Connect with us

Hi, what are you looking for?

သတင်း

ပဋိပက္ခဒဏ်သင့် မြန်မာကလေးငယ်တွေအတွက် ထပ်စောင့်ပေးဖို့ အချိန်မရှိတော့ဘူးလို့ ယူနီဆက်ဖ် သတိပေး

မြန်မာနိုင်ငံမှာ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၃.၄ သန်းလောက်ထိ ရှိရာမှာ ၄၀ ရာခိုင်နှုန်း နီးပါးက အသက်မပြည့်သေးတဲ့ ကလေးတွေ ဖြစ်ပါတယ်။

(စစ်​ကောင်စီတပ် ဗုံးကြဲ သတ်ဖြတ်မှုများ အန္တရာယ် ကာကွယ်နိုင်ရန် ဗုံးခိုကျင်းအတွင်း တိမ်း​ရှောင်မှု ​လေ့ကျင့်​နေ​သော ကရင်ပြည်နယ်မှ က​လေးငယ်များ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ် ဗုံးကြဲ သတ်ဖြတ်မှုများ အန္တရာယ် ကာကွယ်နိုင်ရန် ဗုံးခိုကျင်းအတွင်း တိမ်း​ရှောင်မှု ​လေ့ကျင့်​နေ​သော ကရင်ပြည်နယ်မှ က​လေးငယ်များ ။ဓါတ်ပုံ-CJ)

▪︎၂၀၂၄ခုနှစ်မှာပင် ကလေးတွေ ထိခိုက်သေဆုံးမှု စုစုပေါင်း ၆၅၀ ကျော်

People’s Spring

မြန်မာ့ နိုင်ငံရေး အကျပ်အတည်းမှာ ကြားညပ်ပြီး ဒုက္ခရောက်နေတဲ့ ကလေးတွေအတွက် ထပ်ပြီး စောင့်ဆိုင်းပေးနိုင်တဲ့ အချိန် မရှိတော့ဘူးလို့ ကုလသမဂ္ဂ ကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)က သတိပေးလိုက်ပါတယ်။

ယူနီဆက်ဖ်ရဲ့ လက်ထောက် အမှုဆောင် ညွှန်ကြားရေးမှူး တက်ဒ်ချိုင်ဘန်က ပဋိပက္ခဒဏ်ခံ မြန်မာ့ ကလေးငယ်တွေရဲ့ ကြမ်းတမ်းတဲ့ ဘဝဖြတ်သန်းနေရမှုတွေကို ကူညီဖြေရှင်းပေးဖို့ နိုင်ငံတကာအဆင့် အရေးပေါ် အကူအညီတွေ လိုအပ်နေပြီလို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ သတိပေး ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းခဲ့မှု​ကြောင့် နိုင်ငံအနှံ့ ကူးစက်လာတဲ့ စစ်မီးဟာ အရပ်သား ကလေးငယ်တွေကိုပါ ဖိစီးနှိပ်စက်ခဲ့သလို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေနဲ့ နင်းမိုင်းအန္တရာယ်လို ကိစ္စတွေကလည်း ကလေးတွေကို ခြိမ်းခြောက်နေပါတယ်။ အခုနှစ်ထဲမှာတင် ပဋိပက္ခနဲ့ ဆက်စပ်ပြီး ကလေးတွေ ထိခိုက်သေဆုံးမှု စုစုပေါင်း ၆၅၀ ကျော်လောက် ရှိခဲ့ပြီး ဖြစ်တယ်လို့ ယူနီဆက်ဖ်က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ပွဲတွေမှာ လူနေအိမ်တွေ၊ ကျောင်းတွေ၊ ဆေးရုံတွေကိုတောင် ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေ ရှိနေတဲ့အတွက် ကလေးတွေအဖို့ လုံလုံခြုံခြုံ ခိုလှုံနိုင်မယ့် နေရာရယ်လို့ မရှိတော့ကြောင်း၊ မြန်မာ ကလေးငယ်တွေရဲ့ လုံခြုံမှု၊ ဘေးကင်းမှုတွေဟာ သူတို့ဆီကနေ အဓမ္မ လုယူခံနေရတာဖြစ်ကြောင်း ချိုင်ဘန်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၃.၄ သန်းလောက်ထိ ရှိရာမှာ ၄၀ ရာခိုင်နှုန်း နီးပါးက အသက်မပြည့်သေးတဲ့ ကလေးတွေ ဖြစ်ပါတယ်။

စစ်ဒဏ်ကြောင့် အပြစ်မဲ့ ကလေးတွေ သေဆုံးမှုရဲ့ ထင်ရှားတဲ့ ဥပမာ တစ်ခုအဖြစ် နိုဝင်ဘာ ၁၅ ရက်နေ့တုန်းက ကချင်ပြည်နယ်မှာ ဘုရားကျောင်း တစ်ခုကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု တစ်ခုကြောင့် ဘုရားကျောင်း ဝင်းထဲမှာ ဘောလုံးကန်နေတဲ့ ကလေး ၇ ဦးနဲ့ လူကြီး ၂ ဦး သေဆုံးခဲ့ပါတယ်။

