Connect with us

Hi, what are you looking for?

သတင်း

မတရားသေဒဏ်စီရင်ခံရသူ လေးဦးအတွက်စစ်ဆင်ရေးဖော်ဆောင်ရာ ရဲနှင့်စစ်သားလေးဦးသေပြီးတစ်ဦးဒဏ်ရာရဟုကန်ပက်လက် CDF​ပြော

ကန်ပက်လက် CDF အနေဖြင့် စစ်ကြောင်း သုံးခုခွဲ၍ ကန်ပက်လက်မြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပညာရေးရုံးနှင့် မြို့နယ်အခြေခံပညာ အထက်တန်းကျောင်းတို့တွင် တပ်စွဲထား သော စစ်ကောင်စီတပ်ဖွဲ့များကို ယနေ့ (ဇူလိုင် ၂၇ရက်) နေ့လည်ပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မတရားသေဒဏ်စီရင်ခံရသူ လေးဦး
မတရားသေဒဏ်စီရင်ခံရသူ လေးဦး

မတရား သေဒဏ်ပြစ်ဒဏ်စီရင်ခံရသည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့အတွက် တရားမျှတမှု ပြန်လည် ရယူရန် စစ်ဆင်ရေးဖော်ဆောင်ခဲ့ကြောင်း ကန်ပက်လက် ချင်းကာကွယ်ရေးတပ်(CDF)သတင်းထုတ်ပြန်သည်။

ကန်ပက်လက် CDF အနေဖြင့် စစ်ကြောင်း သုံးခုခွဲ၍ ကန်ပက်လက်မြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပညာရေးရုံးနှင့် မြို့နယ်အခြေခံပညာ အထက်တန်းကျောင်းတို့တွင် တပ်စွဲထား သော စစ်ကောင်စီတပ်ဖွဲ့များကို ယနေ့ (ဇူလိုင် ၂၇ရက်) နေ့လည်ပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၁နာရီနီးပါး ကြာမြင့်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုကြောင့် ရဲ နှစ်ဦး၊ စစ်သား နှစ်ဦး၊ စုစုပေါင်း လေးဦးသေဆုံး၍ စစ်သား တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပြီး CDF ရဲဘော်များ ထိခိုက်ကျဆုံးမှုမရှိဟု ဖော်ပြထားသည်။

“မတရားမှု(စစ်ကောင်စီက သေဒဏ်စီရင်ခြင်း)အတွက် ကျွန်တော်တို့ တော်တော် နာကျင်ရတယ်။ ဒါကြောင့်အရေးပေါ်အစည်းအဝေးလုပ်ပြီး မြို့ထဲက ပစ်မှတ်ကို ဝင်တိုက်ခိုက်တာပါ။ လေးယောက်သေပြီး တစ်ယောက်ဒဏ်ရာရတာ အတိအကျပါပဲ” ဟု CDF ကန်ပက်လက်၏ တပ်မဟာမှုး ရှိမ်းထန်းကပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီမှ ယခုကဲ့သို့ မတရားကြိုးမိန့်ပေးခြင်းအပါအဝင်၊ စစ်ရာဇဝတ်မှုများကို ဆက်လက်လုပ်ဆောင်နေပါက ကန်ပက်လက် CDF အနေဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ(CJDC) တို့၏ လမ်းညွှန်ချက်များကို လိုက်နာ၍ မြို့တွင်း စစ်ဆင်ရေးများကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့စစ်ကူပေးမယ့် စစ်တပ်စစ်ကြောင်းဟာ ဆောမြို့ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။