Connect with us

Hi, what are you looking for?

သတင်း

Black God ပြောက်ကျားတပ်ဖွဲ့၏ ထုတ်လုပ်ရေးစခန်းတစ်ခု မတော်တဆမှုဖြစ်

ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် Black God ပြောက်ကျားတပ်ဖွဲ့ Facebook စာမျက်နှာ https://www.facebook.com/profile.php?id=100083532304106 တွင် ရေးသားကာမေတ္တာရပ်ခံထားသည်။

-Black God ပြောက်ကျားတပ်ဖွဲ့ထုတ်လုပ်ခဲ့သော ပစ္စည်းများ မတော်တဆမှုကြောင့် ပျက်စီးခဲ့သည်ကို တွေ့ရစဥ် ၊ဓာတ်ပုံ-Black God ပြောက်ကျားတပ်ဖွဲ့
-Black God ပြောက်ကျားတပ်ဖွဲ့ထုတ်လုပ်ခဲ့သော ပစ္စည်းများ မတော်တဆမှုကြောင့် ပျက်စီးခဲ့သည်ကို တွေ့ရစဥ် ၊ဓာတ်ပုံ-Black God ပြောက်ကျားတပ်ဖွဲ့

▪️ရဲဘော်များထိခိုက်မှုမရှိဘဲ လက်နက်နှင့်ထုတ် လုပ်ရေးပစ္စည်းများဆုံးရှုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အခြေစိုက် Black God ပြောက်ကျားတပ်ဖွဲ့၏ ထုတ်လုပ်ရေးစခန်းတစ်ခု မတော်တဆမှုတစ်ခုဖြစ်ပွားပြီး ရဲဘော် များအထိအခိုက်မရှိသော်လည်း လက်နက်များအပါအဝင် ထုတ်လုပ်ထားသောပစ္စည်းများ မီးလောင်ပျက်စီးခဲ့ကြောင်း ၎င်းအဖွဲ့က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက BlackGod ပြောက်ကျားတပ်ဖွဲ့၏ လက်နက်ခဲယမ်းထုတ်လုပ်ရေး စခန်းတစ်ခုတွင် မတော်တဆဖြစ်ကာ ထုတ်လုပ်ရေးစခန်းအပါအဝင် ထုတ်လုပ်ထားသော လက်နက်ကြီးလက်နက်ငယ်များ၊ ကျည်များ၊ ယမ်းများ၊မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ၊ ထုတ်လုပ်ရေးကိရိယာများ မီးလောင်ပျက်စီးခဲ့ရပြီး ကာလတန်ဖိုး မြန်မာငွေ ကျပ်သိန်း ၆၀၀ခန့် တန်ဖိုးရှိ ပစ္စည်းများပျက်စီးဆုံးရှုံးခဲ့ရကြောင်း အဆိုပါအဖွဲ့က ပြောသည်။

-Black God ပြောက်ကျားတပ်ဖွဲ့ထုတ်လုပ်ခဲ့သော ပစ္စည်းများ မတော်တဆမှုကြောင့် ပျက်စီးခဲ့သည်ကို တွေ့ရစဥ် ၊ဓာတ်ပုံ-Black God ပြောက်ကျားတပ်ဖွဲ့
-Black God ပြောက်ကျားတပ်ဖွဲ့ထုတ်လုပ်ခဲ့သော ပစ္စည်းများ မတော်တဆမှုကြောင့် ပျက်စီးခဲ့သည်ကို တွေ့ရစဥ် ၊ဓာတ်ပုံ-Black God ပြောက်ကျားတပ်ဖွဲ့

ဖြစ်စဥ်နှင့်ပတ်သက်၍ Black God ပြောက်ကျား တပ်ဖွဲ့၏သတင်းနှင့်​ ပြန်ကြားရေးတာဝန်ခံ ကိုမိုးစက်က “လက်နက်ကြီး ကျည်တွေ မိုင်းတွေ လုပ်နေရင်းဖြစ်တာပါ။ လက်နက်ကြီး ကျည်ဆံလုပ်နေရင်း အစာထည့်ပြီး ပိတ်တဲ့အချိန်တူနဲ့ ထုပြီးပိတ်ရတာ။ အဲလို တူနဲ့ထုတဲ့အချိန်မှာ သံသံချင်းရိုက်တော့ မီးပွင့်သွားတာပေါ့။ မီးပွားက ခပ်လှမ်းလှမ်းကရှိတဲ့ ယမ်းချက်အိုးထဲ သွားကျတယ်။အဲဒီမှာ မီးစလောင်တော့ ရဲဘော်တွေက အကုန်လုံး ထွက်ပြေးတာ လွတ်သွားတယ်။ရဲဘော်တွေ အပြင်ရောက်တော့ အထဲက အကုန်လုံးပေါက်ကွဲကုန်တာ။”ဟု ရှင်းပြသည်။

BlackGod ပြောက်ကျားတပ်ဖွဲ့သည်အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ကာကွယ်ရေးဝန်ကြီးဌာန MODက ယင်းမာပင်ခရိုင် တပ်ရင်း (၁၁)၊ တပ်ခွဲ – ၃ အဖြစ် တရားဝင်အသိအမှတ်ပြုပေးထားသော NUG လက်အောက်ခံ PDF အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ (၄၀) မမ ၊ (၆၀)မမ ၊ (၈၀) မမ ၊ (၁၀၀) မမ ၊ (၁၂၀) မမများအပါအဝင် လက်နက်ကြီး လက်နက်ငယ်များကို ကိုယ်တိုင်တီထွင်ထုတ်လုပ်ပြီး စစ်ကောင်စီကို တွန်းလှန်တိုက် ထုတ်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော်လှန်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန် အခက်အခဲဖြစ်နေသောကြောင့် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် Black God ပြောက်ကျားတပ်ဖွဲ့ Facebook စာမျက်နှာ https://www.facebook.com/profile.php?id=100083532304106 တွင် ရေးသားကာမေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းကြောင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ရတဲ့ဖြစ်ရပ်ဟာ မတော်တဆဖြစ်တာလို့ DKBA အမှတ်(၁)ကွပ်ကဲရေး နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောတရီးထူးက ပြောပါတယ်။

သတင်း

နိုဝင်ဘာလ ၂၇ ရက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၅ ဦးထပ်မံသေဆုံးခဲ့ကြတာလို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

နိုင်ငံတကာ

လက်ရှိမှာတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန် အပါအဝင် အနောက်မဟာမိတ် နိုင်ငံတွေက အပြင်းအထန် ရှုတ်ချပြီး ဖြေရှင်းချက်ပေးဖို့ ဖိအားပေး တောင်းဆိုနေတယ်လို့လည်း သိရပါတယ်။

သတင်း

ထိုသို့ တိုက်ခိုက်နိုင်မှုများသည် PDFနှင့် မဟာမိတ် တော်လှန်ရေးအင်အားစုများ၏ စစ်ရေးစွမ်းရည် ပြည့်၀ လာရုံသာမက နောက်တန်းမှ ဘဏ္ဏာရေးပိုင်းကို ပံ့ပိုးပေးနေသည့် ပြည်တွင်း ပြည်ပက ထောက်ပို့ တပ်သားများ၏ အခန်းကဏ္ဍက အဓိက ကျသည်ဟု ပြောသည်။