Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းနယ် မူးကမ်းကြီးရွာရှိ မီးဘေးသင့်ပြည်သူများကို မဟာမိတ်အင်အားစု (KURDAF) သွားရောက်လှူဒါန်း

မူးကမ်းကြီးရွာ လက်တလောလိုအပ်မှူအခြေအနေနှင့် ပတ်သက်၍ KURDAF တာဝန်ရှိသူက “အစားအသောက်အတွက် အဓိက ဆန်လိုအပ်တာပါပဲ။”ဟု ပြောသည်။

မူးကမ်းကြီးရွာ အိမ်မီးရှို့ခံရသည့် ပြည်သူများအား လှူဒါန်းနေစဥ်။ ဓာတ်ပုံ-KURDAF
မူးကမ်းကြီးရွာ အိမ်မီးရှို့ခံရသည့် ပြည်သူများအား လှူဒါန်းနေစဥ်။ ဓာတ်ပုံ-KURDAF

စစ်ကိုင်းတိုင်း၊​ ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော မူးကမ်းကြီးကျေးရွာရှိ မီးဘေးသင့် ပြည်သူများထံသို့ ခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု(KURDAF)က သွားရောက်လှူဒါန်းခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက်က ဒီပဲယင်းမြို့နယ် ၊ မူးကမ်းကြီး ကျေးရွာသို့ ဗမာ့လွတ်လပ်ရေးတပ်ဖွဲ့(ဒီပဲယင်း)-BIA မှ တဆင့် ခင်ဦးနယ်ဒေသခံကာကွယ်ရေးမဟာမိတ်အင်အားစု (KURDAF)က မီးဘေးသင့်ပြည်သူများအတွက် အလှူငွေ ကျပ် ၁၀သိန်းတိတိ ပေးပို့ခဲ့သည်။

မူးကမ်းကြီးရွာ လက်တလောလိုအပ်မှူအခြေအနေနှင့် ပတ်သက်၍ KURDAF တာဝန်ရှိသူက “အစားအသောက်အတွက် အဓိက ဆန်လိုအပ်တာပါပဲ။”ဟု ပြောသည်။

မူးကမ်းကြီးကျေးရွာသည် အိမ်ခြေ ၈၀၀ နှင့် ၁,၀၀၀ကြားရှိသော ကျေးရွာကြီး တစ်ရွာဖြစ်သည်။ စစ်ကောင်စီသည် မူးကမ်းကြီးနှင့် ဒီပဲယင်းနယ်ကို အကြိမ်ကြိမ် စစ်ကြောင်းထိုးခဲ့သည်။

Public Service Announcement

Public Service Announcement

မူးကမ်းကြီးသည် ဒုတိယ အကြိမ်မြောက် မီးရှို့ခံရခြင်းဖြစ်ပြီး အိမ်ခြေစုစုပေါင်း ၅၄၁ အိမ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဒီပဲယင်းမြိုနယ်အတွင်းရှိ မီးဘေးသင့်ပြည်သူများအတွက် ကူညီလိုပါက ဗမာ့လွတ်လပ်ရေးတပ်ဖွဲ့(ဒီပဲယင်း)-BIA မှ တဆင့်ကူညီနိုင်ပြီး KURDAF ထံ မှလည်း ကူညီနိုင်ကြောင်း KURDAFက အသိပေးသည်။

ခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF) သည် ဩဂုတ် ၅ရက်ကလည်း ကန့်ဘလူမြို့နယ် ၊ ကျီစုကျေးရွာသို့ ကျပ် ၁၂သိန်း တန်ဖိုးရှိ ပစ္စည်းများကို မိဘပြည်သူများ ထည့်ဝင်သော အလှူငွေများဖြင့် ပူးပေါင်းပြီး ပေးပို့နိုင်ခဲ့သည်။

ထို့အပြင် လိုအပ်နေသော မြို့နယ်များကို ပေးပို့ဆောင်ရွက်နေလျက်ရှိပြီး စစ်ဘေးရှောင် ၊ မီးဘေး ဒုက္ခသည်များကို လှူဒါန်းလိုပါက KURDAF NUGPay (kurdaf*nugpay.app) အကောင့်ကို လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။

သတင်း

တိုက်ပွဲဖြစ်ပွားစဉ် တာမခန်ကို စစ်ကူလာသည့် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အဆိုပါ စစ်ကောင်စီတပ် ကိုလည်း KIAက ချေမှုန်းတိုက်ခိုက်ခဲ့သည်။