Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သံကြိုးမတုပ်ဘဲ သစ်တင်နေ၍ သစ်သယ်ယာဥ်များနောက်ကပ်မလိုက်ရန် မုံရွာ (ပကဖ) သတိပေး

မုံရွာမြို့ရှိ မြန်မာ့သစ်လုပ်ငန်းကိုလည်း တိုင်းပြည်သယံဇာတများ စည်းကမ်းမဲ့ ထုတ်ယူရောင်းချနေ၍ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့က ဖောက်ခွဲသတိပေးမှုများ ပြုလုပ်ခဲ့ဖူးသည်။

(သံကြိုးတုပ်၍ သယ်ဆောင်သွားသည့် သစ်တင်ယာဥ်တစ်စီးအား တွေ့ရစဥ်၊ ဓာတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(သံကြိုးတုပ်၍ သယ်ဆောင်သွားသည့် သစ်တင်ယာဥ်တစ်စီးအား တွေ့ရစဥ်၊ ဓာတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ဆားလင်းကြီးမြို့နယ်တို့တွင် သစ်များကို သံကြိုးမတုပ်ဘဲ ​သယ်ဆောင်နေ၍ သစ်တင်ယာဥ်ကြီးများနောက် လိုက်ပါမောင်းနှင်ခြင်းမပြုရန် မုံရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(စက်တင်ဘာ ၄ ရက်) သတိပေးသည်။

စစ်ကောင်စီနှင့် ပူးပေါင်းလျက်ရှိသော မြန်မာ့သစ်လုပ်ငန်း ချင်းတွင်းဖောင်ဖွဲ့ရေးမှ သစ်တိုက်ယာဥ်ကြီးများသည် ချင်းတွင်းမြစ်အနောက်ကမ်း ညောင်ပင်ကြီးသစ်ဆိပ်မှ အလုံဖက်ရှိ သစ်ကွင်း၊သစ်ဆိပ်၊သစ်စက်များသို့ သယ်ယူလျက်ရှိသည်။

ထိုသို့သယ်ယူရာတွင် စစ်ကောင်စီနှင့် ပူးပေါင်းလျက်ရှိသော ဝန်ထမ်းကားသမားအချို့သည် သစ်လုံးများကားပေါ်တင်ရာတွင် အန္တရာယ်ကင်းအောင် သံကြိုးများမတုပ်ဘဲ လမ်းမပေါ်၌ ဖြစ်သလိုမောင်းနှင်နေကြောင်း၊ ထိုကြောင့် ပြည်သူများအနေဖြင့် အဆိုပါသစ်ကားများနှင့် ကပ်မလိုက်ရန် သတိပေးကြောင်း မုံရွာ ပကဖ က သတိပေးသည်။

သစ်သယ်ယာဥ်များအား မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို မုံရွာ(ပကဖ) အဖွဲ့က အသိပေးထားခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

မုံရွာမြို့ရှိ မြန်မာ့သစ်လုပ်ငန်းကိုလည်း တိုင်းပြည်သယံဇာတများ စည်းကမ်းမဲ့ ထုတ်ယူရောင်းချနေ၍ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့က ဖောက်ခွဲသတိပေးမှုများ ပြုလုပ်ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။