Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပင်းတယမြို့ ထွေအုပ်ရုံးအား နောက်တစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်မည်ဖြစ်၍ Non CDMဝန်ထမ်းများ အမြန်ဆုံးရှောင်ရှားကြရန် ချိုးဖြူပြောက်ကျားတပ်ဖွဲ့ သတိပေး

အကြမ်းဖက်စစ်ကောင်စီတပ်များ အပါအဝင် ၎င်းတို့၏ဆက်နွှယ်သောနေရာ၊ ဌာနများ ၊ ပျူစောထီးများနှင့် ၎င်းတို့၏ ထောက်တိုင်များကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွား မည်ဖြစ် ပါသောကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့နှင့်ပတ်သက်ဆက်သွယ်ခြင်း လုံးဝမပြုလုပ်ကြ ပါရန်လည်း မေတ္တာရပ်ခံထားသည်။

ပင်းတယမြို့
ပင်းတယမြို့

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား နောက်တစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်သွားမည်ဖြစ်၍ Non CDM ဝန်ထမ်းများ အမြန်ဆုံးရှောင်ရှားကြရန် ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF)က သတိပေး လိုက်သည်။

ပင်းတယမြို့ရှိ ထွေအုပ်ရုံးအား ယနေ့(ဇူလိုင် ၂၆ရက်)နံနက်က ဖောက်ခွဲ တိုက်ခိုက်ခဲ့သော်လည်း မပေါက်ကွဲခဲ့​ကြောင်း၊ သို့သော် ပိုပြင်းသောဗုံးဖြင့် တိုက်ခိုက်သွားမည်ဖြစ်ပြီး Non CDM ထွေအုပ်ဝန်ထမ်းများအနေဖြင့် ထိုနေရာမှ အမြန်ဆုံးရှောင်ရှားကြရန် သတိပေးလိုက်ကြောင်း JPGFက ထုတ်ပြန်ထားသည်။

ထို့အပြင် ပင်းတယမြို့နယ်မှ ထွေအုပ်ဝန်ထမ်းများနှင့် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှုးများ ယနေ့(ဇူလိုင် ၂၆ရက်)မှစ၍ (၁၅)ရက်အတွင်း နှုတ်ထွက်ကြရန် JPGFက သတိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ကို အပြင်းအထန်တိုက်ခိုက်တော့မည်ဖြစ်ပြီး ရန်ငါစည်းပြတ်ရမည့် အခြေအနေသို့ ရောက်လာပြီဖြစ်၍ နောက်ဆုံးအကြိမ် သတိပေးခြင်းဟု ပင်းတယမှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ခင်ဗျားတို့၏လုံခြုံရေးကိုအပြည့်အဝ တာဝန်ယူပေးနိုင်မည် မဟုတ်ဘဲ CCTVများပါ ခင်ဗျားတို့၏အသက်ကို ကယ်ပေးနိုင်မည်မဟုတ်ပါ။ သို့ဖြစ်ပါ၍ မိမိတို့ချိုးဖြူပြောက်ကျားတပ်ဖွဲ့များ၏ သတိပေးကြေညာချက်များကို လိုက်နာဆောင်ရွက် ခြင်းမရှိသော စကစအလိုကျအုပ်ချုပ်ရေးမှုများအား မိမိတို့အနေဖြင့် လုံးဝ(လုံးဝ) ခွင့်လွှတ်ပေးမည် မဟုတ်ကြောင်း အတိအလင်းကြေညာအပ်သည်”ဟု ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များ အပါအဝင် ၎င်းတို့၏ဆက်နွှယ်သောနေရာ၊ ဌာနများ ၊ ပျူစောထီးများနှင့် ၎င်းတို့၏ ထောက်တိုင်များကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွား မည်ဖြစ် ပါသောကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့နှင့်ပတ်သက်ဆက်သွယ်ခြင်း လုံးဝမပြုလုပ်ကြ ပါရန်လည်း မေတ္တာရပ်ခံထားသည်။

ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF)သည် ပင်းတယနှင့်ရွာငံတွင် စစ်ကောင်စီ ပစ်မှတ်များအား မကြာခဏတိုက်ခိုက်နေသည်။ ပင်းတယမြို့တွင် ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားနေသည့် ပြည်ခိုင်ဖြိုးပါတီအမတ်လောင်း ဦးကျော်ငြိမ်းကို ဇွန်လ ၁၈ရက်တွင် သုတ်သင်ရှင်းလင်းခဲ့သည်။ပင်းတယမြို့အထွက် စစ်ကောင်စီကင်းစခန်းတစ်ခုကိုလည်း ဇွန်လ ၂၉ရက်က တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ လူထုကြား ​သောကများ​နေကြသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီအလိုတော်ရိ ဝန်ထမ်းများ၊ ​ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ထောက်တိုင်များလည်း သတိထား​နေကြရန် ရန်ကုန်ပကဖက ပြင်းထန်စွာ သတိ​ပေးသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံတပ်များထံမှ လက်နက်ငယ် (၁၀)လက်၊ RPG-7 တစ်လက်၊ ၆၀ မမ ပြောင်းတို တစ်လက်နှင့် ဗုံးများ၊ ကျည်များ သိမ်းရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။