Connect with us

Hi, what are you looking for?

သတင်း

ပင်းတယမြို့ ထွေအုပ်ရုံးအား နောက်တစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်မည်ဖြစ်၍ Non CDMဝန်ထမ်းများ အမြန်ဆုံးရှောင်ရှားကြရန် ချိုးဖြူပြောက်ကျားတပ်ဖွဲ့ သတိပေး

အကြမ်းဖက်စစ်ကောင်စီတပ်များ အပါအဝင် ၎င်းတို့၏ဆက်နွှယ်သောနေရာ၊ ဌာနများ ၊ ပျူစောထီးများနှင့် ၎င်းတို့၏ ထောက်တိုင်များကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွား မည်ဖြစ် ပါသောကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့နှင့်ပတ်သက်ဆက်သွယ်ခြင်း လုံးဝမပြုလုပ်ကြ ပါရန်လည်း မေတ္တာရပ်ခံထားသည်။

ပင်းတယမြို့
ပင်းတယမြို့

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား နောက်တစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်သွားမည်ဖြစ်၍ Non CDM ဝန်ထမ်းများ အမြန်ဆုံးရှောင်ရှားကြရန် ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF)က သတိပေး လိုက်သည်။

ပင်းတယမြို့ရှိ ထွေအုပ်ရုံးအား ယနေ့(ဇူလိုင် ၂၆ရက်)နံနက်က ဖောက်ခွဲ တိုက်ခိုက်ခဲ့သော်လည်း မပေါက်ကွဲခဲ့​ကြောင်း၊ သို့သော် ပိုပြင်းသောဗုံးဖြင့် တိုက်ခိုက်သွားမည်ဖြစ်ပြီး Non CDM ထွေအုပ်ဝန်ထမ်းများအနေဖြင့် ထိုနေရာမှ အမြန်ဆုံးရှောင်ရှားကြရန် သတိပေးလိုက်ကြောင်း JPGFက ထုတ်ပြန်ထားသည်။

ထို့အပြင် ပင်းတယမြို့နယ်မှ ထွေအုပ်ဝန်ထမ်းများနှင့် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှုးများ ယနေ့(ဇူလိုင် ၂၆ရက်)မှစ၍ (၁၅)ရက်အတွင်း နှုတ်ထွက်ကြရန် JPGFက သတိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ကို အပြင်းအထန်တိုက်ခိုက်တော့မည်ဖြစ်ပြီး ရန်ငါစည်းပြတ်ရမည့် အခြေအနေသို့ ရောက်လာပြီဖြစ်၍ နောက်ဆုံးအကြိမ် သတိပေးခြင်းဟု ပင်းတယမှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ခင်ဗျားတို့၏လုံခြုံရေးကိုအပြည့်အဝ တာဝန်ယူပေးနိုင်မည် မဟုတ်ဘဲ CCTVများပါ ခင်ဗျားတို့၏အသက်ကို ကယ်ပေးနိုင်မည်မဟုတ်ပါ။ သို့ဖြစ်ပါ၍ မိမိတို့ချိုးဖြူပြောက်ကျားတပ်ဖွဲ့များ၏ သတိပေးကြေညာချက်များကို လိုက်နာဆောင်ရွက် ခြင်းမရှိသော စကစအလိုကျအုပ်ချုပ်ရေးမှုများအား မိမိတို့အနေဖြင့် လုံးဝ(လုံးဝ) ခွင့်လွှတ်ပေးမည် မဟုတ်ကြောင်း အတိအလင်းကြေညာအပ်သည်”ဟု ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များ အပါအဝင် ၎င်းတို့၏ဆက်နွှယ်သောနေရာ၊ ဌာနများ ၊ ပျူစောထီးများနှင့် ၎င်းတို့၏ ထောက်တိုင်များကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွား မည်ဖြစ် ပါသောကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့နှင့်ပတ်သက်ဆက်သွယ်ခြင်း လုံးဝမပြုလုပ်ကြ ပါရန်လည်း မေတ္တာရပ်ခံထားသည်။

ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF)သည် ပင်းတယနှင့်ရွာငံတွင် စစ်ကောင်စီ ပစ်မှတ်များအား မကြာခဏတိုက်ခိုက်နေသည်။ ပင်းတယမြို့တွင် ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားနေသည့် ပြည်ခိုင်ဖြိုးပါတီအမတ်လောင်း ဦးကျော်ငြိမ်းကို ဇွန်လ ၁၈ရက်တွင် သုတ်သင်ရှင်းလင်းခဲ့သည်။ပင်းတယမြို့အထွက် စစ်ကောင်စီကင်းစခန်းတစ်ခုကိုလည်း ဇွန်လ ၂၉ရက်က တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတဲ့ ပဲခူးတိုင်းအနောက်ပိုင်း ကြို့ပင်ကောက်မြို့နယ်မှာ ရွေးကောက်ပွဲ ကို ဝန်ထမ်းတွေအနေနဲ့ ကြိုတင်မဲပေးဖို့ စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ဒေသခံဝန်ထမ်းတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ၏ ‌ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသော ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးများ ယင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ အစည်းအဝေးပြုလုပ်နေသည်ဟု သတင်းရသောကြောင့် လက်ပစ်ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon UG People Army (YUPA) အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။