Connect with us

Hi, what are you looking for?

သတင်း

အသွင်ကူးပြောင်းရေးကာလခြေဥ(မူကြမ်း)ရေးဆွဲရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီးဖြစ်​ကြောင်းNUCC ထုတ်ပြန်

ယင်းလုပ်ငန်းအဖွဲ့က အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ကို ပြုစုပြီး နောက် NUCC သည် ပိုမိုကျယ်ပြန့်သော နိုင်ငံရေးအင်အားစုများနှင့် ဆွေးနွေးဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဟုလည်းထုတ်ပြန်သည်။

အသွင်ကူးပြောင်းရေးကာလခြေဥ(မူကြမ်း)ရေးဆွဲရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီးဖြစ်​ကြောင်းNUCC ထုတ်ပြန်
အသွင်ကူးပြောင်းရေးကာလခြေဥ(မူကြမ်း)ရေးဆွဲရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီးဖြစ်​ကြောင်းNUCC ထုတ်ပြန်

အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေးလုပ်ငန်းအဖွဲ့ကို ပါဝင် သင့်ပါဝင်ထိုက်သူများနှင့် ဖွဲ့စည်းထားကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ယနေ့ထုတ်ပြန်သည်။

အဆိုပါ လုပ်ငန်းအဖွဲ့တွင် NUCC အဖွဲ့ဝင်များ၊ အဖွဲ့ဝင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ NUG ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ကချင်နိုင်ငံရေးဆိုင်ရာကြားကာလညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(KPICT) တို့မှ ကိုယ်စားလှယ်များ စသည့် ပါဝင်သင့် ပါဝင်ထိုက်သူ အဖွဲ့ဝင် ၂၄ ဦးဖြင့် ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟုအသိ​ပေးထား သည်။

ယင်းလုပ်ငန်းအဖွဲ့က အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ကို ပြုစုပြီး နောက် NUCC သည် ပိုမိုကျယ်ပြန့်သော နိုင်ငံရေးအင်အားစုများနှင့် ဆွေးနွေးဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဟုလည်းထုတ်ပြန်သည်။

သို့​သော်ဥပဒေမူကြမ်းကို ပြုစုမည့်အချိန်ကာလသတ်မှတ်ချက်ကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

‘အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်း’မှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) ၏ အခန်း (၃) “အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ” တွင် ပါဝင်သော အဋ္ဌမအဆင့်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် အတည်ပြု ပြဋ္ဌာန်းခြင်း (၅) နှစ်ပြည့် ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC) က ထုတ်ပြန်ခဲ့ရာ ပဋိညာဉ်ရဲ့ ပြဋ္ဌာန်းချက်တွေနဲ့ပေးအပ်ထားသော တာဝန်များကို တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ ကတိသစ္စာတည်ကြည်စွာ လိုက်နာကျင့်သုံးသွားကြဖို့ လေးနက်စွာ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC-OT)နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUCCက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ဟာ ဖေဖော်ဝါရီ ၂၂ရက်မှာ ထပ်မံတွေ့ဆုံပြီး တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ NUCCက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ရပ်တည်ချက်တွေကို ခိုင်ခိုင်မာမာ ဆက်လက် ထိန်းသိမ်းထားဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။