Connect with us

Hi, what are you looking for?

သတင်း

မြောက်ဥက္ကလာပထွေအုပ်ရုံးကို မြို့ပြအဖွဲ့များတိုက်ခိုက်

စစ်ကောင်စီ၏ ‌ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသော ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

စက်တင်ဘာ-၁၁၊၂၀၂၅။သတိုး/ People’s Spring

စစ်ကောင်စီ၏ ‌ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသော ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

“အထဲအပြင်ပေါင်း ၁၀ ယောက်ကျော်လောက်ရှိပါတယ်။ အပြင်မှာကင်းစောင့်နေတဲ့ စခ နှစ်ကောင် ကိုတော့ ထိသွားတာ‌ သေချာ။ တစ်ယောက်ကဒဏ်ရာပြင်းထန်” ဟု ယင်းစစ်ဆင်ရေးနှင့်ပတ်သက်၍ ၎င်းက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို ‌စက်တင်ဘာ ၁၀ ရက် ည ၁၀နာရီကျော်တွင် မြို့ပြကြွက်အဖွဲ့ နှင့် မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း ရဲဘော်အားလုံးဘေးကင်းသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ပေါက်ကွဲမှုဖြစ်တော့ မီးဖြတ်လိုက်တယ်။ပြီးတော့ သေနတ်နဲ့ လေးချက်ပြန်ပစ်တယ်ဗျ။” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

အဆိုပါစစ်ဆင်ရေးလုပ်ဆောင်ချိန်၌ မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်း၌ စစ်သားနှင့် ရဲ ၁၂ ဦးခန့်ရှိသည်ဟု ၎င်းကဆိုသည်။

မြို့ပြကြွက်အနေဖြင့်စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်ထားသလို အဆိုပါ​ရွေးကောက်ပွဲကိုပူးပေါင်းပါဝင်ခြင်းမပြုရန် အကြိမ်ကြိမ်သတိပေးထားပြီးထပ်မံ၍ ပူးပေါင်းဆောင်ရွက်နေသူများကို ပြင်းပြင်းထန်ထန်အသိပေးကြောင်း သတိပေးထားသည်။

ဩဂုတ်လအတွင်းကလည်း အထက်ပါ မဟာမိတ်အဖွဲ့ နှစ်ဖွဲ့သည် လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေချိန် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

အခြေခံပညာကျောင်းတွေစဖွင့်တဲ့ ဒီနေ့(ဇွန်၁)မှာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ စာသင်ကျောင်းတစ်ခုအနီးက ကုက္ကိုလ်ပင်ကို မိုးကြိုးပစ်ခဲ့လို့ အပင်အောက်မှာ မိုးခိုနေတဲ့ဆရာမနဲ့ ကျောင်းသား ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ ရဲတွေ ကားနဲ့တိုက်သတ်ခံရပြီး နှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာ ညအချိန်ကင်းပတ်ပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ယာဉ်ကို နည်းပညာမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။