Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူတွင် နယ်ထိန်းခေါင်းဆောင်ကို ရဲတပ်သားက ပစ်သတ်

“ကိုစိုးလင်းအောင် CDM လုပ်သွားတယ်လို့ သိရတယ်။ ဘယ်အဖွဲ့နဲ့ ချိတ်ဆက်ပြီး CDM လုပ်တာ လဲတော့ မသိရသေးဘူး။ CDM လုပ်ချင်တဲ့ ရဲတွေကိုတော့ ကျွန်တော်တို့ ကူညီဖို့ အသင့်ပဲ”ဟု ဒေသခံ ရခိုင်တိုင်းရင်းသားတစ်ဦးက ပြောသည်။

ကျောက်ဖြူ
ကျောက်ဖြူ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မရဲစခန်းတွင် နယ်ထိန်းခေါင်းဆောင်ရဲကို ရဲတပ်သားတစ်ဦးက သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အုန်းကျော်ဌေးအား ရဲတပ်သားစိုးလင်းအောင်က ယမန်နေ့(ဇူလိုင် ၂၉ရက်)ည ၁၀ နာရီခန့်တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

” သေနတ်သံ (၆)ချက်စကြားတယ်။ နောက်ထပ် (၆)ချက် ထပ်ကြားတယ်။ တစ်ယောက်တည်းကပဲ ပစ်လား။ အပြန်အလှန်ပစ်ခတ်တာတွေလား မသိဘူး”ဟု ရဲစခန်းအနီးနေသူတစ်ဦးက ပြောသည်။

ဇူလိုင် ၂၉ရက် ညက ကျောက်ဖြူမြို့မစခန်းမှူးနှင့် မြို့နယ်မှူး အပြောင်းအရွှေ့နှုတ်ဆက်ပွဲ ပြုလုပ်အပြီးတွင် ယင်းပစ်ခတ်မှုဖြစ်ခဲ့ခြင်းဟု ကျောက်ဖြူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“အရက်မူးပြီး ဖြစ်တဲ့ ပြဿနာ။ အခုစခန်းမှူးရောမြို့နယ်မှူးရော စုံခုံအစစ်ခံနေရပြီ”ဟု အထက်ပါရဲကပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ရဲတပ်သားစိုးလင်းအောင်သည် ယနေ့(ဇူလိုင် ၃၀ရက်)နံနက်အထိ ထွက်ပြေးလွတ်မြောက်နေသည်ဟု သတင်းရရှိသည်။

“စစ်တပ်ဘောမတဲ့ ကောင်တွေ(ရဲတပ်ဖွဲ့ဝင်များကိုဆိုလိုသည်) သူ့အကုသိုလ်နဲ့သူ လောင်နေပြီ”ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

ထပ်မံသိရှိရသော သတင်းများအရ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ရဲတပ်သား စိုးလင်းအောင်သည် ယနေ့(ဇူလိုင် ၃၀ရက်)နံနက်အထိ ထွက်ပြေးလွတ်မြောက် နေပြီး CDM ပြုလုပ်သွားသည်ဟုလည်း သတင်းထွက်ပေါ်နေသည်။

“ကိုစိုးလင်းအောင် CDM လုပ်သွားတယ်လို့ သိရတယ်။ ဘယ်အဖွဲ့နဲ့ ချိတ်ဆက်ပြီး CDM လုပ်တာ လဲတော့ မသိရသေးဘူး။ CDM လုပ်ချင်တဲ့ ရဲတွေကိုတော့ ကျွန်တော်တို့ ကူညီဖို့ အသင့်ပဲ”ဟု ဒေသခံ ရခိုင်တိုင်းရင်းသားတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ထနောင်းတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံလူငယ် ၂ဦးကို ပစ်သတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူလူထုတွေရှိရာ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။