Connect with us

Hi, what are you looking for?

သတင်း

မြန်မာဘက်မှ အိန္ဒိယမီဇိုရမ်ပြည်နယ်ဘက်သို့ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး သယ်ယူရောင်းချခြင်းမပြုရန် CNO/CNDF သတိပေး

ထိုလုပ်ရပ်များအပေါ် CNO/CNDF အပါအဝင် ချင်းပြည်သူများသည် အလွန်အံ့အားသင့်သည့်အပြင် ယင်းလုပ် ဆောင်ချက်များကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။

(မီဇိုရမ် ပြည်နယ်တွင် မူးယစ်​ဆေးဝါးမှုဖြင့် ဖမ်းဆီးအ​ရေးယူခံရ​​သော မြန်မာနိုင်ငံသားအချို့)
(မီဇိုရမ် ပြည်နယ်တွင် မူးယစ်​ဆေးဝါးမှုဖြင့် ဖမ်းဆီးအ​ရေးယူခံရ​​သော မြန်မာနိုင်ငံသားအချို့)

●လိုက်နာမှုမရှိပါက ထိရောက်စွာအရေးယူမည်ဟုဆို

မြန်မာဘက်မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်သို့ နယ် စပ်ဖြတ်ကျော်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော​ဆေးဝါးများသယ်ယူရောင်းချခြင်းမပြုရန်ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)ကယနေ့(ဇူလိုင် ၂၀)သတိပေးထုတ်ပြန်သည်။

အသိပေးထုတ်ပြန်ချက်အား လိုက်နာခြင်းမရှိပါက CNO/CNDF မှ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြင်းထန်စွာ သတိပေးအပ်ပါသည်ဟု ဆိုသည်။

(မီဇိုရမ် ပြည်နယ်တွင် မူးယစ်​ဆေးဝါးမှုဖြင့် ဖမ်းဆီးအ​ရေးယူခံရ​​သော မြန်မာနိုင်ငံသားအချို့)
(မီဇိုရမ် ပြည်နယ်တွင် မူးယစ်​ဆေးဝါးမှုဖြင့် ဖမ်းဆီးအ​ရေးယူခံရ​​သော မြန်မာနိုင်ငံသားအချို့)

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို မြန်မာနိုင်ငံဘက်မှ သယ်ယူပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းသို့ ရောင်းချလုပ်ကိုင်နေသူ မြန်မာနိုင်ငံသား၊ ချင်းလူမျိုး အမြောက်အမြားကို ယခုရက်ပိုင်းတွင် မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူမှုများကို ဒေသထုတ်သတင်းများ၌ စက်ဆုပ်ဖွယ် တွေ့မြင်နေရသည်ဟု ဖော်ပြသည်။

(မီဇိုရမ် ပြည်နယ်တွင် မူးယစ်​ဆေးဝါးမှုဖြင့် ဖမ်းဆီးအ​ရေးယူခံရ​​သော မြန်မာနိုင်ငံသားအချို့)
(မီဇိုရမ် ပြည်နယ်တွင် မူးယစ်​ဆေးဝါးမှုဖြင့် ဖမ်းဆီးအ​ရေးယူခံရ​​သော မြန်မာနိုင်ငံသားအချို့)

နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ချင်းပြည်သူများ စစ်ဘေးရှောင်ရင်း ဝင်ရောက်ခိုလှုံနေကြသည့် အခြေအနေနှင့် မီဇိုရမ်ပြည်နယ်သူ/သားတို့၏ လူသားချင်းစားနာထောက် ထားမှုဖြင့် လက်ခံကြိုဆို နေရာပေးနေမှုအပေါ် အခွင့် ကောင်းယူပြီး ဝိသမလောဘသားများ၊ ကိုယ်ကျိုးရှာ၊ တနပ်စားယုတ်မာသူ တချို့သည် မီဇိုရမ်ပြည်နယ်ဘက်သို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို သယ်ယူရောင်းချခြင်းလုပ်ဆောင်နေကြသည်ကို တွေ့ရှိရသည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(မီဇိုရမ် ပြည်နယ်တွင် မူးယစ်​ဆေးဝါးမှုဖြင့် ဖမ်းဆီးအ​ရေးယူခံရ​​သော မြန်မာနိုင်ငံသားအချို့)
(မီဇိုရမ် ပြည်နယ်တွင် မူးယစ်​ဆေးဝါးမှုဖြင့် ဖမ်းဆီးအ​ရေးယူခံရ​​သော မြန်မာနိုင်ငံသားအချို့)

ထိုလုပ်ရပ်များအပေါ် CNO/CNDF အပါအဝင် ချင်းပြည်သူများသည် အလွန်အံ့အားသင့်သည့်အပြင် ယင်းလုပ် ဆောင်ချက်များကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။