Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာဒုက္ခသည်များကို မြေယာဝယ်ယူခွင့်ကို မီဇိုရမ်ပြည်နယ်အစိုးရတားမြစ်

အိန္ဒိယ​ရောက် ၊မြန်မာဒုက္ခသည်များတွင်ဈေးဆိုင်များဖွင့်လှစ်ခြင်းနှင့် နယ်စပ်တလျောက်တွင် မြေကွက်များဝယ်ယူရန် ကြိုးစားနေသည်ဟု သတင်းထွက်ပေါ်လာပြီးနောက် မီဇိုရမ်ပြည်နယ်အစိုးရက ယခုလို့ တားမြစ်လိုက်ခြင်းဖြစ်သည်။

(အိန္ဒိယနိုင်ငံ ၊မီဇိုရမ်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းတစ်ခုတွင် မြန်မာမိသားစုတစ်စုကို​တွေ့ရစဥ်။ ဓါတ်ပုံ- Tora Agarwala/Indianexpress)
(အိန္ဒိယနိုင်ငံ ၊မီဇိုရမ်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းတစ်ခုတွင် မြန်မာမိသားစုတစ်စုကို​တွေ့ရစဥ်။ ဓါတ်ပုံ- Tora Agarwala/Indianexpress)

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရ၏ ကြိုတင်ခွင့်ပြုချက်မရဘဲ မြေယာဝယ်ယူခြင်းနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းမပြုရန် မြန်မာဒုက္ခသည်များအားလုံးကို မီဇိုရမ်ပြည်နယ်အစိုးရက စက်တင်ဘာ ၁၇ ရက် က ညွှန်ကြားထားကြောင်း မြန်မာဒုက္ခသည်များကပြောသည်။

အိန္ဒိယ​ရောက် ၊မြန်မာဒုက္ခသည်များတွင်ဈေးဆိုင်များဖွင့်လှစ်ခြင်းနှင့် နယ်စပ်တလျောက်တွင် မြေကွက်များဝယ်ယူရန် ကြိုးစားနေသည်ဟု သတင်းထွက်ပေါ်လာပြီးနောက် မီဇိုရမ်ပြည်နယ်အစိုးရက ယခုလို့ တားမြစ်လိုက်ခြင်းဖြစ်သည်။

တရားဝင် မှတ်တမ်းတွေအရ မီဇိုရမ်ပြည်နယ်က ဒုက္ခသည် စခန်းပေါင်း ၁၅၀ ကျော်တွင် မြန်မာနိုင်ငံက ဒုက္ခသည် ၃၀,၀၀၀ ကျော် ခိုလှုံနေသည်။ ဒုက္ခသည် အများစုသည် ပြည်နယ် အစိုးရနှင့် ကျေးရွာ အာဏာပိုင်များ တည်ထောင်ထားသည့် ယာယီ စခန်းများတွင် နေထိုင်ကြခြင်းဖြစ်သည်။ တချို့မှာ ငှားရမ်းနေထိုင်ကြပြီး အချို့မှာ ဒေသခံဆွေမျိုးများထံတွင် နေထိုင်ကြသည်။

မီဇိုရမ်ပြည်နယ်အစိုးရသည် ထိုအမိန့်ကို တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်ရန် ဒေသဆိုင်ရာနှင့် ကျေးရွာအဆင့် ကော်မတီများအားလုံးကို ညွှန်ကြားထားပြီး ချိုးဖောက်မှုမှန်သမျှကို မြန်မာနိုင်ငံ ဒုက္ခသည်များဆိုင်ရာ ခရိုင်အလုပ်အဖွဲ့ ဥက္ကဋ္ဌထံ တိုင်ကြားရမည်ဟုထုတ်ပြန်ထား​သည်။

Public Service Announcement

Public Service Announcement

ပြည်နယ်အစိုးရက တားမြစ်ချက် ၄ ချက်ပါဝင်ပြီး ထိုထဲတွင် မြေယာဝယ်ယူခွင့်နှင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခွင့် ၊ ကုန်စည်တင်သွင်းရောင်းချခွင့်နှင့် ယာဉ်မောင်းခွင့်လိုင်စင်နှင့် မဲပေးခွင့်လက်မှတ်ရှောက်ထားခြင်းတို့ကို မီဇိုရမ်ပြည်နယ်အစိုးရက တားမြစ်ထားခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ်သည် အလုပ်အကိုင်ရှားပြီး ဒေသခံပြည်သူလူထုအများစုသည်အစိုးရဝန်ထမ်းနှင့်အစိုးထောက်ပံ့ကြေးကိုသာ အားကိုးနေရသည့် ပြည်နယ်တစ်ခုဖြစ်ခြင်းကြောင့် အိန္ဒိယအစိုးရက တားမြစ်ရခြင်းဖြစ်သည်ဟုသိရသည်။

(အိန္ဒိယနိုင်ငံ ၊မီဇိုရမ်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းတစ်ခုတွင် မြန်မာမိသားစုတစ်စုကို​တွေ့ရစဥ်။ ဓါတ်ပုံ- Tora Agarwala/Indianexpress)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

သတင်း

တချို့နိုင်ငံခြားသားတွေကတော့ ကန့်သတ်ပိတ်ပင်ထားတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတာ မဟုတ်ပေမယ့် အလုပ်သမား စည်းမျဉ်းတွေကို မလိုက်နာလို့ အရေးယူ ခံရတာလို့လည်း ခါရွမ်က ပြောပါတယ်။

မေးမြန်းခန်း

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဗဟိုပြုနေတဲ့ ပထဝီဝင် နိုင်ငံရေး ရိုက်ခတ်မှုတွေ အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောကြားခဲ့ပါတယ်။

သတင်း

▪︎ နယ်စပ်ဖြတ်​ကျော်အကူအညီ​ပေးတာမှာထိုင်းက KNU နဲ့ နယ်စပ်​ဒေသမှာအကူအညီ​ပေး​နေတဲ့အဖွဲ့​တွေကိုမတိုင်ပင်ပဲ စစ်​ကောင်စီသြဇာခံ ကြက်​ခြေနီအသင်းနဲ့​ပူး​ပေါင်းလုပ်မယ့်အစီအစဥ်ဟာလုပ်နည်းလုပ်ဟန်မှား​နေတယ်လို့ KNU​ပြော