Connect with us

Hi, what are you looking for?

သတင်း

မြေပြင်တွင်မရှိသည့် အဖွဲ့များက ကြေညာချက်ထုတ်ပြန်ပြီး တော်လှန်ရေးကို မျှော်လင့်ချက်အမှားပေးနေ၍ သတိထားကြရန် ရန်ကုန်မြို့ပြ‌ပြောက်ကျားအဖွဲ့များ သတိပေး

“အခြားအဖွဲ့တွေရှိနိုင်သေးလားဆိုတာတော့ စုံစမ်းမှုတွေပြုလုပ်ဖြစ်မှမှတ်ချက်ပေးနိုင်ပါမယ်။ သတိထားပြီးမှ လက်ခံယုံကြည်ကြဖို့တော့တိုက်တွန်းပါတယ်။ “ဟု ၎င်းက ပြောသည်။

မြေပြင်တွင်မရှိသည့် အဖွဲ့များက ကြေညာချက်ထုတ်ပြန်ပြီး တော်လှန်ရေးကို မျှော်လင့်ချက်အမှားပေးနေ၍ သတိထားကြရန် ရန်ကုန်မြို့ပြ‌ပြောက်ကျားအဖွဲ့များ သတိပေး
မြေပြင်တွင်မရှိသည့် အဖွဲ့များက ကြေညာချက်ထုတ်ပြန်ပြီး တော်လှန်ရေးကို မျှော်လင့်ချက်အမှားပေးနေ၍ သတိထားကြရန် ရန်ကုန်မြို့ပြ‌ပြောက်ကျားအဖွဲ့များ သတိပေး

မြေပြင်တွင် အမှန်တကယ်မရှိသည့် အဖွဲ့များအမည်ဖြင့် ကြေညာချက်များထုတ်ပြန်၍ တော်လှန်ရေးကို မျှော်လင့်ချက်အမှားပေးနေသည့် လုပ်ဆောင်ချက်များရှိသောကြောင့် သတိထားကြရန် ရန်ကုန်မြို့ပြ‌ပြောက်ကျားအဖွဲ့များက အသိပေးထားသည်။

“တော်လှန်ရေးအဖွဲ့အစည်းများ လူပုဂ္ဂိုလ်များ သတင်းမီဒီယာများအနေဖြင့် လူမှုကွန်ရက်တွင် သတင်းအမှားများဖြန့်ဝေခြင်း ၊မျှော်လင့်ချက်အမှားများ ထုတ်ပြန်ခြင်း ၊တလွဲကြုံးဝါးဟစ်ကြွေးခြင်းများ ပြုလုပ်ပြီး တော်လှန်ရေးကို အဆိပ်မခတ်ကြရန် ကျွန်ုပ်တို့အနေဖြင့် လေးနက်စွာတိုက်တွန်းနှိုးဆော်အပ်ပါသည်”ဟု YUG၊ Yangon UG Association အပါအဝင် မြို့ပြပြောက်ကျား အဖွဲ့ ငါးဖွဲ့က ဩဂုတ် ၃၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီ နှင့် မေလတွင် Special Ninja Force ဆိုသော အဖွဲ့အစည်းအမည်ဖြင့် သတင်းထုတ်ပြန်ချက်များထုတ်ပြန်ခဲ့သောကြောင့် သတင်းမီဒီယာများမှတစ်ဆင့် ပြည်သူအကြားပြန့်နှံ့ခဲ့သော်လည်း မြေပြင်၌ အမှန်တကယ်လုပ်ဆောင်ခြင်းမရှိသည်ကိုတွေ့ရကြောင်း ရန်ကုန်မြို့ပြ‌ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခြားအဖွဲ့တွေရှိနိုင်သေးလားဆိုတာတော့ စုံစမ်းမှုတွေပြုလုပ်ဖြစ်မှမှတ်ချက်ပေးနိုင်ပါမယ်။ သတိထားပြီးမှ လက်ခံယုံကြည်ကြဖို့တော့တိုက်တွန်းပါတယ်။ “ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

Special Ninja Force အမည်ဖြင့်အဖွဲ့သည် ပြီးခဲ့သည့်မေလ ၂၂မှ ၂၅ ရက်အတွင်း စစ်ဆင်ရေးများပြုလုပ်မည်ဟု ကြေညာခဲ့သလို ဇွန်လတွင်လည်း ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဉယျာဉ်မြို့တော်၌ မြို့ပြပျောက်ကြားအဖွဲ့ဝင်ကို သူခိုးဟုစွပ်စွဲဖမ်းဆီးသည့်သူများကို လက်တုန့်ပြန်မည့်ဆိုသည့် ကြေညာချက်များထုတ်ပြန်ခဲ့သည်။

မြေအောက်တော်လှန်ရေးအဖွဲ့များအနေဖြင့် သိသင့်သည့် လုံခြုံရေးဆိုင်ရာ မြေပြင်သတင်းအချက်အလက်များသည် သက်ဆိုင်ရာ Channel များမှတစ်ဆင့်ရောက်ရှိပြီးဖြစ်ရာ လူမှုကွန်ရက်၌ ဖြန့်ဝေခြင်းသည် မြေပြင်အခက်အခဲများဖြစ်ပေါ်စေသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“ယခုရက်ပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာများ၌ မဖော်ပြသင့်သောအကြောင်းအရာများဖော်ပြခြင်း ၊ မပြောပြထိုက်သည့်သတင်းအချက်အလက်များကို ဖော်ပြခြင်းများကို သတိကင်းမဲ့စွာ လုပ်ဆောင်နေကြသည်ကိုတွေ့ရှိရပါသည်။ထိုသို့လုပ်ဆောင်နေမှုများကြောင့် မြေပြင်၌ အသက်ပေးလုပ်ဆောင်နေကြသော ရဲဘော်များ၏ လုံခြုံရေးအားများစွာထိခိုက်မှုများရှိနေပါသည်”ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။