Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီဒေသပညာရေးကျောင်း(၁၂၀)ကျော်အတွက် “စစ်ရှောင်ပညာရေးအလှူပြည်သူတစ်ရပ်လုံးဝိုင်းဝန်ကူ” အစီအစဥ်စတင်

အလှူငွေများကို ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂ(KBETU) Page messenger မှတစ်ဆင့် K-Pay၊Wave-Pay၊NUG-Pay ၊ ထိုင်းဘဏ်အကောင့် တောင်း၍ ထည့်ဝင်လှူဒါန်းနိင်ကြောင်းဖော်ပြသည်။

("စစ်ရှောင်ပညာရေးအလှူပြည်သူတစ်ရပ်လုံးဝိုင်းဝန်ကူ" အစီအစဥ်​မှ ​ကျောင်းသား​ကျောင်းသူများ)
("စစ်ရှောင်ပညာရေးအလှူပြည်သူတစ်ရပ်လုံးဝိုင်းဝန်ကူ" အစီအစဥ်​မှ ​ကျောင်းသား​ကျောင်းသူများ)

ကရင်နီ(ကယား)ဒေသ ပညာရေးကျောင်း (၁၂၀)ကျော်အတွက် “စစ်ရှောင်ပညာရေးအလှူ ပြည်သူတစ်ရပ်လုံးဝိုင်းဝန်ကူ”အစီအစဥ် ယနေ့(စက်တက်ဘာ ၃) စတင်ပြီဖြစ်ကြောင်း ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂ(KBETU)က အသိပေးထုတ်ပြန် သည်။

အဆိုပါအစီအစဥ်ကို ယနေ့စက်တင်ဘာ ၃ ရက်မှ စက် တင်ဘာ ၁၆ ရက်အထိ (၁၉)ရက်တာ လှုပ်ရှားမှုမှ ကူညီပံ့ပိုးငွေကျန်းသိန်းသုံးရာ့ငါးဆယ်ကျော်(၃၅,၄၃၈,၀၀၀) ရရှိရန် မျှော်မှန်းထားသည်ဟုသိရသည်။

ကရင်နီ(ကယား)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်တွင် CDM ဆရာ၊ ဆရာမများ၊ Volunteers ဆရာ၊ ဆရာမများ နှင့် စစ်ရှောင်ပြည်သူများ၏ ပူးပေါင်းမူအားဖြင့် ကလေး သူငယ်များ၏ ပညာသင်ကြားခွင့် မဆုံးရူံးရစေရန် ကြား ကာလ ပြည်သူ့အ​ခြေပြု ကိုယ်ထူကိုယ်ထကျောင်း (၁၂၃)ကျောင်း ကျော်ဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ အကူအညီများလိုအပ်နေခြင်းကြောင်း ယခုအစီအစဥ်ကိုပြုလုပ်ခြင်းဖြစ်ကြောင်း အသိပေးသည်။

“တော်လှန်ရေးကြားကာလ ပြည်သူ့အ​ခြေပြုကျောင်းများ ကောင်မွန်စွာ လည်ပတ်နိင်ရေးအတွက် အခက်အခဲများစွာရှိနေပါသည်။ထိုလိုအပ်ချက်များကို ဖြည့်စည်းရန်အတွက် လိုအပ်သည် ပမာဏ ပြည့်မြောက်ရန် ပါဝင်လှူဒါန်းပေးကြဖို့ ဖိတ်ခေါ်အပ်ပါသည်”ဟု KBETU ကဖော်ပြသည်။

Public Service Announcement

Public Service Announcement

ရံပုံငွေမှရရှိငွေများကိုဒီမော့ဆိုမြို့နယ်အ​​ခြေခံပညာကျောင်းသားများသမဂ္ဂထံမှတစ်ဆင့် ဒီမော့ဆိုမြို့နယ်ရှိ ကြားကာလ ပြည်သူ့အ​ခြေပြု မြေပြင်ကျောင်းများသို့တိုက်ရိုက် စီးဆင်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

အလှူငွေများကို ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂ(KBETU) Page messenger မှတစ်ဆင့် K-Pay၊Wave-Pay၊NUG-Pay ၊ ထိုင်းဘဏ်အကောင့် တောင်း၍ ထည့်ဝင်လှူဒါန်းနိင်ကြောင်းဖော်ပြသည်။

အထက်ပါ လှုပ်ရှားမှုအစီအစဥ်ကို ဒီးမော့ဆိုမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂနှင့် ထားဝယ်၊ ဒဂုံတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ လူငယ်များသမဂ္ဂ (ဗဟို)၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)၊ နေပြည်တော်သူနာပြုသင်

တန်းကျောင်း၊ ရမည်းသင်းနည်းပညာတက္ကသိုလ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ပျဥ်းမနားမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ စသည့် ကျောင်းသားသမဂ္ဂများနှင့် Fundraising by YZT နှင့်ကယားပြည်နယ်လုံး ဆိုင်ရာ အခြေခံပညာဆရာများ သမဂ္ဂတို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။

သတင်း

မြန်မာကြက်ခြေနီ သည် စစ်တပ်၏ အရံတပ်ဖွဲ့ဖြစ်ကာ စစ်ကောင်စီကို ထောက်ပံ့ကူညီနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း KNUက အသိပေးသည်။

သတင်း

စစ်ရှောင်များကို ထွက်ခွာခွင့်မပေးမီ မတ်လ ၁၂ရက်တွင် စစ်ကောင်စီက ဝိုင်းမော်မြို့၊ အခြေစိုက် ခမရ (၃၂၁)ရှိ စစ်တပ်မိသားစုဝင်များအား ကားများဖြင့် အရင်ဆုံး ခေါ်ထုတ်သွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

သတင်း

မတ်လ ၇ရက်တွင် စစ်ကောင်စီက လေကြောင်းမှ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း PDF ရဲဘော် တစ်ဦးကျဆုံးခဲ့ရကြောင်း အမှတ် (၁)စစ်ဒေသရုံးက ထပ်မံအသိပေးသည်။