Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာဘက်မှ အိန္ဒိယမီဇိုရမ်ပြည်နယ်ဘက်သို့ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး သယ်ယူရောင်းချခြင်းမပြုရန် CNO/CNDF သတိပေး

ထိုလုပ်ရပ်များအပေါ် CNO/CNDF အပါအဝင် ချင်းပြည်သူများသည် အလွန်အံ့အားသင့်သည့်အပြင် ယင်းလုပ် ဆောင်ချက်များကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။

(မီဇိုရမ် ပြည်နယ်တွင် မူးယစ်​ဆေးဝါးမှုဖြင့် ဖမ်းဆီးအ​ရေးယူခံရ​​သော မြန်မာနိုင်ငံသားအချို့)

●လိုက်နာမှုမရှိပါက ထိရောက်စွာအရေးယူမည်ဟုဆို

မြန်မာဘက်မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်သို့ နယ် စပ်ဖြတ်ကျော်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော​ဆေးဝါးများသယ်ယူရောင်းချခြင်းမပြုရန်ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)ကယနေ့(ဇူလိုင် ၂၀)သတိပေးထုတ်ပြန်သည်။

အသိပေးထုတ်ပြန်ချက်အား လိုက်နာခြင်းမရှိပါက CNO/CNDF မှ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြင်းထန်စွာ သတိပေးအပ်ပါသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

(မီဇိုရမ် ပြည်နယ်တွင် မူးယစ်​ဆေးဝါးမှုဖြင့် ဖမ်းဆီးအ​ရေးယူခံရ​​သော မြန်မာနိုင်ငံသားအချို့)
(မီဇိုရမ် ပြည်နယ်တွင် မူးယစ်​ဆေးဝါးမှုဖြင့် ဖမ်းဆီးအ​ရေးယူခံရ​​သော မြန်မာနိုင်ငံသားအချို့)

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို မြန်မာနိုင်ငံဘက်မှ သယ်ယူပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းသို့ ရောင်းချလုပ်ကိုင်နေသူ မြန်မာနိုင်ငံသား၊ ချင်းလူမျိုး အမြောက်အမြားကို ယခုရက်ပိုင်းတွင် မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူမှုများကို ဒေသထုတ်သတင်းများ၌ စက်ဆုပ်ဖွယ် တွေ့မြင်နေရသည်ဟု ဖော်ပြသည်။

(မီဇိုရမ် ပြည်နယ်တွင် မူးယစ်​ဆေးဝါးမှုဖြင့် ဖမ်းဆီးအ​ရေးယူခံရ​​သော မြန်မာနိုင်ငံသားအချို့)
(မီဇိုရမ် ပြည်နယ်တွင် မူးယစ်​ဆေးဝါးမှုဖြင့် ဖမ်းဆီးအ​ရေးယူခံရ​​သော မြန်မာနိုင်ငံသားအချို့)

နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ချင်းပြည်သူများ စစ်ဘေးရှောင်ရင်း ဝင်ရောက်ခိုလှုံနေကြသည့် အခြေအနေနှင့် မီဇိုရမ်ပြည်နယ်သူ/သားတို့၏ လူသားချင်းစားနာထောက် ထားမှုဖြင့် လက်ခံကြိုဆို နေရာပေးနေမှုအပေါ် အခွင့် ကောင်းယူပြီး ဝိသမလောဘသားများ၊ ကိုယ်ကျိုးရှာ၊ တနပ်စားယုတ်မာသူ တချို့သည် မီဇိုရမ်ပြည်နယ်ဘက်သို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို သယ်ယူရောင်းချခြင်းလုပ်ဆောင်နေကြသည်ကို တွေ့ရှိရသည်ဟု ထုတ်ပြန်သည်။