Connect with us

Hi, what are you looking for?

သတင်း

ကသာမှ ထွက်လာသော စစ်ကောင်စီတပ်ရေယာဥ်အုပ်စုကို မြို့လှ KPDF စောင့်ကြိုတိုက်ခိုက်၊ သံခွန်နှင့် သဘော်ဝမ်းဗိုက်များ ထိခိုက်

အထက်ပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက် ကျဆုံးမှုရှိနိုင်ပြီး မြို့လှ KPDF တပ်ဖွဲ့များ အထိခိုက်မရှိဘဲ အသာစီးရယူနိုင်ခဲ့ကြောင်း အသိပေးသည်။

(စစ်ကောင်စီရေယာဉ်တစ်စီးကို တွေ့ရစဉ်)
(စစ်ကောင်စီရေယာဉ်တစ်စီးကို တွေ့ရစဉ်)

စစ်ကိုင်းတိုင်း ကသာမြို့မှ ဗန်းမော်မြို့ဘက်သို့ မြစ်ကြောင်းအတိုင်း အထက်သို့ဆန်တက်လာသော စစ်ကောင်စီတပ်ရေယာဥ်အုပ်စုကို လမ်းခုလတ်တစ်နေရာတွင် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း မြို့လှ KPDFက ယနေ့(သြဂုတ် ၁၈)တွင် ထုတ်ပြန်သည်။

ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘောနှင့် သံခွန်များအား မြို့လှ KPDFတပ်ခွဲ ဗိုလ်မိုးကြိုးဦးဆောင်သောအဖွဲ့က Mytel – မမ ရှေ့ ထွက်မိုင်း (၁၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ သံခွန်နှင့် သဘော်ကိုယ်ထည်များအား ထိမှန်ခဲ့ကြောင်း ဖော်ပြသည်။

“စကစဘက်မှ သင်္ဘောလုံခြုံရေးအတွက် ရဟတ် ယာဥ်တစ်စီးနှင့် ဂျက်တိုက်လေယာဥ်တစ်စီးတို့ အသုံးပြုခဲ့ပြီး ၎င်းတို့၏ ကမ်းစောင့်တပ်နှင့် စစ်သင်္ဘောများပေါ်မှ မြစ်ကမ်းတလျောက် လက်နက်ကြီး လက်နက်ငယ်များဖြင့် အဆက်မပြတ် ရမ်းသမ်း ပစ်ခတ်ခဲ့သည်”ဟု မြို့လှ KPDF က ဆိုသည်။

အထက်ပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက် ကျဆုံးမှုရှိနိုင်ပြီး မြို့လှ KPDF တပ်ဖွဲ့များ အထိခိုက်မရှိဘဲ အသာစီးရယူနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ကသာ၊ ရွှေကူနှင့် ဧရာဝတီမြစ်ကမ်းတလျှောက်ရှိ ရေကြောင်းရုံး ဝန်ထမ်းများအနေဖြင့် ရာထူး၊ တာဝန်များမှ နုတ်ထွက်ပေးကြရန်နှင့် လိုက်နာခြင်းမရှိပါက မြို့လှ KPDF အနေဖြင့် တစုံတရာ အရေးယူမှုများ ပြုလုပ်ရန် စီစဥ်ထားကြောင်း ဝန်ထမ်းအမည်များနှင့်တကွ သတိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်ကဗျတ္တပန်းဆက်လမ်းပိုင်းတနေရာမှာတပ်စွဲထားတဲ့ စစ်တပ်စခန်းကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ထိခိုက်မှုရှိတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။