Connect with us

Hi, what are you looking for?

သတင်း

မြဝတီ – ဝေါ်လေလမ်း၌ စစ်ကောင်စီတပ်နယ်မြေရှင်းလင်းစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ဟု VENOM စစ်ကြောင်းထုတ်ပြန်၊ စစ်ကောင်စီတပ် သေဆုံးမှုရှိဟုဖော်ပြ

ယခု တိုက်ပွဲဖြစ်ပွားရာ မြ၀တီ-ဝေါ်လေလမ်း၌ ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်ဖွဲ့စည်းထားသည့် ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်များ အကြားလည်း မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

VENOM စစ်ကြောင်း
VENOM စစ်ကြောင်း

မြ၀တီ – ဝေါ်လေလမ်း၌ စစ်ကောင်စီဘက်က ယမန်နေ့ နေ့လည်ပိုင်းတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း VENOM Commando စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၇ရက် နေ့လည် ၁၂နာရီခန့်က စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ခွဲမှူး ၁ဦးနှင့် တပ်သားတစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း VENOM စစ်ကြောင်းမှ ရဲဘော်များ ထိခိုက်ကျဆုံးမှုမရှိဟု ထုတ်ပြန်သည်။

ယခု တိုက်ပွဲဖြစ်ပွားရာ မြ၀တီ-ဝေါ်လေလမ်း၌ ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်ဖွဲ့စည်းထားသည့် ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်များ အကြားလည်း မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

အဆိုပါနယ်မြေသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေဖြစ်သည်။ ယခု VENOM စစ်ကြောင်းသည် ဗိုလ်မှူးချုပ်စောနယ်ဒါးမြ ဖွဲ့စည်းကြောင်း ကြေညာခဲ့သည့် ကော်သူးလေတပ်မတော် အဖွဲ့ဝင် စစ်ကြောင်းတစ်ခုဖြစ်သည်။ ဗိုလ်မှူးချုပ်စောနယ်ဒါးမြသည် KNU၏ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)စစ်ဦးစီးချုပ်အဖြစ်မှ ရပ်စဲခံရပြီးနောက် ကော်သူး လေတပ်မတော်ကို ဖွဲ့စည်းကြောင်းကြေညာခဲ့သည်။ ယင်းသို့ ဖွဲ့စည်းမှုကို KNUနှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့က လက်ခံခြင်းမပြုဘဲ အဖွဲ့မှ ထုတ်ပယ်ခဲ့သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် KNU ၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင် KNLA တပ်မဟာခုနစ်ခုရှိပြီး ယင်းတပ်မဟာ တိုင်း၌ KNDO တပ်ရင်းတစ်ရင်းစီပါဝင်ဖွဲ့စည်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက် မင်းလက်ပံ၊ ဖလူးဒေသနဲ့ ဝေါ်လေဗျုဟာဘက်မှာ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ ၆ တို့ နှစ်ဖက်တပ်တွေအကြားမှာ လက်ရှိ မေလကုန်ပိုင်းအထိ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင်ရှိ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။