Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က ဒီပဲယင်းမြို့နယ် အ​ရှေ့ပိုင်း​ကျေးရွာများတွင်ပစ်ခတ်​ပြီး ဆိုင်ကယ်များကိုမီးရှို့ ၊​ဒေသခံများထွက်​ပြေး​နေရ

ယမန်နေ့ညပိုင်းက စစ်ကိုင်းတိုင်း မုံရွာမှ ၃စီးနှင့် စိုင်ပြင်မှ ၂စီးပေါင်း၍ စိုင်ပြင်ဘက်မှ ဒီပဲယင်းဘက်သို့လာသော စစ်ကောင်စီတပ် ကား ၅စီးအား စိုင်ပြင်နှင့် ဒီပဲယင်းကြား ကြည်ရွာအနီးတွင် ​ဒေသခံ PDF ကမိုင်းခွဲတိုက်ခိုက်ခဲ့သည်။

ဓါတ်ပုံ-Khin U Real News

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အရှေ့ပိုင်းရှိ ကျေးရွာများတွင် အာဏာသိမ်းစစ်ကောင်စီတပ်များ ဝင်ရောက်ပစ်ခတ်နေမှု့ကြောင့် ကျေးရွာများမှ ပြည်သူထောင်နှင့်ချီ ထွက်ပြေးနေရပြီး ပြည်သူများ၏ ဆိုင်ကယ်များလည်း မီးရှို့ဖျက်စီးခံနေရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ညပိုင်းက စစ်ကိုင်းတိုင်း မုံရွာမှ ၃စီးနှင့် စိုင်ပြင်မှ ၂စီးပေါင်း၍ စိုင်ပြင်ဘက်မှ ဒီပဲယင်းဘက်သို့လာသော စစ်ကောင်စီတပ် ကား ၅စီးအား စိုင်ပြင်နှင့် ဒီပဲယင်းကြား ကြည်ရွာအနီးတွင် ​ဒေသခံ PDF ကမိုင်းခွဲတိုက်ခိုက်ခဲ့သည်။

ကား၂စီး မိုင်းထိသွားသောကြောင့် စစ်ကောင်စီတပ်သားများမှ အနီးနားဝန်းကျင်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကျည်ဆံများကျရောက်လာ၍ ရွာသူရွာသားများ ညတွင်းချင်းပြေးခဲ့ရကြောင်း ဒေသခံများက ပြောသည်။ စစ်ကားနှစ်စီး မိုင်းထိမှုတွင် စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိ့ခိုက်​​သေဆုံးမှုရှိ​ကြောင်း ​ဒေသခံပြည်သူအချို့က ​ပြော​သော်လည်း People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

ယနေ့မနက်ပိုင်းတွင်လည်း ကြည်ရွာ၊ ညောင်လှ၊ ရွာရှည်၊ မဲအိုး၊ လက်ယက်ကုန်း၊ မူးခတွင်း၊ မရကန်၊ ညောင်လှ၊ ဝဲ ကြီးကန်၊ အစရှိသည့် ကျေးရွာများသို့ ဝင်ရောက်ပစ်ခတ်နေသဖြင့် ရွာသူရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ မွန်းလွဲပိုင်း နေ့လယ် ၁၂နာရီဝန်းကျင်တွင် ဒီပဲယင်းမြို့နယ် ညောင်လှရွာနှင့် သရက်တောရွာကြား၌ စစ်ကောင်စီတပ်သားများက ပြည်သူများ၏ ဆိုင်ကယ်များအား မီးရှို့ဖျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။