Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းနယ် မူးကမ်းကြီးရွာရှိ မီးဘေးသင့်ပြည်သူများကို မဟာမိတ်အင်အားစု (KURDAF) သွားရောက်လှူဒါန်း

မူးကမ်းကြီးရွာ လက်တလောလိုအပ်မှူအခြေအနေနှင့် ပတ်သက်၍ KURDAF တာဝန်ရှိသူက “အစားအသောက်အတွက် အဓိက ဆန်လိုအပ်တာပါပဲ။”ဟု ပြောသည်။

မူးကမ်းကြီးရွာ အိမ်မီးရှို့ခံရသည့် ပြည်သူများအား လှူဒါန်းနေစဥ်။ ဓာတ်ပုံ-KURDAF
မူးကမ်းကြီးရွာ အိမ်မီးရှို့ခံရသည့် ပြည်သူများအား လှူဒါန်းနေစဥ်။ ဓာတ်ပုံ-KURDAF

စစ်ကိုင်းတိုင်း၊​ ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော မူးကမ်းကြီးကျေးရွာရှိ မီးဘေးသင့် ပြည်သူများထံသို့ ခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု(KURDAF)က သွားရောက်လှူဒါန်းခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက်က ဒီပဲယင်းမြို့နယ် ၊ မူးကမ်းကြီး ကျေးရွာသို့ ဗမာ့လွတ်လပ်ရေးတပ်ဖွဲ့(ဒီပဲယင်း)-BIA မှ တဆင့် ခင်ဦးနယ်ဒေသခံကာကွယ်ရေးမဟာမိတ်အင်အားစု (KURDAF)က မီးဘေးသင့်ပြည်သူများအတွက် အလှူငွေ ကျပ် ၁၀သိန်းတိတိ ပေးပို့ခဲ့သည်။

မူးကမ်းကြီးရွာ လက်တလောလိုအပ်မှူအခြေအနေနှင့် ပတ်သက်၍ KURDAF တာဝန်ရှိသူက “အစားအသောက်အတွက် အဓိက ဆန်လိုအပ်တာပါပဲ။”ဟု ပြောသည်။

မူးကမ်းကြီးကျေးရွာသည် အိမ်ခြေ ၈၀၀ နှင့် ၁,၀၀၀ကြားရှိသော ကျေးရွာကြီး တစ်ရွာဖြစ်သည်။ စစ်ကောင်စီသည် မူးကမ်းကြီးနှင့် ဒီပဲယင်းနယ်ကို အကြိမ်ကြိမ် စစ်ကြောင်းထိုးခဲ့သည်။

Public Service Announcement

Public Service Announcement

မူးကမ်းကြီးသည် ဒုတိယ အကြိမ်မြောက် မီးရှို့ခံရခြင်းဖြစ်ပြီး အိမ်ခြေစုစုပေါင်း ၅၄၁ အိမ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဒီပဲယင်းမြိုနယ်အတွင်းရှိ မီးဘေးသင့်ပြည်သူများအတွက် ကူညီလိုပါက ဗမာ့လွတ်လပ်ရေးတပ်ဖွဲ့(ဒီပဲယင်း)-BIA မှ တဆင့်ကူညီနိုင်ပြီး KURDAF ထံ မှလည်း ကူညီနိုင်ကြောင်း KURDAFက အသိပေးသည်။

ခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF) သည် ဩဂုတ် ၅ရက်ကလည်း ကန့်ဘလူမြို့နယ် ၊ ကျီစုကျေးရွာသို့ ကျပ် ၁၂သိန်း တန်ဖိုးရှိ ပစ္စည်းများကို မိဘပြည်သူများ ထည့်ဝင်သော အလှူငွေများဖြင့် ပူးပေါင်းပြီး ပေးပို့နိုင်ခဲ့သည်။

ထို့အပြင် လိုအပ်နေသော မြို့နယ်များကို ပေးပို့ဆောင်ရွက်နေလျက်ရှိပြီး စစ်ဘေးရှောင် ၊ မီးဘေး ဒုက္ခသည်များကို လှူဒါန်းလိုပါက KURDAF NUGPay (kurdaf*nugpay.app) အကောင့်ကို လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။