အကြမ်းဖက်စစ်ကောင်စီက ဥပဒေမဲ့ မတရားကြိုးမိန့်ပေးသတ်ဖြတ်ခြင်းကို ပြင်းထန်စွာရှုတ်ချ ကြောင်းနှင့် ယင်းကိစ္စအပေါ် လက်တုန့်ပြန်သွားမည်ဟု Yangon Urban Guerrillas – YUG က သတိပေးလိုက်သည်။
“ဦးဖြိုးဇေယျာသော် (ခ) ကိုမောင်ကျော်၊ ဦးဂျင်မီ (ခ) ဦးကျော်မင်းယု၊ ဦးလှမျိုးအောင် (ခ) ကိုမျိုး နှင့် ဦးအောင်သူရဇော် (ခ) ကိုကတုံး တို့အား စစ်ကောင်စီမှ ဥပဒေမဲ့ မတရား ကြိုးမိန့်ပေး သတ်ဖြတ်ခဲ့ခြင်းအား လုံးဝ လက်မခံနိုင်ကြောင်းနှင့် ပြင်းထန်စွာ ရှုံ့ချကြောင်း YUG – Yangon Urban Guerrillas မှ အသိပေးလိုက်သည်။ ကျွန်ုပ်တို့ YUG – Yangon Urban Guerrillas မှ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များသည် ယခုကိစ္စအတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် အပေါင်းအပါများအား လက်တုံ့ပြန်သွားမည်ဖြစ်သည်။ “ဟု ဇူလိုင် ၂၅ ရက် တွင် YUG က ကြေညာချက် ထုတ်ပြန်သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့်လည်းစစ်ကောင်စီကို တတ်နိုင်သည့်ဘက်မှ တော်လှန်ရေးနှင့် တော်လှန်ရေးအဖွဲ့များကိုလည်း ကူညီပံ့ပိုးရန် တိုက်တွန်းထား သည်။


















































