Connect with us

Hi, what are you looking for?

သတင်း

လက်နက်ထုတ်လုပ်ရေးစခန်းမှ ကိုယ်တိုင်ထုတ် Shot Gun များကို မုံရွာမြို့နယ်(ပကဖ) ထုတ်ပြ

ကာကွယ်ရေး ရဲဘော်များ နှင့် ရပ်ကျေး(ပကဖ)များထံသို့လည်း အတိုင်းအတာတစ်ခုအထိ တပ်ဆင်ထားပြီးဖြစ်ကြောင်း မုံရွာမြို့နယ်(ပကဖ)က အသိပေးထားသည်။

ဓာတ်ပုံ - မုံရွာမြို့နယ်(ပကဖ)
ဓာတ်ပုံ - မုံရွာမြို့နယ်(ပကဖ)

လက်နက်ထုတ်လုပ်ရေးစခန်းမှ ကိုယ်တိုင်ထုတ် Shot Gun များကို မုံရွာမြို့နယ်(ပကဖ)မှ ယနေ့ (သြဂုတ် ၁၉ ရက်) ပြသလိုက်သည်။

ထုတ်လုပ်နေသော ပကဖ၏ Shot Gun များကို တော်လှန်သော ပြည်သူပြည်သားများ သိရှိနိုင်စေရန် မိတ်ဆက်တင်ပြရခြင်းဟု ဆိုသည်။

12 Gauge ကျည်ဖြင့် အသုံးပြုရပြီး ချေမှုန်းရေး နှင့် ကာကွယ်ရေးအတွက် ထိရောက်သော လက်နက်များဖြစ်ကြောင်းလည်း အသိပေးသည်။

ဓာတ်ပုံ - မုံရွာမြို့နယ်(ပကဖ)
ဓာတ်ပုံ – မုံရွာမြို့နယ်(ပကဖ)

ကာကွယ်ရေး ရဲဘော်များ နှင့် ရပ်ကျေး(ပကဖ)များထံသို့လည်း အတိုင်းအတာတစ်ခုအထိ တပ်ဆင်ထားပြီးဖြစ်ကြောင်း မုံရွာမြို့နယ်(ပကဖ)က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထုတ်လုပ်ရေးလုပ်ငန်းများ ထိရောက်စွာနှင့် အလက်ရေများများ ထုတ်လုပ်နိုင်ရန် ရံပုံငွေများ ထည့်ဝင်ကူညီပေးရန်လည်း တိုက်တွန်းသည်။

မကြာသေးမီရက်ပိုင်းကလည်း ၎င်းတို့ ထုတ်လုပ်ဖြန့်ဝေနေသည့် ရိုင်ဖယ်အပါအဝင် Air Dropping Bomb နှင့် မိုင်းအမျိုးအစားကို ပြည်သူ့ကာကွယ်ရေးအဖွဲ့- မုံရွာမြို့နယ် ကြေညာထားသည်။

စစ်တပ်၏မတရားအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ တွင် တော်လှန်ရေးအင်အားစု များ ပေါ်ပေါက်လာပြီး ကိုယ်တိုင်ထုတ်လုပ်နက်များနှင့် မိုင်းများဖြင့် စစ်ကောင်စီကို ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။