Connect with us

Hi, what are you looking for?

သတင်း

အကြောင်းမဲ့အလုပ်ထုတ်ခံရ၍ မြန်မာလုပ်သား ၂၀၀ကျော် ထိုင်းစက်ရုံပိုင်ရှင်အား တရားစွဲ

ထို့အပြင် စက်ရုံပိုင်ရှင်က နစ်နာကြေးပေးဆောင်ခြင်းမရှိဘဲ အလုပ်မှထုတ်ပယ်ခြင်းကြောင့် မြန်မာလုပ်သားများက တရားစွဲဆိုခြင်းဟု ကိုရဲမင်းက ပြောသည်။

အလုပ်ထုတ်ခံရသော မြန်မာလုပ်သားများအား AAC နှင့် ထိုင်းအာဏာပိုင်များက ‌တွေ့ဆုံစစ်ဆေးနေစဥ်၊ ဓာတ်ပုံ- Ye Min/FB
အလုပ်ထုတ်ခံရသော မြန်မာလုပ်သားများအား AAC နှင့် ထိုင်းအာဏာပိုင်များက ‌တွေ့ဆုံစစ်ဆေးနေစဥ်၊ ဓာတ်ပုံ- Ye Min/FB

ထိုင်းနိုင်ငံ၊ အုန်းရိုင်ရှိ Big C ကုန်တိုက်အနီး အထည်ချုပ်စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား ၂၀၀ကျော် အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခံရမှုကြောင့် နစ်နာကြေးပေးရန်ဆန္ဒပြတောင်းဆိုရာ ပြေလည်မှုမရှိ၍ ယင်းစက်ရုံပိုင်ရှင်ကို တရားစွဲဆိုထားကြောင်း အဆိုပါစက်ရုံလုပ်သားများအရေး ကူညီပေးနေသည့် ကိုရဲမင်း(AAC မဟာမိတ်)က ပြောသည်။

အဆိုပါ အထည်ချုပ်အလုပ်ရုံတွင် မြန်မာလုပ်သား ၂၀၃ဦး အလုပ်လုပ်ကိုင်နေပြီး နှစ်နိုင်ငံသဘောတူစာချုပ်(MoU)စနစ်ဖြင့် မြန်မာလုပ်သားများအား အစားထိုးခန့်မည်ဆိုကာ အလုပ်မှ ထုတ်ပယ်ခြင်း ဖြစ်ကြောင်း ကိုရဲမင်းက ပြောသည်။

ယင်းစက်ရုံတွင် လုပ်ကိုင်နေကြသော မြန်မာလုပ်သားများသည် ပန်းရောင်ကတ်ကိုင်ဆောင်ပြီး တရားဝင် အလုပ်လုပ်ကိုင်နေသူများဖြစ်ရာ လုပ်သက်ပြည့် ဝန်ထမ်းများလည်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် စက်ရုံပိုင်ရှင်က နစ်နာကြေးပေးဆောင်ခြင်းမရှိဘဲ အလုပ်မှထုတ်ပယ်ခြင်းကြောင့် မြန်မာလုပ်သားများက တရားစွဲဆိုခြင်းဟု ကိုရဲမင်းက ပြောသည်။

Public Service Announcement

Public Service Announcement

“အလုပ်ထုတ်ခံရသူတွေမှာ ပန်းရောင်ကတ်တင်ထားသူတွေပါတယ်။ အလုပ်ပြောင်းရွှေ့ဖို့အတွက် စာရွက်စာတန်းတွေ ကိစ္စတွေပါတယ်။ အဲဒီကိစ္စတွေကို ပထမတော့ ၂လအတွင်းပေးမယ်လို့ ပြောထားတာ။ အခုကြတော့ ထိုင်းအာဏာပိုင်တွေနဲ့အတူ ချိတ်ဆက်ကူပေးတဲ့အခါမှာ တစ်ပတ်အတွင်းကို စာရွက်စာတန်းတွေ ၊အလုပ်သမားတွေ အဆင်ပြေအောင်လုပ်ပေးမယ်။ ဒါပေမယ့် အလုပ်ပြုတ်သွားတဲ့သူတစ်ဦးကို တစ်လစာ ဘတ်တစ်သောင်းကျော်ပေးရမှာကို ဘတ်နှစ်ထောင်ပဲပေးတယ်။ အဲဒီလိုပေးလို့ အလုပ်သမားတွေက ကျေနပ်မှုမရှိဘူး။ အဲဒါကြောင့် တရားစွဲတာ”ဟု ၎င်းက ပြောသည်။

စက်တင်ဘာ၈ရက်တွင် အဆိုပါ စက်ရုံလုပ်သားများက စက်ရုံ‌ရှေ့၌ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

အလုပ်ထုတ်ခံရသည့် လုပ်သားများအရေး ထိုင်းအာဏာပိုင်များနှင့် ချိတ်ဆက်ကူညီပေးနေကြောင်းလည်း ကိုရဲမင်းက ပြောသည်။

ထိုင်းနိုင်ငံတွင် လုပ်သားလိုအပ်ချက်ဖြည့်တင်းရန်ဟုဆိုကာ နှစ်နိုင်ငံသဘောတူစာချုပ် (MoU)စနစ်ဖြင့် မြန်မာလုပ်သားများကို ယခုနှစ် မေလ ၁၀ရက်က စတင်လက်ခံခေါ်ယူခဲ့ပြီး ထောင်နှင့်ချီပေးပို့ စေလွှတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

သတ်မှတ် စံနှုန်းတွေနဲ့အညီ ထုတ်လုပ်ထားတာ မဟုတ်ဘဲ ကလေးတွေကို ကင်ဆာရောဂါနဲ့ တခြား ကျန်းမာရေး အန္တရာယ်တွေ ကြုံတွေ့စေနိုင်တဲ့ ပျော့ပျော့အိအိ ရာဘာ squishy အရုပ်ပေါင်း ၂၀၀၀၀ လောက်ကို ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းခဲ့ပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။