Connect with us

Hi, what are you looking for?

သတင်း

ရိခေါဒါရ်တိုက်ပွဲစစ်တပ် တပ်ရင်းမှူးအပါအဝင်၈ဦးသေဆုံး၊ ဗိုလ်ကြီး အပါအဝင် ၄ဦး ထွက်ပြေးလာဟု PDF Zoland အသိပေး

အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ရမ်းပစ်ရာ ဒေသတွင်းရှိ ပြည်သူ ၃ဦး ထိမှန်ခဲ့ပြီး ၁ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

(စစ်​ကောင်စီစခန်းကို ချင်း​ဒေသကာကွယ်​ရေးတပ်များကပူး​ပေါင်းတိုက်ခိုက်​နေစဥ်)
(စစ်​ကောင်စီစခန်းကို ချင်း​ဒေသကာကွယ်​ရေးတပ်များကပူး​ပေါင်းတိုက်ခိုက်​နေစဥ်)

ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဖြစ်သူ ဒုဗိုလ်မှူးကြီး ဝေမျိုးပိုင် နှင့် ၎င်း၏ ကိုယ်ရေးအရာရှိ အပါအဝင် ၈ဦးသေဆုံးခဲ့ကြောင်း စစ်ကောင်စီတပ်စခန်း တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်-ဇိုလန်း(PDF-Zoland)က ယနေ့ ညနေပိုင်း၌ သတင်းထုတ်ပြန်သည်။

မြန်မာ- အိန္ဒိယ နယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းကို PDF Zoland၊ MEDF ၊CDF-CDM (Siyin)၊ CNDF တို့ပူးပေါင်း၍ ယနေ့မနက်အစော ၂နာရီတွင် တိုက်ခိုက်ခဲ့ရာ ၅နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦး အပါအဝင် ၄ဦး ထွက်ပြေးလာခဲ့သည်ဟု PDF- Zoland က သတင်းထုတ်ပြန်သည်။

တိုက်ပွဲအတွင်း ပြည့်သူ့ကာကွယ်ရေးတပ်သား PDF Zoland မှ တစ်ဦး၊ CDF-CDM (Siyin) မှ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ရမ်းပစ်ရာ ဒေသတွင်းရှိ ပြည်သူ ၃ဦး ထိမှန်ခဲ့ပြီး ၁ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

အကြမ်းဖက် စစ်ကောင်စီက တိုက်လေယာဉ်ပျံဝဲလာ၍ ပြည်သူ့ကာကွယ်ရေးအင်အားစုများ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ အဆိုပါ တပ်စခန်းကို လွန်ခဲ့သည့် ၄ရက်မှစ၍ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ဖွဲ့၏ drone တပ်ရင်းမှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PDF-Zoland က ထုတ်ပြန်သည်။ အဆိုပါ တိုက်ခိုက်မှုများတွင်လည်း စစ်ကောင်စီတပ်က သေဆုံးသူနှင့် ဒဏ်ရာရသူများ ရှိကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။