Connect with us

Hi, what are you looking for?

သတင်း

သံကြိုးမတုပ်ဘဲ သစ်တင်နေ၍ သစ်သယ်ယာဥ်များနောက်ကပ်မလိုက်ရန် မုံရွာ (ပကဖ) သတိပေး

မုံရွာမြို့ရှိ မြန်မာ့သစ်လုပ်ငန်းကိုလည်း တိုင်းပြည်သယံဇာတများ စည်းကမ်းမဲ့ ထုတ်ယူရောင်းချနေ၍ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့က ဖောက်ခွဲသတိပေးမှုများ ပြုလုပ်ခဲ့ဖူးသည်။

(သံကြိုးတုပ်၍ သယ်ဆောင်သွားသည့် သစ်တင်ယာဥ်တစ်စီးအား တွေ့ရစဥ်၊ ဓာတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(သံကြိုးတုပ်၍ သယ်ဆောင်သွားသည့် သစ်တင်ယာဥ်တစ်စီးအား တွေ့ရစဥ်၊ ဓာတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ဆားလင်းကြီးမြို့နယ်တို့တွင် သစ်များကို သံကြိုးမတုပ်ဘဲ ​သယ်ဆောင်နေ၍ သစ်တင်ယာဥ်ကြီးများနောက် လိုက်ပါမောင်းနှင်ခြင်းမပြုရန် မုံရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(စက်တင်ဘာ ၄ ရက်) သတိပေးသည်။

စစ်ကောင်စီနှင့် ပူးပေါင်းလျက်ရှိသော မြန်မာ့သစ်လုပ်ငန်း ချင်းတွင်းဖောင်ဖွဲ့ရေးမှ သစ်တိုက်ယာဥ်ကြီးများသည် ချင်းတွင်းမြစ်အနောက်ကမ်း ညောင်ပင်ကြီးသစ်ဆိပ်မှ အလုံဖက်ရှိ သစ်ကွင်း၊သစ်ဆိပ်၊သစ်စက်များသို့ သယ်ယူလျက်ရှိသည်။

ထိုသို့သယ်ယူရာတွင် စစ်ကောင်စီနှင့် ပူးပေါင်းလျက်ရှိသော ဝန်ထမ်းကားသမားအချို့သည် သစ်လုံးများကားပေါ်တင်ရာတွင် အန္တရာယ်ကင်းအောင် သံကြိုးများမတုပ်ဘဲ လမ်းမပေါ်၌ ဖြစ်သလိုမောင်းနှင်နေကြောင်း၊ ထိုကြောင့် ပြည်သူများအနေဖြင့် အဆိုပါသစ်ကားများနှင့် ကပ်မလိုက်ရန် သတိပေးကြောင်း မုံရွာ ပကဖ က သတိပေးသည်။

သစ်သယ်ယာဥ်များအား မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို မုံရွာ(ပကဖ) အဖွဲ့က အသိပေးထားခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

မုံရွာမြို့ရှိ မြန်မာ့သစ်လုပ်ငန်းကိုလည်း တိုင်းပြည်သယံဇာတများ စည်းကမ်းမဲ့ ထုတ်ယူရောင်းချနေ၍ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့က ဖောက်ခွဲသတိပေးမှုများ ပြုလုပ်ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။