Connect with us

Hi, what are you looking for?

သတင်း

မြန်မာဒုက္ခသည်များကို မြေယာဝယ်ယူခွင့်ကို မီဇိုရမ်ပြည်နယ်အစိုးရတားမြစ်

အိန္ဒိယ​ရောက် ၊မြန်မာဒုက္ခသည်များတွင်ဈေးဆိုင်များဖွင့်လှစ်ခြင်းနှင့် နယ်စပ်တလျောက်တွင် မြေကွက်များဝယ်ယူရန် ကြိုးစားနေသည်ဟု သတင်းထွက်ပေါ်လာပြီးနောက် မီဇိုရမ်ပြည်နယ်အစိုးရက ယခုလို့ တားမြစ်လိုက်ခြင်းဖြစ်သည်။

(အိန္ဒိယနိုင်ငံ ၊မီဇိုရမ်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းတစ်ခုတွင် မြန်မာမိသားစုတစ်စုကို​တွေ့ရစဥ်။ ဓါတ်ပုံ- Tora Agarwala/Indianexpress)
(အိန္ဒိယနိုင်ငံ ၊မီဇိုရမ်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းတစ်ခုတွင် မြန်မာမိသားစုတစ်စုကို​တွေ့ရစဥ်။ ဓါတ်ပုံ- Tora Agarwala/Indianexpress)

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရ၏ ကြိုတင်ခွင့်ပြုချက်မရဘဲ မြေယာဝယ်ယူခြင်းနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းမပြုရန် မြန်မာဒုက္ခသည်များအားလုံးကို မီဇိုရမ်ပြည်နယ်အစိုးရက စက်တင်ဘာ ၁၇ ရက် က ညွှန်ကြားထားကြောင်း မြန်မာဒုက္ခသည်များကပြောသည်။

အိန္ဒိယ​ရောက် ၊မြန်မာဒုက္ခသည်များတွင်ဈေးဆိုင်များဖွင့်လှစ်ခြင်းနှင့် နယ်စပ်တလျောက်တွင် မြေကွက်များဝယ်ယူရန် ကြိုးစားနေသည်ဟု သတင်းထွက်ပေါ်လာပြီးနောက် မီဇိုရမ်ပြည်နယ်အစိုးရက ယခုလို့ တားမြစ်လိုက်ခြင်းဖြစ်သည်။

တရားဝင် မှတ်တမ်းတွေအရ မီဇိုရမ်ပြည်နယ်က ဒုက္ခသည် စခန်းပေါင်း ၁၅၀ ကျော်တွင် မြန်မာနိုင်ငံက ဒုက္ခသည် ၃၀,၀၀၀ ကျော် ခိုလှုံနေသည်။ ဒုက္ခသည် အများစုသည် ပြည်နယ် အစိုးရနှင့် ကျေးရွာ အာဏာပိုင်များ တည်ထောင်ထားသည့် ယာယီ စခန်းများတွင် နေထိုင်ကြခြင်းဖြစ်သည်။ တချို့မှာ ငှားရမ်းနေထိုင်ကြပြီး အချို့မှာ ဒေသခံဆွေမျိုးများထံတွင် နေထိုင်ကြသည်။

မီဇိုရမ်ပြည်နယ်အစိုးရသည် ထိုအမိန့်ကို တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်ရန် ဒေသဆိုင်ရာနှင့် ကျေးရွာအဆင့် ကော်မတီများအားလုံးကို ညွှန်ကြားထားပြီး ချိုးဖောက်မှုမှန်သမျှကို မြန်မာနိုင်ငံ ဒုက္ခသည်များဆိုင်ရာ ခရိုင်အလုပ်အဖွဲ့ ဥက္ကဋ္ဌထံ တိုင်ကြားရမည်ဟုထုတ်ပြန်ထား​သည်။

Public Service Announcement

Public Service Announcement

ပြည်နယ်အစိုးရက တားမြစ်ချက် ၄ ချက်ပါဝင်ပြီး ထိုထဲတွင် မြေယာဝယ်ယူခွင့်နှင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခွင့် ၊ ကုန်စည်တင်သွင်းရောင်းချခွင့်နှင့် ယာဉ်မောင်းခွင့်လိုင်စင်နှင့် မဲပေးခွင့်လက်မှတ်ရှောက်ထားခြင်းတို့ကို မီဇိုရမ်ပြည်နယ်အစိုးရက တားမြစ်ထားခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ်သည် အလုပ်အကိုင်ရှားပြီး ဒေသခံပြည်သူလူထုအများစုသည်အစိုးရဝန်ထမ်းနှင့်အစိုးထောက်ပံ့ကြေးကိုသာ အားကိုးနေရသည့် ပြည်နယ်တစ်ခုဖြစ်ခြင်းကြောင့် အိန္ဒိယအစိုးရက တားမြစ်ရခြင်းဖြစ်သည်ဟုသိရသည်။

(အိန္ဒိယနိုင်ငံ ၊မီဇိုရမ်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းတစ်ခုတွင် မြန်မာမိသားစုတစ်စုကို​တွေ့ရစဥ်။ ဓါတ်ပုံ- Tora Agarwala/Indianexpress)

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။