Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးတွင် ဒေသခံပြည်သူနှစ်ဦးကို ရဲနှင့်ပျူများက သတ်ဖြတ်

လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများက အပြစ်မဲ့ပြည်သူများအား ရက်စက်စွာသတ်ဖြတ်မှုများကျူးလွန်လျက်ရှိရာ ပြီးခဲ့သည့် ပြီးခဲ့သည့်ဧပြီတွင် ပြည်သူလေးဦး၊ ဇွန်လအတွင်း ပြည်သူငါးဦး အသီးသီးအသက်ဆုံးရှုံးခဲ့ရသည်။

လောင်းလုံးတွင် ဒေသခံပြည်သူနှစ်ဦးကို ရဲနှင့်ပျူများက သတ်ဖြတ်
လောင်းလုံးတွင် ဒေသခံပြည်သူနှစ်ဦးကို ရဲနှင့်ပျူများက သတ်ဖြတ်

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောင်ခံ ရဲနှင့် ပျူစောထီး များက ဒေသခံပြည်သူနှစ်ဦး ၎င်းတို့၏နေအိမ်များသို့ သွားရောက်ပစ်သတ်ခဲ့ကြောင်း လောင်းလုံး(ပကဖ)က ယနေ့(ဇူလိုင် ၂၅) ထုတ်ပြန်သည်။

ယနေ့နံနက်အစော ၁ နာရီခွဲခန့်တွင် လောင်းလုံမြို့နယ် မောင်မကန်ရဲစခန်းမှ ရဲနှင့် ပျူစောထီးများအပါအဝင်ငါးဦးသည် မောင်းမကန်ရွာနေ ရပ်မိ၊ရပ်ဖ တစ်ဦးဖြစ်သော ဦးဇော်ဝင်းအိမ်သို့ ကားဖြင့်ရောက်လာပြီး ဦးဇောဝင်းအား နေအိမ်အပြင်သို့ခေါ်ထုတ်ကာ ဦးခေါင်းကိုတေ့ပစ်ခဲ့သည်ဟု ဖော်ပြသည်။ ထို့အပြင် လက်တွင်လည်း နှစ်ချက်ပစ်ခတ်ခံရကာ အသက်ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

အလားတူ လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာမှ ဒေါပွာဆိုသူအားလည်း PDF များအားထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် ယနေ့နံနက်အစောပိုင်း ၁၂ နာရီခွဲခန့်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ထုတ်ပြန်သည်။

လောင်းလုံးတွင် ဒေသခံပြည်သူနှစ်ဦးကို ရဲနှင့်ပျူများက သတ်ဖြတ်
လောင်းလုံးတွင် ဒေသခံပြည်သူနှစ်ဦးကို ရဲနှင့်ပျူများက သတ်ဖြတ်

အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ရဲနှင့်ပျူစောထီးများ၏ ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရသော ပြည်သူနှစ်ဦးမှာ ၎င်းတို့ရပ်ရွာများ၌ အေးဆေးစွာနေထိုင်တတ်သောရပ်မိရပ်ဖများဖြစ်ပြီး သတ်ဖြတ်ခံရပြီးနောက် ၎င်းတိုလနေအိမ်များမှ ဖုန်းနှစ်လုံး၊ လက်စွပ်တစ်ကွင်းနှင့် ကားတစ်စီး တို့ကို သိမ်းဆည်းသွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ဒီစကစ နှင့် စကစ လက်ပါးစေများကို အစွမ်းကုန် လက်တုံ့ပြန် သွားမည် ဖြစ်ပါသည် ခင်ဗျာ”ဟု လောင်းလုံး(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။

လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများက အပြစ်မဲ့ပြည်သူများအား ရက်စက်စွာသတ်ဖြတ်မှုများကျူးလွန်လျက်ရှိရာ ပြီးခဲ့သည့် ပြီးခဲ့သည့်ဧပြီတွင် ပြည်သူလေးဦး၊ ဇွန်လအတွင်း ပြည်သူငါးဦး အသီးသီးအသက်ဆုံးရှုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။