Connect with us

Hi, what are you looking for?

သတင်း

PDFစခန်းမီးလာရှို့သည့် စစ်ကောင်စီတပ် မိုင်းထိ

ဖြစ်စဥ်နှင့်ပတ်သက်ပြီး လေပွေမုန်တိုင်းအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဓာတ်ပုံ - လေပွေမုန် တိုင်း ဒီပဲယင်းနယ် PDF
ဓာတ်ပုံ - လေပွေမုန် တိုင်း ဒီပဲယင်းနယ် PDF

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ PDFစခန်းတစ်ခုအား အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ မိုင်းကွဲပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုများရှိကြောင်း လေပွေမုန် တိုင်း ဒီပဲယင်းနယ် PDF က ထုတ်ပြန်သည်။

သြဂုတ် ၈ရက်က လေပွေမုန်တိုင်း ဒီပဲယင်းနယ် PDF၏ စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက် ဖျက်ဆီးမီးရှို့ခဲ့ရာ PDFအဖွဲ့ထောင်ထားသည့် မိုင်းများမိကာ စစ်ကောင်စီတပ်သား ၁၅ ဦးခန့် လဲကျသွားကြောင်း လေပွေမုန်တိုင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“၁၅ကောင်နဲ့ တဲတစ်လုံးလဲရတာ တန်ပါတယ်”ဟု လေပွေမုန်တိုင်းအဖွဲ့က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး လေပွေမုန်တိုင်းအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဒီပဲယင်းနယ်အတွင်း စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ် နေပြီး ၎င်းတို့၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူ့နေအိမ် ၁,၀၀၀ကျော် မီးလောင် ဆုံးရှုံးခဲ့ရကာ ပြည်သူထောင်ချီ အခက်အခဲတွေ့နေကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်ကဗျတ္တပန်းဆက်လမ်းပိုင်းတနေရာမှာတပ်စွဲထားတဲ့ စစ်တပ်စခန်းကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ထိခိုက်မှုရှိတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။