Connect with us

Hi, what are you looking for?

သတင်း

ကသာမြို့နယ်အတွင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ၄၀ဦးထက်မနည်း​သေဆုံး

ကသာခရိုင် PDFရင်း-(၃)+ဒေသခံ ပကဖ ပူးပေါင်းတပ်များ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှု ၃ကြိမ်အတွင်း စစ်ကောင်စီတပ်မှ ၂၀ဦးထက်မနည်း သေဆုံးခဲ့ပြီးပကဖ ရဲဘော် ၁ဦးကျဆုံးခဲ့ကြောင်းအသိပေထားသည်။

ကသာပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-ကသာပကဖ
ကသာပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-ကသာပကဖ

ပကဖ ၁ ဦးကျဆုံး

ကသာမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၄၀ ဦးထက် မနည်း သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ဦး ကျဆုံးခဲ့ကြောင်း ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်ထုတ်ပြန်သည်။

ဇွန်လ ၁၇ရက် က ကသာမြို့နယ်အရှေ့ဘက်ကမ်း အင်းရွာတိုက်နယ်၊ခြောက်မျက်နာ၊အင်းကြီးလမ်း (၁၇)ကွက်အနီး ထိတွေ့မူဖြစ်ခဲ့ကြောင်း၊ ၁၄ ကျောက်တောင်အနီးတွင်လည်း စစ်ကောင်စီတပ်များကို မိုင်းနှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ကသာခရိုင် PDFရင်း-(၃) ဒေသခံ ပကဖ ပူးပေါင်းတပ်များ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှု ၃ကြိမ်အတွင်း စစ်ကောင်စီတပ်မှ ၂၀ဦးထက်မနည်း သေဆုံးခဲ့ပြီးပကဖ ရဲဘော် ၁ဦးကျဆုံးခဲ့ကြောင်းအသိပေထားသည်။

ကသာမြို့ ​၏ ဧရာဝတီမြရ်ကမ်း​တစ်​နေရာ
ကသာမြို့ ​၏ ဧရာဝတီမြရ်ကမ်း​တစ်​နေရာ

ဇွန်လ ၁၇ရက်၌ပင် ကသာမြို့အနီး၊ကာကြီးကွင်းအနောက်ဘက်၊ ငါးကန်အနီး၌ ထမင်းထိုင်စားနေသော အင်အား ၆၀ ခန့်ရှိ စစ်ကောင်စီတပ် အား နေ့လည် ၂နာရီခန့်တွင်ကသာ ပကဖနှင့် ABSDF ပူးပေါင်းပျောက်ကြားတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် များ သေဆုံးထိခိုက်များခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်​ကောင်စီတပ်​သေဆုံးမှုများနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။ စစ်​ကောင်စီကလည်းတိုက်ပွဲသတင်းများကိုထုတ်ပြန်​​လေ့မရှိဘဲ သတင်းအ​မှောင်ချထားသည်။အထူးသဖြင့်စစ်​ကောင်စီတပ်အထိ့နာလျှင် ထုတ်ပြန်ခြင်းလုံးဝမရှိပါ။

ကသာ၊ထီးချိုင့်၊ကန့်ဘလူ၊ ​ကောလင်း၊ ကျွန်းလှစ​သောမြို့နယ်များမှာ အာဏာသိမ်းစစ်​ကောင်စီကို ခုခံတွန်းလှန်စစ်အား​ကောင်းစွာဆင်နွှဲ​နေ​သော​ဒေသဖြစ်သည်။
ကသာ၊ထီးချိုင့်၊ကန့်ဘလူ၊ ​ကောလင်း၊ ကျွန်းလှစ​သောမြို့နယ်များမှာ အာဏာသိမ်းစစ်​ကောင်စီကို ခုခံတွန်းလှန်စစ်အား​ကောင်းစွာဆင်နွှဲ​နေ​သော​ဒေသဖြစ်သည်။

ညနေ ၄နာရီခန့်တွင် ကင်တာ ကားတစ်စီးဖြင့် လူနာများကို သယ်ဆောင်သွားပြီးဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း၊စစ်ကောင်စီတပ်မှ ၂၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကသာမြို့တွင်း ပြည်သူများက သတင်းပေးပို့သည်ဟု ဖော်ပြထားသည်။

ယ​နေ့ညတွင် စစ်ကိုင်းတိုင်းပင်လယ်ဘူးမြို့၌ လည်း ပသ်ခတ်သံများကျယ်​လောင်စွာကြား​နေရပြီးတိုက်ပွဲဖြစ်ပွား​နေ​ကြောင်း​ဒေသခံအချို့က​ပြောသည်။ ဇွန် ၁၇ ညတွင် စစ်ကိုင်းတိုင်းရှိ ပင်လယ်ဘူး ၊မုံရွာမြို့ရှိ နမခ နှင့် ကချင်ပြည်နယ် မြစ်ကြီးနားရှိစစ်​ကောင်စီ ​လေတပ်စခန်းများတွင် ဗုံး​ပေါက်ကွဲသံများ။ပစ်ခတ်သံများကြားရ​ကြောင်း​ဒေသခံသတင်းရင်းမြစ်များထံမှသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။