြီး ဘဏ်အစုရှယ်တစ်စုကို ဒေါ်လာ ၀.၀၀၀၁ ( ၀.၃၁ ကျပ်) ဖြင့် အစုရှယ်ယာပေါင်း တစ်ရာဘီလီယံ သတ်မှတ်ထားသည်ဟုအဆိုပါစည်းမျဉ်းတွင်ဖော်ပြထားသည်။