ကချင်ပြည်နယ်ကို မကြာသေးခင်က သွားရောက်ထားဖူးတဲ့ ချိုင်ဘန်က ပဋိပက္ခ နယ်မြေတွေမှာ ကလေးတွေအပေါ် ဘေးအန္တရာယ် ကျရောက်နိုင်ခြေတွေ ဘယ်လောက် မြင့်မြင့်မားမား ရှိသလဲဆိုတာ အနီးကပ် လေ့လာ သဘောပေါက်ခဲ့ကြောင်း ပြောပါတယ်။ သူက မြန်မာ့ ပြည်တွင်းပဋိပက္ခမှာ ပါဝင်ဆက်နွှယ်နေတဲ့ အဖွဲ့အစည်းအားလုံး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စည်းမျဉ်း ဥပဒေတွေကို လေးစားလိုက်နာဖို့၊ ခက်ထန် ရက်စက်တဲ့ တိုက်ခိုက်မှုတွေကနေ ကလေးတွေကို ကာကွယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

မြန်မာဟာ စစ်ဒဏ်သင့်နေတဲ့အပြင် စက်တင်ဘာလတုန်းက တိုင်ဖွန်းမုန်တိုင်း ယာဂီရဲ့ အကြွင်းအကျန်တွေ မွှေနှောက်ဖျက်ဆီးတဲ့ဒဏ်ကြောင့် နိုင်ငံရဲ့ အစိတ်အပိုင်းတချို့မှာ ဆိုးရွားတဲ့ ရေကြီးမှုတွေ ခံစားခဲ့ရပြီး ကလေးတွေ အပါအဝင် လူပေါင်း တစ်သန်းကျော် ရေဘေးသင့်ခဲ့ပါတယ်။

ကလေးတွေဆီကို ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်ဖို့ ဆိုရာမှာလည်း ရှိရင်းစွဲ လက်နက်ကိုင် ပဋိပက္ခတွေ၊ လုံခြုံရေး အခြေအနေတွေ၊ ဗျူရိုကရက်တစ် ကြိုးနီစနစ် နှောင့်နှေးမှုတွေ၊ ဆက်သွယ်ရေး အခက်အခဲတွေ၊ ကာကွယ်ရေး အစီအမံ ကင်းမဲ့မှုတွေကြောင့် စိန်ခေါ်မှုတွေ အများကြီး ကြုံနေရတယ်လို့လည်း သူက ဆိုပါတယ်။

လိုအပ်ချက်တွေက ပိုများလာပေမယ့် ယူနီဆက်ဖ်ရဲ့ ရန်ပုံငွေဟာ ၂၅ ရာခိုင်နှုန်းလောက် လျော့ကျနေကြောင်း၊ မြန်မာနိုင်ငံက ကလေးတွေကို ကူညီဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းဟာ ညီညီညွတ်ညွတ် သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ အားထုတ်ပေးကြဖို့ လိုအပ်ကြောင်း၊ ကလေးတွေအတွက် အကူအညီတောင်ကို ရနိုးရနိုး စောင့်နေဖို့ အချိန်မကျန်တော့ကြောင်းလည်း ချိုင်ဘန်က ပြောကြားသွားပါတယ်။

ယူနီဆက်ဖ်ကတော့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရှုပ်ထွေးဆုံး လူသားချင်းစာနာမှု အကျပ်အတည်း ပြဿနာတစ်ခု တည်ရှိရာနေရာ ဖြစ်နေပေမယ့်လည်း ကလေးတွေကို ကူညီဖို့၊ အထောက်အပံ့တွေ ပို့ဆောင်နိုင်ဖို့ အစွမ်းရှိသမျှ အားထုတ် ကြိုးစားသွားမယ်လို့ ကြေညာထားပါတယ်။

ကိုးကား- UNICEF

ဆက်စပ်သတင်းများ

သတင်း

ချင်းလက်နက်ကိုင်အချင်းချင်းအကြားလက်နက်ကိုင်လမ်းစဉ်ဖြင့်အပြန် အလှန် တိုက်ခိုက်ခြင်းသည်ဘုံရန်သူဖြစ်သည့် စစ်ကောင်စီဖြစ်စေချင်သည့်အတိုင်း လုပ်ဆောင်ပေးခြင်း၊ တော်လှန်ရေးကိုနှောင့်နှေးစေခြင်း၊ ပြည်သူများကိုစိတ်ဝမ်းကွဲမှုကိုဖြစ်ပေါ်စေခြင်းစသည်တို့ကို ဦးတည်စေသည့်လုပ်ရပ်ဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ၅ဖွဲ့က ဇူလိုင် ၂၀ရက်တွင် ပူးတွဲထုတ်ပြန်သည်။

သတင်း

CNDF က CDF ဟွာလ်ငိုးရမ်းစခန်းအချို့ နှင့် ရိဒ်မြို့ကိုသိမ်းယူပြီးနောက် ၊ CNDF ဌာနချုပ်ကို CNA သိမ်းပိုက်

ဘာသာပြန်ဆောင်းပါး

ဇွန်လ ၁၃ ရက်နေ့မှာ အစ္စရေးက အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေနဲ့ စစ်စခန်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အစပြုခဲ့သလို အီရန်ရဲ့ နျူကလီးယား ပညာရှင်တွေ၊ ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကိုပါ လုပ်ကြံ သတ်ဖြတ်ခဲ့ပါတယ်။

သတင်း

မဟာလူမျိုးကြီးဝါဒ နှင့် အာဏာရှင်စနစ်နှင့် ထိုမူထိုစနစ်များကို ကျင့်သုံးပြီး ပြည်တွင်း ပဋိပက္ခကို ဖန်တီးနေသောသူများကို အပြီးတိုင် တိုက်ဖျက် ရန်ကရင်လူမျိုးများ၏တာဝန်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကပြောကြားသည်။

Facebook